Global

ကမ္ဘာတဝှမ်းမှာလွယ်ကူစွာသုံးစွဲနိုင်တော့မယ့် Facebook ရဲ့ Libra ငွေကြေးအကြောင်း

Read 2196 times
ကမ္ဘာတဝှမ်းမှာလွယ်ကူစွာသုံးစွဲနိုင်တော့မယ့် Facebook ရဲ့ Libra ငွေကြေးအကြောင်း

Libra ငွေကြေးဟာဆိုရင် ပိုက်ဆံကိုလက်ဝယ်ကိုင်ထားစရာမလိုပဲ မိုဘိုင်းဖုန်းရှိရုံနဲ့ ငွေကြေးသုံးစွဲမှုမျိုးစုံကို ကမ္ဘာတဝှမ်းမှာ အဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်စေမှာပါ။ နိုင်ငံတကာ အွန်လိုင်းငွေကြေးပေးချေမှုများလုပ်မယ်ဆိုရင်လည်း လက်ရှိပေးချေနေသလို နိုင်ငံတကာငွေအမျိုးအစားအလိုက် ပြောင်းလဲပေးချေစရာမလိုပဲ ဖုန်းထဲမှတဆင့် Libra ငွေကြေးနဲ့ပေးချေရုံပါပဲ။ Facebook ကတီထွင်လိုက်တဲ့ Libra ငွေကြေးကိုသုံးပြီး ငွေပေးချေမှုကို လုပ်မယ်ဆိုပေမယ့် Facebook ကခြေရာခံထားမှာမဟုတ်လို့ စိတ်ချလွတ်လပ်စွာသုံးစွဲနိုင်မှာလည်းဖြစ်ပါတယ်။

Read More>>> ဘီလီယံနာကြီးတွေလုပ်ခဲ့သော တူညီတဲ့အရာတစ်ခု

အခုချိန်မှာ ငွေလွှဲခတွေဈေးအရမ်းများနေတဲ့ အခက်အခဲကိုလည်း Libra က ဝန်ဆောင်ခအခမဲ့နီးပါးနဲ့ ငွေပို့ငွေလွှဲလုပ်နိုင်အောင် ကူညီပေးသွားမယ်လို့သိရပါတယ်။ Libra ကို Blockchain နည်းပညာအသုံးပြုမှာဖြစ်လို့ နည်းပညာပိုင်းယုံကြည်စိတ်ချနိုင်ပြီး Libra ငွေကြေးကိုစီစဉ်သွားမယ့် Calibra လုပ်ငန်းကို အကျိုးအမြတ်မယူတဲ့လုပ်ငန်း(NGO) အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Calibra လုပ်ငန်းအောက်မှာဆိုရင် Mastercard, Visa, eBay, Paypal, Stripe, Spotify, Uber, Lyft နဲ့ Vodafone တို့လို ဘဏ္ဍာရေး၊ ဆက်သွယ်ရေးနဲ့ နည်းပညာကုမ္ပဏီတွေလည်း ပါဝင်အားဖြည့်ကူညီသွားမှာပါ။

Libra ကို Facebook နဲ့အတူ Messenger နဲ့ Whatsapp တို့မှလည်း တပြိုင်နက်တည်းစတင်အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းအသီးသီး ငွေလွှဲငွေပို့နဲ့ အွန်လိုင်းဈေးဝယ်ငွေပေးချေမှုကအစ ကော်ဖီဆိုင်မှာ ငွေပေးချေတာလောက်ကအဆုံး ဖုန်းတစ်လုံးနဲ့အသုံးပြုသွားနိုင်မယ့် Libra ငွေကြေးက ဘဏ္ဍာရေးနဲ့ နည်းပညာပိုင်းမှာ တစ်ခေတ်ဆန်းစေတော့မှာ အသေအချာပါပဲ။

Myanmar Advertising Directory