Print Advertising

Gmail က စာအိတ်နီ လိုဂို စွန့်လွှတ်

Read 2549 times
Gmail က စာအိတ်နီ လိုဂို စွန့်လွှတ်

 

စာအိတ်ပုံ လိုဂို စွန့်လွှတ်ပြီ ဖြစ်ပါတယ်။ Google ရဲ့ အခရာကျတဲ့ အခြားထုတ်ကုန်များမှာ သုံးစွဲနေတဲ့ လိုဂိုတွေနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းကို ပြောင်းလဲသုံးစွဲလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်အက္ခရာ M ကို Google ရဲ့ ပင်တိုင်အရောင်စပ် ဖြစ်တဲ့ ပြာ၊ နီ၊ ဝါနဲ့ စိမ်း တို့ ခြယ်သပေးထားပါတယ်။ Google နဲ့ ဆင်ဆင်တူသွားအောင် အရောင်တွေ ထည့်ပေးလိုက်တာလို့ ဆိုပါတယ်။ Google Maps, Google Photos, Chrom အစရှိတဲ့ Google ထုတ်ကုန်တွေရဲ့ လိုဂိုတွေအတိုင်း Google ရဲ့ ပင်တိုင်အရောင်စပ်ကို သုံးစွဲပေးလိုက်တာ ဖြစ်ပါတယ်။ စာအိတ်နီလိုဂိုကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လိုဂိုအသစ်ကို အသေအချာကြည့်ရင် အနီရောင်ကို ဧရိယာအများဆုံး ပေးထားဆဲဖြစ်လို့ Gmail ပင်ကိုအရောင် ဖြစ်တဲ အနီရောင်ကိုတော့ ဆက်လက်ထိန်းသိမ်းထားဆဲ လို့ ဆိုနိုင်ပါတယ်။

Google ရဲ့ G Suite ကို အသွင်သစ်ဖြင့် ဖော်ဆောင်နေတာမှာ Gmail, Chat,နဲ့ Docs တို့ကို ဗဟိုချက်အဖြစ် ထားရှိပြီး Google Workspace အဖြစ် ပြန်လည်မွေးဖွားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Source:.theverge.com/