Media & Advertising

ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ ဝါရင်းဘက်ဖက် ကို ကျော်တက်လိုက်တဲ့ ဇူကာဘက်

Read 1792 times
ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ ဝါရင်းဘက်ဖက် ကို ကျော်တက်လိုက်တဲ့ ဇူကာဘက်

ဇူကာဘတ်ရဲ့ အထက်မှာတော့ Amazon CEO ဂျက်ဖ်ဘီဇော့စ် နဲ့ နံပတ်တစ်နေရာမှာတော့ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က ရပ်တည်နေပါတယ်။

Bloomberg ဘီလျံနာ ညွှန်းကိန်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀၀ ရဲ့ နေ့စဉ်အဆင့်သတ်မှတ်ချက်မှာ ဒီထိပ်တန်း သုံးနေရာဟာ စနေနေ့မှာလည်း မပြောင်းလဲပဲ ရှိနေပါတယ်။

ဇူကာဘတ်ဟာ လက်ရှိအချိန်မှာ ဘီလျံဒေါ်လာ ၈၁.၆ သန်း ပိုင်ဆိုင်ထားပြီး Berkshire Hathaway ရင်းနှီးမြှုပ်နှံမှု အုပ်စုရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဘက်ဖက် ထက် ဒေါ်လာ သန်း ၄၀၀ ကျော် ပိုများတယ်လို့ အဆင့်တွေက ဖော်ပြနေပါတယ်။

ဇူကာဘတ်ရဲ့ ကယ်လီဖိုးနီးယား အခြေစိုက် လူမှုကွန်ယက် စီးပွားရေးလုပ်ငန်းမှာ လစဉ်အသုံးပြုသူ နှစ်ဘီလျံကျော် ရှိနေပါတယ်။

လူ ၈၇ သန်းရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ချိုးဖောက်ခံခဲ့ရမှုကို ဆက်လက်စိစစ်နေပေမဲ့ ဒီကုမ္ပဏီရဲ့ စတော့ခ်က သူ့ရဲ့ ထိပ်တန်းသတ်မှတ်ချက်ဆီ ရောက်ရှိခဲ့တယ်လို့ ဈေးကွက်စောင့်ကြည့်ရေးက တင်ပြခဲ့ပါတယ်။

Recommended for you-နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFကထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ

Source; kumudra

ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။

 

Directory Book 1