Business Marketing

လုပ်ငန်းခွင်ထဲမှာ ထားရှိရမယ့်စိတ်နေစိတ်ထားများ

Read 1756 times
လုပ်ငန်းခွင်ထဲမှာ ထားရှိရမယ့်စိတ်နေစိတ်ထားများ

၁။ကိုယ်ဟာ အဖက်ဖက်ကပြည့်စုံကောင်းမွန်သူ မဟုတ်ဘူးဆိုတာ လက်ခံထားပါ။

အလုပ်စတင်လုပ်ချိန်မှာ သင်အမှားတွေ လုပ်မိလိမ့်မယ်။ အဲ့ဒါကပြဿနာ မဟုတ်ပါဘူး။ အရေးကြီးတာက ထိုအမှားတွေကို သင်ခန်းစာယူပြီး အမှန်ကိုပြုလုပ်ဖို့ပါ။

၂။ကိုယ့်အလုပ်ကို နှစ်ခါပြန်စစ်ဆေးပါ။

ကိုယ်တာဝန်ယူထားတဲ့ အလုပ်ကိုကြီးကြပ်သူထံ မတင်ပြခင်မှာ အမှားအယွင်းမရှိအောင် သေချာစစ်ဆေးပါ။ ဒီလိုပြန်စစ်ဆေးခြင်းဟာ စိတ်ပျက်စရာကောင်းတဲ့ အမှားတွေကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။

၃။ကိုယ်ရေးကိုယ်တာအရမခံစားပါနဲ့။

ကိုယ့်လုပ်ဖော်ကိုင်ဖက်က ဝေဖန်ထောက်ပြလာချိန်မှာ “သူငါ့ကိုကြည့်မရလို့” သို့မဟုတ် “ငါ့ကိုဒီအလုပ်နဲ့မတန်ဘူးလို့ ထင်နေတာပဲ” စတဲ့အတွေးမျိုးတွေ မတွေးပါနဲ့။ သင့်ကိုဝေဖန်ထောက်ပြခြင်းဟာ သင်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့လားဆိုတာ သေချာသိဖို့ကြိုးစားနေတာပါ။

၎။ဂရုတစိုက်နားထောင်ပါ။

ကိုယ့်ကိုဝေဖန်ထောက်ပြလာတဲ့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို လျစ်လျူရှူလိုက်ရင် နောက်ထပ် အလားတူ အမှားတွေထပ်မှားဖို့ အစပျိုးလိုက်တာနဲ့ အတူတူပါပဲ။ အမှားတွေကို မှတ်စုရေးပါ။အမှားတွေကို ဘယ်လိုပြုပြင်မလဲဆိုတာ တွေးတောသတိပေးနေပါ။

၅။အချိန်တိကျတတ်သူဖြစ်ပါစေ။

သင်ဟာဘ၀ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်မယ်ဆိုလျှင် သင့်ရဲ့အကျိုးရှိတဲ့အချိန်တွေကို မတိကျမှုကြောင့် မကုန်ဆုံးပါစေနဲ့။ သင့်ကိုသူတစ်ပါးက စောင့်ဆိုင်းနေရတာမျိုးမဖြစ်ပါစေနဲ့။

Credit; Original Writer