Local

မိမိထုတ်ကုန်တွေကို လာပေးထားတာနဲ့ ဝိုင်းရောင်းပေးမဲ့ System

Read 1567 times
မိမိထုတ်ကုန်တွေကို လာပေးထားတာနဲ့ ဝိုင်းရောင်းပေးမဲ့ System

Product Of Myanmar ပွဲလေးတွေ ပြုလုပ် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်တွင်းထုတ်ကုန်တွေ Market ထဲ ပိုမို ၀င်ရာက်နိုင်အောင်နဲ့ ၀န်ထမ်းမလောက်တဲ့ SME လုပ်ငန်းတွေအတွက် မိမိထုတ်ကုန်တွေကို လာပေးထားတာနဲ့ ၀ိုင်းရောင်းပေးဖို့ပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Cost Sharing အနေနဲ့ လုပ်တဲ့ ပွဲဖြစ်တာကြောင့် အားလုံးသက်သက်သာသာနဲ့ ပါဝင်နိုင်ပြီး လက်ရှိထက် အားလုံး ပိုမို တိုးတက်ကာ ရေရှည်တည်တံအောင်လို့ ဖြစ်ပါတယ်။

ဒီတစ်ခေါက် ပွဲလေးမှာ အားလုံး Uniform ဖြစ်သွားအောင် ပုံစံတူ Kioks လေးတွေနဲ့ လုပ်ပေးမှာ ဖြစ်ပြီး Center တွေလည်း ပိုပြီး လှပအောင်၊ လာရောက် ရောင်းချတဲ့ ပြည်တွင်းထုတ်ကုန်လေးတွေလဲ ပိုရောင်းကောင်းအောင် လုပ်ဆောင်ထားပါတယ်။

အပျော်ရွှင်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အဆင့် ( ၁၃၀ ) နေရာမှာ ရှိနေ

ပါဝင်လိုတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့…
၁။ မိမိ Kioks ရဲ့ အပြင်ဘက်မှာ ကိုယ်ပိုင် Vinly ထောင်ခြင်း
၂။ အထုတ်အပိုးတွေကို စည်းကမ်းမဲ့ ထားသိုခြင်း
၃။ Event အဝိုင်းတွင်းမှာ ထမင်းစားသောက်ခြင်း
၎။ Plastic အိတ်များဖြင့် ပေးခြင်းတို့ကို မပြုလုပ်မိအောင် သတိထားရမှာ ဖြစ်ပါတယ်။

ပွဲကျင်းပတဲ့ Organizers တွေက လုပ်ငန်းရှင် တစ်ဦးချင်းစီအတွက် Blackboard တစ်ခုစီ ငှားပေးသွားမှာ ဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေကို ဒီ Blackboard လေးပေါ်မှာ ရေးပြီး ကြော်ငြာလို့ ရပါတယ်။

ပါဝင်လိုတယ်ဆိုရင် ဒါမှမဟုတ် အသေးစိတ် ထပ်မံ သိရှိလိုတယ်ဆိုရင် ဖုန်းနံပါတ် 09972997107 နဲ့ အီးမေးလ် [email protected] တို့ကို ဆက်သွယ် မေးမြန်း စုံစမ်းလို့ ရပါတယ်။

Su Mon Oo

Myanmar Advertising Directory