Life Hacks

တန်ဖိုးထားရကောင်းမှန်းမသိသေးတဲ့ အောင်မြင်မှုများ!

Read 544 times
တန်ဖိုးထားရကောင်းမှန်းမသိသေးတဲ့ အောင်မြင်မှုများ!

 

ဘဝမှာ ကိုယ်ဘယ်လောက်တောင် အောင်မြင်မှုတွေရရှိခဲ့လဲဆိုတာကို သေချာပြန်ဆန်းစစ်ကြည့်ပါ...

သေချာစဉ်းစားကြည့်ရင် အများကြီးဂုဏ်ယူစရာတွေရှိပါတယ်…

ကိစ္စအကြီးကြီး တစ်ခုကို ဆောင်ရွက်ပြီး အောင်မြင်မှုရလာတာကိုမှ အောင်မြင်မှုတွေရရှိတယ်လို့ ဆိုနိုင်တာ မဟုတ်ပါဘူး...

ကိုယ်ရဲ့နေ့စဉ်လုပ်ဆောင်နေတဲ့အရာတွေထဲမှာ ကိုယ်မသိလိုက်ပဲ အောင်မြင်မှုတွေ လုပ်ခဲ့နိုင်တဲ့ကိစ္စတွေဆိုတာ အများကြီးပါ...

အရေးကြီးတာက ကိုယ်ဘေးနားမှာ ကိုယ်ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုပေးမဲ့ မိတ်ဆွေ အပေါင်းအသင်းတွေလိုအပ်ပါတယ်...

ကိုယ်ကိုတိုင်ကလဲ တခြားသူတွေရဲ့ အောင်မြင်မှုကို ချီးမွမ်းတတ်ရပါမယ်...

အနီးဆုံးကတော့ ကိုယ့်ရဲ့  မိသားစုဝင်တွေရဲ့ အောင်မြင်မှုတွေကို ချီးမွမ်းပါ.. အောင်ပွဲခံပေးပါ...

ဒီလို ချီးမွမ်းပေးခြင်းက သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ပိုမိုရရှိလာစေနိုင်ပါတယ်...

မိမိရဲ့ မိသားစုဝင်တွေထဲကမှ မိမိရဲ့ သားသမီးငယ်လေးတွေ ကို ငယ်စဉ်တည်းက ချီးမွမ်းစကားဆိုတတ်အောင်သင်ပေးသင့်ပါတယ်...

ဒီလိုအောင်မြင်မှုတွေကို အသိအမှတ်ပြုပေးတတ်ခြင်းက လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးမှုတွေ ပိုမို ရရှိလာစေနိုင်ပြီး အကောင်းမြင်စိတ်တွေ ပိုမိုတိုးပွားလာစေနိုင်ပါတယ်...

မိမိအောင်မြင်မှုတွေကို ဂုဏ်ယူလက်ခံနိုင်မဲ့ မိတ်ဆွေတွေများစွာလိုအပ်ပါတယ်…

မိတ်ဆွေစစ်တို့မည်သည် ကိုယ့်ရဲ့  လုပ်ဆောင်ချက်တွေအပေါ်ချီးကျူးစကားဆိုတတ်သူတွေပါ။

ကိုယ်ရဲ့ နောက်ထပ်တစ်ဆင့်တက်လှမ်းအောင်မြင်နိုင်မှုတွေကို မိတ်ဆွေစစ်တွေဆီကနေမှ ရှာဖွေနိုင်ပါတယ်..

ဒါကြောင့်မို့ မိမိအောင်မြင်မှုတွေအတွက် အသိအမှတ်ပြုချီးမွမ်းမဲ့ မိတ်ဆွေတွေများစွာလိုအပ်ပါတယ်…

စာဖတ်သူမိတ်ဆွေတွေမှာကော ချီးမွမ်းတတ်တဲ့ မိတ်ဆွေတွေရှိနေပြီလား...?

Recommended for you-ကြိုးစားနေမှုက သာသင့်ကို တန်ဖိုးရှိစေတာပါ

Credit; pyaykhaing