Digital Marketing

Google Ads မှာ ကြော်ငြာအေဂျင်စီတွေအသုံးပြုနေတဲ့ပုံစံများ

Read 2348 times
Google Ads မှာ ကြော်ငြာအေဂျင်စီတွေအသုံးပြုနေတဲ့ပုံစံများ

အဲ့တာမှလည်း ကိုယ့်လုပ်ငန်းကဘာလိုအပ်နေတာလဲ ဘယ်လိုaကြာ်ငြာရင်ထိရောက်မလဲ ဆိုတာသိရှိနိုင်မှာဖြစ်ပါတယ်။ သင် Google မှာကြော်ငြာမယ်ဆိုရင် သင့်ရဲ့ကြော်ငြာက သင်ရွေးချယ်ပြချင်တဲ့လူ၊ သင်ဖန်တီးလိုက်တဲ့ ကြော်ငြာပုံစံပေါ်မူတည်ပီး ဝက်ဆိုက်ဒ်ရဲ့နေရာမျိုးစုံမှာ ပြသပေးနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ Google မှာ ကြော်ငြာလို့ရတဲ့ပုံစံအချို့ပဲဖြစ်ပါတယ်။

(၁) ရှာဖွေမှုနဲ့ဆိုင်တဲ့ပုံစံ

တကယ်လို့သင်က Google Ads မှာ ရှာဖွေမှုနဲ့ဆိုင်တဲ့ကြော်ငြာပဲ ပြသမယ်ဆိုရင် အဲ့ကြော်ငြာက Google မှာရှိတဲ့ ဝက်ဆိုက်ဒ်တွေမှာသွားပြပေးမှာပါ။ ကြော်ငြာပြပေးတဲ့ပုံစံကတော့ လူတစ်ယောက်ကသင်ရွေးချယ်ထားတဲ့ စကားလုံး (သို့) စကားစုတစ်ခုခုနဲ့ Google Search box မှာ ရှာလိုက်တာနဲ့စာသားနဲ့ သင့်ရဲ့ကြော်ငြာတွေက ရှာဖွေမှုရလဒ်တွေမှာ သွားပြပေးတာဖြစ်ပါတယ်။ ဒီကြော်ငြာပုံစံကို ဘယ်လိုအခြေအနေမျိုးမှာ သုံးသင့်လဲဆိုတော့ ကိုယ့်ရဲ့ရောင်းတဲ့ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုကို ရှာနေတဲ့လူတွေကို အဓိကထားကြော်ငြာချင်တဲ့အခါသုံးပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆို အိမ်တွင်းမှုနဲ့ဆိုင်တဲ့ အသေးစားပြင်ဆင်မှုလုပ်ငန်းတစ်ခုက သူ့ရဲ့ဝင်ငွေကအဓိက ရေပိုက်ပြင်ဆင်မှုကရတာဆိုရင် ‘ရေပိုက်ပြင်တဲ့ဝန်ဆောင်မှု’ ပါတဲ့ကြော်ငြာစာသားနဲ့ပဲ ဒီလိုပုံစံကြော်ငြာမှာ ကြော်ငြာလိုက်တာနဲ့သူ့အတွက် အလားအလာတော်တော်ကောင်းတဲ့ customer တွေကိုရိလာမှာဖြစ်ပါတယ်။

(၂) ပြသမှုနဲ့ဆိုင်တဲ့ပုံစံ

သူလဲထို့နည်းတူပဲ ပြသမှုနဲ့ဆိုင်တဲ့ပုံစံကိုရွေးမယ်ဆိုရင် Google က သူနဲ့ဆိုင်တဲ့နေရာတွေမှာ သွားပြပေးတယ်။ ဒီပုံစံကြော်ငြာက သင့်ကြော်ငြာထဲမှာပါတဲ့စာသားနဲ့ ကိုက်ညီမှုရှိတဲ့ နေရာတွေမှာပြသပေးတယ်။ ကြော်ငြာလို့ရတဲ့ပုံစံတွေက စာသားနဲ့ဖြစ်ဖြစ်၊ ပုံနဲ့ဖြစ်ဖြစ်၊ ဗီဒီရိုနဲ့ဖြစ်ဖြစ် ဝက်ဆိုဒ်တွေနဲ့ YouTube နဲ့ မိုဘိုင်းဖုန်းတွေမှာ ပြလို့ရပါတယ်။ အဲ့တော့ဘယ်လိုလုပ်ငန်းတွေက သင့်တော်မလဲဆိုရင် သင်ကကျောက်မျက်ရတနာဆိုင် ဖွင့်ထားတယ်ဆိုပါတော့ ဆိုင်ကလက်ထက်လက်စွပ်တွေကို လူတွေပိုသိအောင်၊သတိထားမိအောင်လုပ်ချင်ရင် ဒီပြသမှုနဲ့ဆိုင်တဲ့ပုံစံနဲ့ကြော်ငြာ ပီး wedding နဲ့ပတ်သက်တဲ့ ဝက်ဆိုဒ်တွေမှာပြပီးကြော်ငြာလို့ရပါတယ်။

Read More>>>ဆန်းသစ်တဲ့ကြော်ငြာဒီဇိုင်းတစ်ခုရဖို့ ဘယ်လိုပုံဖော်မလဲ

(၃) ရှာဖွေမှုနဲ့ဆိုင်တာရော ကိုယ့်ကြော်ငြာပေါ်မှာပါတဲ့စာသားနဲ့ကိုက်ညီမှုရှိတဲ့ပုံစံ

ဒီပုံစံကြော်ငြာမယ်ဆိုရင်သေချာပါတယ် ကြော်ငြာစရိတ်ကလည်းနှစ်ခုစလုံးကိုမျှပီး သုံးပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအချိန်တွေမှာသုံးသင့်လဲဆိုရင် သင်ကကားဝက်ရှော့ လုပ်တယ်ဆိုပါတော့။ ဒီလုပ်ငန်းအသစ်ကို လူများများပိုသိပီး ဝန်ဆောင်မှုပေးချင်တယ်ဆိုရင် ဒီပုံစံနှစ်ခုလုံးနဲ့ကြော်ငြာသင့်ပါတယ်။ အဲ့တာမှ သင့်လုပ်ငန်းရှာဖွေနေတဲ့လူတွေဆီ များများရောက်အောင်ကြော်ငြာမယ်၊ သူတို့ကGoogle Search box မှာ car service ကိုရှာတာပဲဖြစ်ဖြစ် car နဲ့ဆိုင်တဲ့ ဝက်ဆိုဒ်တွေကို ကြည့်နေတာပဲဖြစ်ဖြစ် သင့်လုပ်ငန်းကိုတွေ့မှာဖြစ်ပါတယ်။

ဒီပုံစံတွေက Google Ads မှာ ကြော်ငြာအေဂျင်စီတွေအသုံးပြုနေတဲ့ပုံစံတွေပဲဖြစ်ပါတယ်။

Source; KanAung Media