Global

အလုပ်ကိုင်ရှာဖွေသူ ၃၀၀၀ကို လေ့ကျင့်သင်ကြားပေးမည့် Google နှင့်စင်ကာပူအစိုးရ

Read 1823 times
အလုပ်ကိုင်ရှာဖွေသူ ၃၀၀၀ကို လေ့ကျင့်သင်ကြားပေးမည့် Google နှင့်စင်ကာပူအစိုးရ

 

Skills Ignition SG အဖြစ် Covid-19 ကာလအတွင်း အလုပ်သမားစျေးကွက်မှာ အလုပ်ရှာဖွေသူများ၊ အလုပ်အကိုင်ရရှိမှု ရလဒ်များနှင့် စက်မှုလုပ်ငန်းအတွေ့အကြုံတွေကို မြှင့်တင်ပေးဖို့ Googleက ရည်ရွယ်ပါတယ်။

 

၎င်းအစီအစဉ်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (EDB)၊ Infocomm Media Development Authority (IMDA) နှင့် SkillsFuture Singapore (SSG)တို့က ဦးဆောင်ပြီး SGUnited Jobs and Skills Packageအတွက် ထောက်ပံ့ပေးကြမှာ ဖြစ်ပါတယ်။

 

Skills Ignition SG ရဲ့အဓိက လုပ်ဆောင်ချက်တွေကတော့

 

-ကိုးလကြာ သင်တန်းဖြစ်ပြီး လျှောက်ထားသူ ၆၀၀ကျော်အတွက် သင်တန်း အစီအစဉ်အရ သင်တန်းသားတွေက အလုပ်အကိုင်နှင့်အလုပ်အတွေ့အကြုံ ခြောက်လ မတိုင်မီ အွန်လိုင်းနဲ့အသက်မွေး၀မ်းကျောင်းသင်တန်းအတွက် သုံးလ အရင်တက်ရောက်ရမှာ ဖြစ်ပါတယ်။

 

-အောက်တိုဘာလမှ စပြီး Googleက စင်ကာပူမှာ အလုပ်နှင့်ပတ်သက်ပြီးရာထူး ၁၀၀ ရရှိနိုင်မှာဖြစ်ပြီး ကျန် ၅၀၀ကို Googleရဲ့ အဓိက partnerတွေက ထောက်ပံ့ကြမှာ ဖြစ်ပါတယ်။

 

-ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေးနှင့် cloudနည်းပညာတွေကို အလယ်အလတ်အသက်မွေး၀မ်းကျောင်းပညာရှင် ၂၄၀၀ အတွက် ခြောက်လကြာ သင်တန်း နှစ်ခုအဖြစ် စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ၎င်းသင်တန်းက လုပ်ငန်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်စေမှာ ဖြစ်ပြီး ICTကဏ္ဍရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ပိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

 

-လျှောက်ထားသူများထဲမှ အောင်မြင်သူတွေရဲ့ ကုမ္ပဏီတွေကို အကြောင်းကြားပြီး သင်တန်းတက်နေစဉ်အတွင်း လစဉ်လတိုင်း လစာရနေမှာ ဖြစ်ပါတယ်။အဆိုပါအစီအစဉ်ကို IMDA မှ TechSkills Accelerator (TeSA)ကုမ္ပဏီ ဦးဆောင်ပြီး ထောက်ပံ့မှာ ဖြစ်ပါတယ်။

 

" Covid-19ဟာ စင်္ကာပူနိုင်ငံအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘ၀နှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်းတွေ အပေါ်မှာ အကျိုးသက်ရောက်မှုရှိနေပါတယ်။ ဒီမသေချာ မရေရာတဲ့ အခြေအနေမျိုးမှာ ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့က အစိုးရရဲ့ ဦးစားပေး စီးပွားရေးပဲဖြစ်ပါတယ်။ Googleလို ကုမ္ပဏီတွေကလည်း ဒီအရေးပါတဲ့ အားထုတ်မှုမှာ ကျွန်တော်တို့ကို ပူးပေါင်းဖို့ တက်ကြွနေကြပြီ "

 

" ယနေ့ခေတ် ခက်ခဲကြမ်းတမ်းတဲ့အလုပ်သမားဈေးကွက်မှာ Googleနဲ့ ပူးပေါင်းထားတဲ့ EDB, IMDA နှင့် SSG တို့က ဘွဲ့ရ ၃၀၀၀ခန့်နှင့် အလယ်အလတ် အလုပ်အကိုင် ပညာရှင်တွေကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ ကျွမ်းကျင်မှု တိုးတက်လာစေရန်နှင့် အိုင်စီတီကဏ္ဍမှာ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စတင်လုပ်ကိုင်နိုင်ရန် အတွက် အထောက်အကူပြုပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတွေအတွက် အနာဂတ်ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ် "လို့ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေးဝန်ကြီး S Iswaranမှ ပြောကြားခဲ့ပါတယ်။

 

REF:The Drum