Global

ကုမ္ပဏီတွေအတွက် အဓိကထားထုတ်လုပ်လိုက်တဲ့ Google Currents

Read 2020 times
ကုမ္ပဏီတွေအတွက် အဓိကထားထုတ်လုပ်လိုက်တဲ့ Google Currents

ဒါကြောင့် ပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ Google+ ပိတ်သိမ်းမှုအစီအစဉ်ကို ၄ လအတွင်း ပိတ်သိမ်းဖို့ အစီအစဉ်ချမှတ်ခဲ့ပါတယ်။ Google ဟာ Google+ ကိုပိတ်သိမ်းလိုက်ပြီ ဖြစ်ပေမယ့် G Suite သုံးစွဲသူတွေအတွက် app အသစ်ဖြစ်တဲ့ Currents ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

Google Currents ဟာ အဖွဲ့အစည်းတစ်ခုအတွင်းက လူတွေကို ဆွေးနွေး၊ အပြန်အလှန်ဆက်ဆံနိုင်အောင် ပြုလုပ်ပေးနိုင်ပြီး ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ဖို့ အခွင့်အလမ်းကိုလည်း ခေါင်းဆောင်တွေ ရရှိကာ လူတိုင်းကို အပြန်အလှန်ကူညီနိုင်ပါတယ်။

Travel Blogger ကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာတဲ့ Kelly

Google Currents ကတော့ ကုမ္ပဏီတွေအတွက် အဓိကထားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Currents မှာ ဒီဇိုင်းသစ်အသုံးပြုထားသလို Google+ နဲ့ ဆင်တူတာတွေရှိပါတယ်။ သုံးစွဲသူက content ကိုမြန်ဆန်စွာ တင်နိုင်ပြီး tag လုပ်နိုင်ပါတယ်။

ကုမ္ပဏီက ထိပ်တန်း အကြီးအကဲတွေအနေနဲ့ ဝန်ထမ်းတွေ မြင်တွေ့နိုင်ဖို့ Currents stream ကို ဦးစားပေးဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။

Currents ကို beta အဆင့်အဖြစ် ဖြန့်ချိထားပါတယ်။ G Suite အသုံးပြုတဲ့ ကုမ္ပဏီတွေအနေနဲ့ ပရိုဂရမ်ကို စတင်အသုံးပြုနိုင်ပြီလို့ Google ကပြောကြားခဲ့ပါတယ်။

Google+ က post တွေကလည်း Currents ဆီအလိုအလျောက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ G Suite နဲ့ ချိတ်ဆက်နေတဲ့ Google+ post တွေပဲ Currents ကိုရောက်ရှိမှာ ဖြစ်ပါတယ်။

Source; စိုးထက်
Myanmar Advertising Directory