Global

Google ကုမ္ပဏီဝန်ဆောင်မှု ပြတ်တောက်

Read 1735 times
Google ကုမ္ပဏီဝန်ဆောင်မှု ပြတ်တောက်

ဝန်ဆောင်မှုသည် ဒီဇင်ဘာ ၁၄ ရက် ဗြိတိန်ဒေသစံတော်ချိန် မွန်းတည့်ချိန်တွင် စတင်ပြတ်တောက်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် ဂူဂဲလ်သို့ဝင်ရောက်ရာတွင်လည်း အသုံးပြု၍ မရခဲ့ကြောင်း သိရသည်။

 

တစ်ကမ္ဘာလုံးရှိ ဂူဂဲလ်ဝန်ဆောင်မှု အသုံးပြုသူများက Gmail ၊ Google Driver ၊ Google Playstore နှင့် Google Map စသည့် ဂူဂဲလ်နှင့် ဆက်စပ်ဝန်ဆောင်မှု အက်ပလီကေးရှင်းများအားလုံးမှာ အသုံးပြု၍ မရခဲ့ကြောင်း ဆိုသည်။

 

ယင်းသို့နည်းပညာအင်အားကြီး ဂူဂဲလ်၏ဝန်ဆောင်မှု ပြတ်တောက်ခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးရှိ စီးပွားရေးနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုပ်ငန်းကိစ္စရပ်များ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

 

သို့ရာတွင် ဂူဂဲလ်ကုမ္ပဏီဘက်က ၎င်းတို့ ဝန်ဆောင်မှုတွင် မည်သို့သော မှားယွင်းမှုမျှမဖြစ်ပေါ်ခဲ့ကြောင်း ငြင်းဆိုမှုပြုခဲ့သည်။

 

MDN

 

Mysnmar Advertising Directory