Media & Advertising

google shortening ၀န်ဆောင်မှုကို ရပ်ဆိုင်းတော့မယ့် Google

Read 1781 times
google shortening ၀န်ဆောင်မှုကို ရပ်ဆိုင်းတော့မယ့် Google

2018 ဧပြလ 13 ကစပြီး Google ရဲ့ goo.gl ၀န်ဆောင်မှုကနေ link တွေကို ဖန်တီးနိုင်တော့မှာ မဟုတ်ပေမယ့်

လက်ရှိသုံးစွဲသူတွေကတော့ ၀န်ဆောင်မှုကို အပြီးရပ်ဆိုင်းမယ့် 2019 ခုနှစ်၊ မတ်လ 30 ရက်အထိ အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့သိရပါတယ်။

ကုမ္ပဏီအနေနဲ့ goo.gl URL shortener ကို2009 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့နောက် လူတွေရဲ့ internet ပေါ်မှာ အချက်အလက်ဝေမျှတဲ့ပုံစံက

ပြောင်းလဲသွားခဲ့သလို URL shortener တွေရဲ့ နာမည်ကျော်ကြားမှုကလည်း မြင့်တက်လာခဲ့တယ်လို့ Firebase Software အင်ဂျင်နီယာ Michael Hermanto ကပြောကြားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ Google ရဲ့ Firebase Dynamic Links(FDL) တွေနဲ့ အစားထိုးသွားမယ့်ကြိုးပမ်းအားထုတ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

FDL ဟာ developer တွေက user တွေကို web page တစ်ခု ဒါမှမဟုတ် mobile app တစ်ခုအတွင်းက ဘယ်နေရာကိုမဆို redirect လုပ်ပေးနိုင်မဲ့ smart link ဖြစ်ပါတယ်။

လက်ရှိသုံးစွဲသူတွေအနေနဲ့ go.gl console ကနေ URL အတိုတွေဖန်တီးတာနဲ့ အချက်အလက်တွေ export လုပ်တာကို 2019 ခုနှစ် မတ်လ30 ရက်အထိပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

Read-ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို ပြသနိုင်တဲ့ကြော်ငြာ

Source; Internet