Events & Exhibitions

Graphic Design Contest မှာ အနိုင်ရရှိတဲ့ ပြိုင်ပွဲဝင်တွေကို မတ်လ (၃၀) မှာ ကြေညာသွားမယ်

Read 1818 times
Graphic Design Contest မှာ အနိုင်ရရှိတဲ့ ပြိုင်ပွဲဝင်တွေကို မတ်လ (၃၀) မှာ ကြေညာသွားမယ်

 မတ်လ (၁၅)ရက်နေ့ကနေ မတ်လ (၂၄)ရက်နေ့ ည ၁၂နာရီအထိ ကိုယ်ပိုင်ဖန်တီး ရေးဆွဲထားတဲ့ဒီဇိုင်းများကို အောက်က Link လေးမှာ ပေးပို့ရမှာဖြစ်ပါတယ်။ 

https://chatesat.com/contest

မတ်လ (၃၀)ရက်နေ့ မနက် ၁၀နာရီ နောက်ဆုံးထားပြီး ပေးပို့လာတဲ့ ဒီဇိုင်းများစွာကို အကဲဖြတ်ဒိုင်များမှ စိစစ်ရွေးချယ်ပြီး ပထမဆုကိုတော့ (၂ )သိန်းကျပ်အပြင် In-Kind support ရရှိမှာဖြစ်ပြီး ဒုတိယဆုကို (၁)သိန်း + In-Kind support နဲ့ တတိယဆုကို (၅) သောင်း + In-Kind support များကို ပေးအပ်ချီးမြှင့် သွားမှာဖြစ်ပါတယ်။

AYA Bank နဲ့ VISA တို့ ပူးပေါင်း ထုတ်ဝေလိုက်တဲ့ AYA VISA SAI SAI Card

Online Voting စနစ်ကိုပါ ထည့်သွင်းထားပြီးတော့ People Choice Award ကိုပါရွေးချယ်ပြီး ဆုလက်ဆောင်များစွာ ပေးအပ်သွားမှာဖြစ်ပါတယ်။ Online Voting ကိုတော့ မတ်လ(၂၅)ရက်နေ့မှစပြီး မိမိကြိုက်နှစ်သက်ရာ ဒီဇိုင်းများကို ရွေးချယ်ပြီး Chate Sat website ပေါ်မှာ Voting ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် ဒီဇိုင်းများပေးပို့ရာမှာ Image file Format (2048ppi x 2048ppi, saved as PNG, JPEG) ကိုသာပေးပို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းများ( Terms & Conditions ) များကို https://chatesat.com/contest တွင် အသေးစိတ်ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။


Source; Chate Sat Freelancing Platform

Myanmar Advertising Directory