Global

မိန္းကေလးတိုင္း မွာ အလွတရားရွိတယ္ဆိုတာ ကိုျမင္သာေအာင္ျပသလိုက္တဲ႔ Gucci ရဲ႕ Matte Lipstick ေၾကာ္ျငာ

Read 2321 times
မိန္းကေလးတိုင္း မွာ အလွတရားရွိတယ္ဆိုတာ ကိုျမင္သာေအာင္ျပသလိုက္တဲ႔ Gucci ရဲ႕ Matte Lipstick ေၾကာ္ျငာ


ဒီ Gucci ေၾကာ္ျငာမွာဆိုရင္ ပထမဦးဆုံးအေနနဲ႕ နွဳတ္ခမ္းနီဆိုးထားတဲ႕ အသက္အရြယ္ၾကီးၾကီး အမ်ိဴးသမီး တစ္ေယာက္ ဆိုဖာေပၚမွာဇိမ္ေျပနေျပေလးထိုင္ လက္ဖက္ရည္ေလးေသာက္ျပီး ရုပ္ရွင္ေလးၾကည္႔ေနေလတယ္။

ဒါကေတာ့လူတိုင္းအားလုံးနီးပါး ရုပ္ရွင္ၾကည္႔တဲ႔အခါမွာ လုပ္တတ္တဲ႕အက်င့္ေလးတစ္ခုျဖစ္ပါတယ္။
မုန္႔ေလးစားလိုက္ ကိုၾကိဳက္တဲ႕ ေသာက္စရာေလးေသာက္လိုက္နဲ႕ဘယ္ေလာက္ေတာင္ဇိမ္က်လိုက္တဲ႕ျဖစ္ျခင္း။
ျပီးေတာ့ အမ်ိဴးသမီးၾကီးၾကည့္ေနတဲ႕ရုပ္ရွင္က အျဖဴ အမဲ ရုပ္ရွင္။

အျဖဴအမဲ ရုပ္ရွင္ေတြကဘယ္ေလာက္ပဲ ေခတ္ေဟာင္းသြားေပမဲ႔ သူ႔ရဲ႕တန္ဖိုးကေတာ့ျမင့္တက္ေနတုန္းပါပဲ။
Gucci ရဲ႕ Matte Lipstick ေၾကာ္ျငာမွာသုံးသြားတဲ႕ Mtv က ေခတ္ေဟာင္းပုံစံေလးသုံးထားတယ္။
အေရာင္အမ်ိဴးမ်ိဴးသုံးထားေပမဲ႔ မ်က္စိေနာက္မသြားဘူး။Retro ဆန္ဆန္ ေလးျပခ်င္တာမို႕ လိေမၼာ္ အဝါ ေဖာက္ေလးေတြကို ခပ္မ်ားမ်ားအသံုးျပဳထားတယ္။

 

Johnny Depp ရဲ႕ သမီးျဖစ္သူ Lily Rose Depp ႏွင့္ ရိုက္ကူးထားတဲ့ CHANEL ရဲ႕ ေၾကာ္ျငာ CAMPAIGN

 

Gucci ရဲ႕ ေၾကာ္ျငာ Campaign ေတြတိုင္း Jared Leto နဲ႕ Lana Del Rey တို႕ ေၾကာ္ျငာထဲ က ေခတ္ေဟာင္းကို သြားတဲ့ ပံု အျမဲ ရိုက္ကူးတာေတြ႕ရတယ္။

တန္ဖိုးၾကီး Brand ေတြ အေတာ္မ်ားမ်ားက ၎ တို႕ ေၾကာ္ျငာေတြကို အရင္ေခတ္နဲ႕ ခ်ိတ္ဆက္ျပီးရိုက္ျပၾကတာမ်ားတယ္ဘာေၾကာင့္ဆို Brand ၾကိဳက္သူ ပရိသတ္ ေတြက အရင္ေခတ္ အျပင္ အဆင္ကို ျမတ္ႏိုးၾကတာမ်ားတယ္
အမ်ိဳးသမီးၾကီးမွ ထို ေၾကာ္ျငာ Campaign ရဲ႕ စကားစု ျဖစ္တဲ့ Matte have all the fun ဆိုကာ
ေျပာျပသြားခဲ့တယ္။

ေၾကာ္ျငာကအသံေတြကအရမ္းျပတ္သားၾကည္လင္တယ္။
တီးလုံးျမဴးျမဴးေလးသုံးထားေပမဲ႕ စကားေျပာသံကၾကည္လင္ေနတာကိုေတြ႔ရတယ္။

လူမည္းအမ်ိဳးသမီးတစ္ေယာက္နဲ႕အသက္အရြယ္ၾကီးၾကီး အမ်ိဴးသမီး တစ္ေယာက္တို႕ဟာ နွဳတ္ခမ္းနီ ကို ဆြဲ မက္စြာ ဆိုးျပီး ေၾကာ္ျငာ တယ္ဆိုကတည္းက Gucci ကေပးခ်င္တဲ့ Message က အလွအပ ဟာ အသက္အရြယ္ မေရြး အသား အေရာင္ မေရြးဘူး အမ်ိဳးသမီးတိုင္း သူ႕ အလွနဲ႕သူရွိတယ္ သူတို႕ရဲ႕ product ျဖစ္တဲ့ Matte နွုတ္ခမ္းနီကိုသာ အေထာက္အကူ အေနနဲ႕ သံုးလိုက္ရင္ ပိုလွ လာႏိုင္တယ္ဆိုတာ ေျပာခ်င္တဲ့ သေဘာပဲ။

အခု ေၾကာ္ျငာေလးဟာ ဒီဇင္ဘာလ ၃ ရက္ေန႔က ထြက္ရွိတာျဖစ္ျပီး တီထြင္ဖန္တီးတဲ့ ဒါရိုက္တာက Alessandro Michele ပါ။Gucci ရဲ Matte နွုတ္ခမ္းနီက အေရာင္ ၅၈ ေရာင္ရွိတယ္။ အမ်ိဳးသမီးတိုင္း အသားအေရာင္ အသက္အရြယ္မေရြး အသံုးျပဳ နိုင္ပါတယ္။

<<< Unicode >>>

အလှတရား ဆိုတာ အသက်အရွယ် ၊ အသားအရောင် အမျိုးမျိုးကို သက်ရောက်မှုရှိတယ်။
ဒီ Gucci ကြော်ငြာမှာဆိုရင် ပထမဦးဆုံးအနေနဲ့ နှုတ်ခမ်းနီဆိုးထားတဲ့ အသက်အရွယ်ကြီးကြီး အမျိူးသမီး တစ်ယောက် ဆိုဖာပေါ်မှာဇိမ်ပြေနပြေလေးထိုင် လက်ဖက်ရည်လေးသောက်ပြီး ရုပ်ရှင်လေးကြည့်နေလေတယ်။

ဒါကတော့လူတိုင်းအားလုံးနီးပါး ရုပ်ရှင်ကြည့်တဲ့အခါမှာ လုပ်တတ်တဲ့အကျင့်လေးတစ်ခုဖြစ်ပါတယ်။
မုန့်လေးစားလိုက် ကိုကြိုက်တဲ့ သောက်စရာလေးသောက်လိုက်နဲ့ဘယ်လောက်တောင်ဇိမ်ကျလိုက်တဲ့ဖြစ်ခြင်း။
ပြီးတော့ အမျိူးသမီးကြီးကြည့်နေတဲ့ရုပ်ရှင်က အဖြူ အမဲ ရုပ်ရှင်။

အဖြူအမဲ ရုပ်ရှင်တွေကဘယ်လောက်ပဲ ခေတ်ဟောင်းသွားပေမဲ့ သူ့ရဲ့တန်ဖိုးကတော့မြင့်တက်နေတုန်းပါပဲ။
Gucci ရဲ့ Matte Lipstick ကြော်ငြာမှာသုံးသွားတဲ့ Mtv က ခေတ်ဟောင်းပုံစံလေးသုံးထားတယ်။
အရောင်အမျိူးမျိူးသုံးထားပေမဲ့ မျက်စိနောက်မသွားဘူး။Retro ဆန်ဆန် လေးပြချင်တာမို့ လိမ္မော် အဝါ ဖောက်လေးတွေကို ခပ်များများအသုံးပြုထားတယ်။

Gucci ရဲ့ ကြော်ငြာ Campaign တွေတိုင်း Jared Leto နဲ့ Lana Del Rey တို့ ကြော်ငြာထဲ က ခေတ်ဟောင်းကို သွားတဲ့ ပုံ အမြဲ ရိုက်ကူးတာတွေ့ရတယ်။

 

Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp နှင့် ရိုက်ကူးထားတဲ့ CHANEL ရဲ့ ကြော်ငြာ CAMPAIGN

 

တန်ဖိုးကြီး Brand တွေ အတော်များများက ၎င်း တို့ ကြော်ငြာတွေကို အရင်ခေတ်နဲ့ ချိတ်ဆက်ပြီးရိုက်ပြကြတာများတယ်ဘာကြောင့်ဆို Brand ကြိုက်သူ ပရိသတ် တွေက အရင်ခေတ် အပြင် အဆင်ကို မြတ်နိုးကြတာများတယ်
အမျိုးသမီးကြီးမှ ထို ကြော်ငြာ Campaign ရဲ့ စကားစု ဖြစ်တဲ့ Matte have all the fun ဆိုကာ ပြောပြသွားခဲ့တယ်။

ကြော်ငြာကအသံတွေကအရမ်းပြတ်သားကြည်လင်တယ်။
တီးလုံးမြူးမြူးလေးသုံးထားပေမဲ့ စကားပြောသံကကြည်လင်နေတာကိုတွေ့ရတယ်။

လူမည်းအမျိုးသမီးတစ်ယောက်နဲ့အသက်အရွယ်ကြီးကြီး အမျိူးသမီး တစ်ယောက်တို့ဟာ နှုတ်ခမ်းနီ ကို ဆွဲ မက်စွာ ဆိုးပြီး ကြော်ငြာ တယ်ဆိုကတည်းက Gucci ကပေးချင်တဲ့ Message က အလှအပ ဟာ အသက်အရွယ် မရွေး အသား အရောင် မရွေးဘူး အမျိုးသမီးတိုင်း သူ့ အလှနဲ့သူရှိတယ် သူတို့ရဲ့ product ဖြစ်တဲ့ Matte နှုတ်ခမ်းနီကိုသာ အထောက်အကူ အနေနဲ့ သုံးလိုက်ရင် ပိုလှ လာနိုင်တယ်ဆိုတာ ပြောချင်တဲ့ သဘောပဲ။

အခု ကြော်ငြာလေးဟာ ဒီဇင်ဘာလ ၃ ရက်နေ့က ထွက်ရှိတာဖြစ်ပြီး တီထွင်ဖန်တီးတဲ့ ဒါရိုက်တာက Alessandro Michele ပါ။Gucci ရဲ Matte နှုတ်ခမ်းနီက အရောင် ၅၈ ရောင်ရှိတယ်။ အမျိုးသမီးတိုင်း အသားအရောင် အသက်အရွယ်မရွေး အသုံးပြု နိုင်ပါတယ်။

Myanmar Advertising Directory