Tips

အခက်အခဲတိုင်းရဲ့ နောက်မှာ အခွင့်အလမ်း ဆိုတာရှိတယ်!

Read 1480 times
အခက်အခဲတိုင်းရဲ့ နောက်မှာ အခွင့်အလမ်း ဆိုတာရှိတယ်!

သူက ကျောက်တုံးကို မြင်ရတဲ့ နေရာလောက်က ပုန်းပြီး စောင့်ကြည့်နေတယ်။

လမ်းမမှာ ပိတ်နေတဲ့ ဒီကျောက်တုံးကို ဘယ်လိုလူကများ ဖယ်မလဲလို့ စောင့်ကြည့်နေတာလေ။

မနက်လင်းလာတဲ့တဲ့ အချိန်မှာ သူတို့ တိုင်းပြည်ရဲ့  အချမ်းသာ ဆုံး ကုန်သည် ကြီးတွေဟာ မြို့ထဲက ကုန်ရောင်း ကုန်ဝယ်လုပ်ဖို့ ထွက်လာကြတယ်။

ကျောက်တုံးကြီး လမ်းမှာ ပိတ်နေတာ မြင်တော့ ဖယ်ဖို့ မလုပ်ပဲ ဘယ်လိုကောင်က ဒါကို လမ်းပေါ်ရောက်အောင် လုပ်ထားတာလဲ။

ငါတို့ ဘုရင်ကလည်း အခွန်တွေသာ ယူထားတာ ဒါကို ဖယ်ဖို့ မလုပ်ဘူး ဆိုပြီး ဝေဖန် ပစ်တင်ကြတယ်တဲ့။

ပြီးတော့ ကျောက်တုံးကို ဖယ်ဖို့ မလုပ်ပဲ လာလမ်းအတိုင်း ပြန်သွားကြတယ်။

ခဏနေတော့ လယ်သမား တစ်ယောက်ဟာ ဟင်းသီးဟင်းရွက် လှည်းကြီးနဲ့ အဲဒီနားကို ရောက်လာပါတယ်.။

သူဟာ ခဏစဉ်းစားလိုက်ပြီး ကျောက်တုံးကြီးကို အားစိုက်တွန်းဖယ်ပါတယ်တဲ့။

သူဘယ်လို ကြိုးစား ကြိုးစား ကျောက်တုံးက တုတ်တုတ် တောင် မလှုပ်ပါဘူးတဲ့။

ဒါပေမယ့် သူက အားမလျော့ပဲ နည်းမျိုးစုံ သုံးပီး ကျောက်တုံးကို လမ်းပေါ်က ဖယ်ထုတ်ပါတယ်တဲ့။

အဲလိုနဲ့ နာရီ အတော်ကြာ ကြိုးစားပြီးတဲ့ အချိန်မှာတော့ ကျောက်တုံးဟာ လမ်းဘေးကို လိမ့်ကျသွားပါတယ်တဲ့။

သူလည်း မောမောနဲ့ ခြေပစ် လက်ပစ် ထိုင်ချလိုက်တဲ့ အချိန်မှာ ကျောက်တုံးရှိခဲ့တဲ့နေရာအောက်မှာ အိတ်တစ်လုံး တွေ့ပါတယ်။

အဲဒီ အိတ်ကို ဖွင့်လိုက်တဲ့ အချိန်မှာ အိတ်ထဲမှာ စာတစ်စောင်နဲ့ ရွှေဒဂါးတွေ များစွာတွေ့ရပါတယ်။

စာထဲမှာက ... ဒီ ရွှေဒဂါးတွေဟာ ကျောက်တုံး ဖယ်တဲ့သူ အတွက်ပါတဲ့.. အောက်မှာ ဘုရင်ကြီးရဲ့  တံဆိပ်တုန်းလည်း ထုထားပါတယ်။

ဒီပုံပြင်လေးရဲ့  မူရင်း စာရေးသူက ဒီစာသားလေးနဲ့ အဆုံးသတ်ထားပါတယ်။

Every obstacle presents an opportunity တဲ့။

အခက်အခဲ အတားအဆီး တိုင်းမှာ အခွင့်အလမ်းတွေ ရှိနေပါတယ်တဲ့။

အခက်အခဲ ကြုံရင် မကြောက်ပါနဲ့ ရဲရဲ ရင်ဆိုင်လိုက်ပါတဲ့။

အဲဒီ အခက်အခဲ ရဲ့နောက်မှာ အခွင့်အလမ်းတွေကလည်း ကိုယ့်ကိုကြိုဆိုဖို့ စောင့်နေပါတယ်တဲ့။

Recommended for you-တန်ဖိုးထားရကောင်းမှန်းမသိသေးတဲ့ အောင်မြင်မှုများ!

Ref: The obstacle in our path

Credit; Original Writer