Media & Advertising

တစ်နှစ်ကို လစာငွေ ၁ ဒေါ်လာပဲ ယူတဲ့ google ကိုပူးတွဲ တည်ထောင်သူ

Read 1166 times
တစ်နှစ်ကို လစာငွေ ၁ ဒေါ်လာပဲ ယူတဲ့ google ကိုပူးတွဲ တည်ထောင်သူ

မိခင်ကုမ္ပဏီ Alphabet Inc. ကို ဦးဆောင်နေသူ တစ်ဦးအတွက် အတော့်ကို အံ့အားသင့်စရာ ကိစ္စလည်း ဖြစ်ပါတယ်။ သူဟာ Google ကိုပူးတွဲ တည်ထောင်သူဆိုလည်း ဟုတ်ပါတယ်။

Larry Page ရဲ့ အဆိုပါ တစ်နှစ်ကို လစာအဖြစ် ၁ ဒေါ်လာမျှသာ ယူနေတဲ့အချိန်မှာ ယင်းကုမ္ပဏီရဲ့ သာမန် ၀န်ထမ်းတစ်ဦးရဲ့ တစ်နှစ်ကို ပျမ်းမျှယူနေတဲ့ လစာနှုန်းထားကတော့ ဒေါ်လာ ၁၉၇,၂၇၄ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီအတွက်လည်း ဒါဟာ ယင်း Alphabet အတွက်ကတော့ စီအီးအိုနဲ့ သာမန်အလုပ်သမားတစ်ဦးအကြား လစာငွေ ကွာဟမှု အချိုးအစားက အဆပေါင်း များစွာ လျော့နည်း ကွာဟနေတာဖြစ်ပါတယ်။

ယနေ့ကာလမှာ အကြီးဆုံးသော Search Engine operator ပူးတွဲတည်ထောင်သူဖြစ်တဲ့ Larry Page ကတော့
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက ခုလိုမျိုး တစ်နှစ်ကို လစာ ၁ ဒေါ်လာပဲ ယူနေတာဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒ နဲ့ပဲ ယူနေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ အခြားသော အကျိုးအမြတ်ငွေကြေး ခံစားခွင့်တွေ၊ လုံခြုံရေးလိုမျိုး ခံစားခွင့် တွေကိုပါ ရယူနေသူလည်း မဟုတ်ပါဘူး။ သူ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၅၁ ဘီလီယံ ဆိုတာကတော့ အဆိုပါ Silicon Valley လုပ်ငန်းကြီးမှာ သူရှယ်ယာပါဝင်ထားမှုကနေ ရရှိထားနေတာ ဖြစ်ပါတယ်။

Read-ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆိုတာ

Source; Strategy Fist Journal