Events & Exhibitions


Read 6396 times

 


 


 


 


 


 


 



U Aung Ko Ko Thet

U Kaung Myat Htut

U Kaung Myat Aung

U Linn Htet Win



 

နေ့ရက် ။ ။ ၂၃ . ၂ . ၂၀၂၀ ။

အချိန်   ။ ။ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီထိ ။

လိပ်စာ  ။ ။ iCentral Yangon by the Start Society ၊ 81 ကမ္ဘာအေးဘုရားလမ်း (ပုလဲကွန်ဒို, Block-D, ဟာမစ်တစ်မှတ်တိုင်အနီး) ၊ ရန်ကုန်။ ၂၈ ၊ ၃၆ ၊ ၈၇ ၊ လေဆိပ်ကားများ စီးနိုင်ပါသည်။

 

>>> Unicode <<<

မိမိလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံသူကို ဘယ်လိုရှာဖွေမလဲ ( Health Industry Digital Transformation Workshop )

 

ဆေးခန်း ၊ ဆေးဆိုင်များ ၊ ဆေး နဲ့ ကျန်းမာရေးဆက်စပ် ပစ္စည်းများကို ထုတ်လုပ်လုပ်ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းများနဲ့ အခြား ကျန်းမာရေးနှင့် သက်ဆိုင်တဲ့လုပ်ငန်းများကိုလုပ်ကိုင်ကြသူများအတွက် သတင်းကောင်းလေ တစ်ခုလာပြီးနော်....။

 

ဆေးခန်း နဲ့ ဆေးဆိုင် လုပ်ငန်းတွေကို စတင်လုပ်ကိုင်တဲ့ အခါမှာ ရင်းနှီးငွေတွေ လိုအပ်လေ့ရှိသလို လုပ်ငန်းလည်ပတ်နေတဲ့ အချိန်မှာလည်း လှည့်သုံးရတဲ့ ငွေကြေးလိုအပ်ချက်တွေလည်း ရှိပါတယ်။ ဒါ့အပြင် မိမိလုပ်ငန်းတိုးချဲ့ဖို့အတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေတဲ့အခါမျိုးလည်း ကြုံရတတ်ပါတယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် မိမိလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံသူ (Investor) ကို လိုအပ်ပါတယ်။

 

Investor တွေရဲ့ ယုံကြည်မှုကို ရရှိနိုင်ဖို့အတွက် မိမိ လုပ်ငန်းနဲ့ ပတ်သက်ပြီး အသုံးပြုနေတဲ့ သမားရိုးကျ နည်းလမ်းတွေဖြစ်တဲ့ စာရွက် ၊ ဘောပင် ၊ ဘောင်ချာ တွေကို အသုံးပြုနေကောင်း သုံးမိနေပါလိမ့်မယ်။ မိမိ အနေဖြင့် Investor တွေရဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာရရှိနိုင်ဖို့အတွက် မိမိရဲ့ လုပ်ငန်းကို လုပ်ကိုင်နေပုံ ၊ ကုန်ကျစရိတ် ၊ ဈေးကွက်အခြေနေ ၊ ဝင်ငွေတွေနဲ့ အသုံးစရိတ်တွေကို စနစ်တကျ နဲ့ မှန်မှန် စုစည်းတင်ပြနိုင်ဖို့ လိုအပ်ပါတယ်။ 

 

ဒါကြောင့် မိမိလုပ်ငန်းမှာ သမားရိုးကျနည်းလမ်းတွေနဲ့ Investorရဲ့ ယုံကြည်မှုကို ရရှိနိုင်မလားဆိုတာက စိတ်ဝင်စားစရာကောင်းနေပါလိမ့်မယ်။  မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး လုပ်ငန်းလည်ပတ်ပုံတွေကို Digital အသွင်ပြောင်းပြီး Investor စိတ်ဝင်စားမှု ဖြစ်ပေါ်လာအောင် လုပ်လိုက်မယ်ဆိုရင်.............

 

သေချာပါတယ် သင့်လုပ်ငန်းအတွက် ကောင်းမွန်းပြီး အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူ (Potential Investor) တစ်ဦးကို သင်ပိုင်ဆိုင်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး Digital အသွင်ပြောင်းလဲဖို့ ဘာတွေလိုအပ်မလဲ ၊ ဘာတွေကို လုပ်ရမလဲ ဆိုတာကို ဖေဖော်ဝါရီ ၊ ၂၃ ရက်နေ့မှာ အောက်ပါဖော်ပြပါ လုပ်ငန်းပညာရှင်များက ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

 

ဦးဆောင်ဆွေးနွေးမည့်သူများ-

Mr Pete Cooper (Opening Speech)

U Aung Ko Ko Thet

U Kaung Myat Htut

U Kaung Myat Aung

U Linn Htet Win

တတ်ရောက်လိုသူများအနေဖြင့် နာမည်စာရင်း ပေးသွင်းရန် >>>>Register FOC<<<<

အဆိုပါ ဆွေးနွေးပွဲကို မည်သူမဆိုတတ်ရောက်နိုင်မှာ ဖြစ်ပါတယ်။