How To

Audience တွေကို ရေရှည်ထိန်းထားနိုင်ဖို့ Content ဘယ်လိုရေးမလဲ

Read 4359 times
Audience တွေကို ရေရှည်ထိန်းထားနိုင်ဖို့ Content ဘယ်လိုရေးမလဲ

Content writing နဲ့ Copywriting နှစ်ခုဟာရေးသားတဲ့ ရည်ရွယ်ချက်အပေါ်မူတည်ပြီး များစွာခြားနားပါတယ်။ Copywriting ဆိုတာကတော့ Promotional Advertising ဒါမှမဟုတ် Marketing စတာတွေ အတွက်ရေးသားတဲ့နည်းလမ်း ဖြစ်ပါတယ်။ Content Writing ကတော့ကိုယ့်ရဲ့ Online မှာရှိတဲ့ Audience တွေကိုဖျော်ဖြေဆွဲဆောင်ဖို့အတွက်ရေးသားတာဖြစ်ပါတယ်။

ဒါမှသာလူမှုကွန်ယက်ပေါ်မှာ မိမိရဲ့ကုန်အမှတ်တံဆိပ်အပေါ် စိတ်ဝင်စားမှုကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ Copywriting ထဲမှာ Content Writing ကပါဝင်ပက်သက်နေပါတယ်။ Audienceတွေရဲ့ စိတ်ဝင်စားမှုကို ချက်ချင်းတိုးတက်လာအောင် ဆောင်ရွက်ဖို့အတွက် content writing က မရှိမဖြစ်လိုအပ်ပါတယ်။

Content Writing ဆိုတာ တိကျတဲ့ရည်ရွယ်ချက်နဲ့ တန်ဖိုးရှိတဲ့အကြောင်းအရာတွေကို Business, Marketing စတာတွေအတွက် ရေးသားခြင်းဖြစ်ပါတယ်။ အလားအလာရှိတဲ့ Customer တွေကို မိမိရဲ့ကုန်ပစ္စည်း ဝန်ဆောင်မှုအကြောင်းကို Blog တွေ ဆောင်းပါးတွေမှာ ဖော်ပြရေးသားပြီးဆွဲဆောင်ခြင်းလို့လဲ ပြောလို့ရပါတယ်။

ဈေးကွက်ကျကျ ကုန်ပစ္စည်းအကြောင်းအရာတွေကို ဖန်တီးရေးသားခြင်းဟာ Content Writing အတွက်အရေးကြီးပါတယ်။ Content Writing အတွက်အရေးကြီးတဲ့ Tips တွေကတော့ Content ရေးတဲ့အခါမှာမှန်ကန်တဲ့ ရည်ရွယ်ချက်ဖွဲ့စည်းမှုပုံစံ စတာတွေကို အလေးထားပြီးရေးရပါမယ်။ မိမိရေးတဲ့အကြောင်းအရာ ရဲ့အနှစ်သာရကိုပေါ်လွင်အောင်ရေးသားနိုင်ရပါမယ်။

မိမိရေးသားလိုတဲ့အကြောင်းအရာကိုလိုရင်းရောက်အောင် ရှင်းရှင်းလင်းလင်း ဖော်ပြရေးသားရပါမယ်။ မိမိရေးသားတဲ့အကြောင်းအရာနဲ့အတူ Audience တွေနဲ့ယုံကြည်မှုကိုတည်ဆောက်ပါ။ စစ်မှန်တဲ့အသံကို နားထောင်ပါ။ မိမိရဲ့ Brand နဲ့ပက်သက်တဲ့ ထုတ်ပြန်ချက် ဒါမှမဟုတ် အကြောင်းအရာ တစ်ခုခုရေး သားမယ်ဆိုလျင် ရှင်းရှင်းလင်း လင်းရေးသားဖို့အရေးကြီးပါတယ်။

ဒီအချက်ဟာ Audience တွေနဲ့ ချိတ်ဆက်ဖို့အတွက်ကူညီပေးပါလိမ့်မယ်။ အသေးစိတ်ရှင်းပြ ဖို့လိုအပ်လာလျင်လည်း အချက်အလက်တွေနဲ့တကွ ရေးသားရပါမယ်။ လူတွေအလိုအလျောက်နားလည် သဘောပေါက်လာမယ်လို့လည်း မယူဆသင့်သလို လိုက်ရှင်းပြနေစရာလဲ မလိုပါဘူး။ မိမိရေးသားတဲ့ပုံစံကို ကောင်းမွန်စွာပြင်ဆင်ပြီး Audience ရေရှည်ထိန်းသိမ်းနိုင်ဖို့ အရေးကြီးပါတယ်။

SEO Myanmar