Digital Marketing

Social Media မှ ငွေရအောင်ဘယ်လိုရှာမလဲ

Read 2001 times
Social Media မှ ငွေရအောင်ဘယ်လိုရှာမလဲ

 

တကယ်လို့ သင်မှာ ဖန်တီးမှုအားကောင်းပြီး ထူးကဲတဲ့စွမ်းရည်တစ်ခုရှိရင် ဆိုရှယ်မီဒီယာမှာ ငွေရှာလို့ ရပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာ Influencer ဆိုသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ထုတ်ကုန်တစ်ခုလို ဈေးကွက်တင်ထားတဲ့ သူတွေ ဖြစ်ပါတယ်။ Social Network ပေါ်မှာ ပိုက်ဆံရှာမယ်ဆိုရင် သင့်အကြောင်းကို လူသိများအောင် လုပ်ဖို့ လိုပါတယ်။

 

ဥပမာ- အစားကောင်းလည်း ကြိုက်တတ်တဲ့ ဟင်းချက်တော်တဲ့ သူတစ်ယောက်ဆိုပါစို့။ Foodie တစ်ယောက်အနေနဲ့ ရပ်တည်လို့ရပါတယ်။ နေ့တိုင်း ဟင်းအမယ်သစ်လေးတွေ ချက်ရင်း ကိုယ်ပိုင်ဟင်းမီနူးလက်ရာအကြောင်း ဗွီဒီယိုလေးတွေ ၊ ပုံနဲ့စာတွေ တင်ပြီး ကိုယ့်ရဲ့ Skills နဲ့ ပါရမီကို ပြပါ။ ဒီနည်းနဲ့ သင့်မှာ ပရိတ်သတ်တွေ ရောက်လာပါလိမ့်မယ်။

 

လူမှုကွန်ရက်မှာ Follower လို့ ခေါ်တဲ့ ကိုယ့်ပရိတ်သတ်တွေ ရောက်လာတာနဲ့အမျှ ကိုယ့်နောက်မှာ ဝင်ငွေအခွင့်အလမ်းတွေ အများကြီး လိုက်လာမှာပါ။ တစ်ခြားသူတွေနဲ့ ကွဲပြားဆန်းသစ်တဲ့ တင်ဆက်မှုတွေနဲ့ စိတ်ဝင်စားစရာ Video တွေကို အခုခေတ် Gen Z မျိုးဆက်တွေ တောင့်တနေကြတာ ဖြစ်ပါတယ်။

 

ဒါကြောင့် ကိုယ့်ရဲ့ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကို မတူခြားနားတဲ့ တင်ဆက်မှုတွေ လုပ်ရင်း ဈေးကွက်ရှာပါ။ ကိုယ့် Product ကို ကိုယ့်အကောင့်ကနေ တစ်ဆင့် ဈေးကွက်မြှင့်တင်ပါ။ ဒီနေ့ခေတ်မှာ Social Network တွေ အများကြီး ရှိပါတယ်။ TikTok မှာ ကကွက်ဆန်းတွေ တင်ဆက်မလား ၊ YouTube မှာ Reviewer အဖြစ် ရပ်တည်မလား ၊ Facebook မှာ Game Streamingလုပ်မလား။

 

ဖြစ်နိုင်ခြေ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ရဲရဲရင့်ရင့် စတင်လိုက်ဖို့ပဲ လိုပါတယ်။ ဒီတော့ သင့်စွမ်းရည်ကို ဖော်ထုတ်ပါ။ ပစ်မှတ်ထားတဲ့ ပရိတ်သတ်အမျိုးအစား ရွေးထားပါ။ Social Media ပလက်ဖောင်းကို သေချာရွေးပါ။ သင့်ဖန်တီးမှုက သင့်ဘဝကို ပြောင်းလဲစေမှာ အမှန်ပါပဲ။

 

Ref : K wee Co