Digital Marketing


Read 2005 times

 





 


 

Tiktok ဆိုတာ ဘာလဲ ?

------------------------

 


 


 


------------------

 


 


 


 


------------------

 


 


 


 


---------------

 


 


 


 


 


 


 


--------------------------

 

 

<<< Unicode >>>

 

Generation Z တွေကိုဆွဲဆောင်နိုင်ဖို့ Tiktok မှာကြော်ငြာမယ်ဆိုရင်

-------------

 

Tiktok ဟာပြီးခဲ့တဲ့ ၄ နှစ် အတွင်းမှာ ကမ္ဘာတစ်လွှား အနေနဲ့ ၁ ဘီလီယံ ကျော် အသုံးပြု သူ ရရှိထားတာပါ။Tiktok ထင်ရှားလာပြီး တဲ့ အချိန်မှာ Snapchat နဲ့ Twitter မှာ ဖုန်ထတဲ့ သူ နည်းသွားတာ တွေ့ကြ မှာပါ။

 

Tiktok က ဘာမှ သိပ်အားမစိုက်ရပဲ နာမည်ရှိ Social App တွေဖြစ်တဲ့ Twitter နှင့် Snapchat တို့ကို ဖားခုန်သလို ခုန်ကာကျော်တတ်သွားတာ အံသြစရာ ပါပဲ။

ဒါ့အပြင် Tiktok ဟာ 2019 ခုနှစ်ရဲ့ ဒေါင်းလုတ်ဆွဲခြင်း ဒုတိယ အများဆုံးခံ ရတဲ့ App တစ်ခုပါ။


အမေရိကရဲ့ ကြော်ငြာလုပ်ငန်းဆိုင်ရာအရွေ့ အပြောင်းမှာ Facebook ကိုတွန်းလှဲပြီး Tiktok မှ နေရာယူတော့မည်လို့ ပညာရှင် တစ်ချို့ က ခန့်မှန်းကြတာတွေ့ရပါတယ်။



ယနေ့ ခေတ် လူငယ်တွေဟာ တရုတ်ပြည် ထုတ် Tiktok app ကို video အတိုလေးတွေရိုက်ကူးဖို့ အတွက် အားလုံးနီးပါးသုံးစွဲ ကြပါတယ်။

 

ထို Tiktok မှ ၎င်း တို့ ရိုက်ကူးထားတဲ့ video များကို Facebook မှာလဲ share နိုင်ပါသေးတယ်။ဒါဟာ Tiktok ကို ကမ္ဘာမှာ ထိုးဖောက်စေတဲ့ ခြေလှမ်းအစဖြစ်ခဲ့ပါတယ်။

 

Tiktok ဆိုတာ ဘာလဲ ?

----------

 

Tiktok ဆိုတာ တော့ တရုတ် နိုင်ငံ ထုတ် Social Media App တစ်ခုဖြစ်ပြီး တရုတ်မှာ ဆို Douyin ဆိုတဲ့ နာမည်နဲ့ ထင်ရှားကျော်ကြားပါတယ်။ထို App ကို တီထွင်တဲ့ လုပ်ငန်းစုကတော့ တရုတ် နိုင်ငံ ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ လုပ်ငန်းစု ByteDance မှ တီထွင်ခဲ့ တာပါ။Tiktok ကနေပြီး ၁၅ စက္ကန့်စာ ဗီဒီယိုလေးတွေကို နောက်ခံ ဂီတနဲ့ တွဲ ပေးတာမျိုးပေါ့ နောက်ပြီး Filters တွေပါမယ် အသားမဲ နေတဲ့ သူတွေဆို Filters သုံးနိုင်မယ်။

 

ပြောရရင်တော့ Tiktok က အမေရိကမှာဆိုရင် ဆယ်ကျော်သက်တော်တော်များများ Fan base ကို Tiktok က လက်စုတ် လက်ကိုင်ရယူထားတာ သိကြမှာပါ။အခု ၂၀၂၀ မှာဆိုရင် Tiktok က ကမ္ဘာ့ ဈေးကွက်ကို ထိန်းချုပ်ကိုင်လှုပ်နိုင်တော့မှာပါ။

 

Tiktok မှာ ဘယ်လိုကြော်ငြာလို့ရမလဲ

------------------

 

ယခင် Facebook မှ ကြော်ငြာရေးရာ အကြီးအကဲဖြစ်သူ Blake Chandlee မှာ ယခု Tiktok’s US ad parternerships မှာ လုပ်ကိုင်ပေးနေသူပါ
သူရဲ့ ပြောကြားချက်က တော့ ‘ Tiktok မှ ရာချီ သော Brand များကို ကြော်ငြာများအတွက် ရောင်းချ ပြီး ပါပြီ ‘ လို့ ပြောလာပါတယ်။

 

Tiktok လို short video app မှာ ကြော်ငြာ video ကိုဘယ်လိုထည့်မလဲ

---------------

 

ကြော်ငြာ ထည့်တာက ထည့် ရမှပါ။ကြော်ငြာက ဘယ်လိုထည့်မလဲ ဆိုတာက တော့ အဆိုပါ App ရဲ့ အောက်ဆုံး ပိုင်းကို ၁၅ စက္ကန့်စာVideo လေး တွေ size သေးသေးနဲ့ ထည့်ပါလိမ့်မယ်။


အခုနှစ်ပိုင်းတွေမှာဆိုရင်တော့ ပျမ်းမျှ ၁၀ ဒေါ်လာမှ စပြီးကြော်ငြာ နိုင်မယ်လို့ သိရပါတယ်။

 

ဘယ်လို ကြော်ငြာအမျိုးအစားတွေ Tiktok မှာ ကြော်ငြာသင့်သလဲ

--------------

 

Tiktok အသုံးပြု သူမှာ အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွင်း လူအများ အသုံး ပြုကြတာပိုများပါတယ်။

 

Tiktok ဟာ ဖျော်ဖြေ ရေး App တစ်ခုဖြစ်တာမို့ ဆယ်ကျော်သက် ပရိသတ် ပေါပါတယ်။

 

ဆယ်ကျော်သက်တွေ ကြိုက်တဲ့ Brand များသာ Tiktok မှာ ကြော်ငြာသင့်ပါတယ်။

 

Tiktok အကြောင်း တစေ့ တစောင်း

----------

 

2019 မှာ Tiktok ကို အသုံးပြုသူ ကမ္ဘာနဲ့ active users အရေအတွက် လူဦးရေ ၅၀၀ မီလီယံ ရှိပါတယ်။

 

Tiktok က Apple Add Store မှာ ဒေါင်းလုတ် လုပ်ယူမှု့ အများဆုံး App ပါ် ။

 

Tiktok မှ Users 41 ရာခိုင်နှုန်းက အသက် ၁၆ မှ ၂၄ နှစ်အတွင်းလူငယ်များလို့သိရပါတယ်။

 

90 % သော Tiktok အသုံးပြု သူများဟာ အကြိမ်ဖန်များစွာ Tiktok ကို အသုံးပြုကြပါသတဲ့။

 

Tiktok အသုံးပြုသူ အမျိုးသား ၅၆ % ရာခိုင်နှုန်း ရှိပြီး အမျိုးသမီး ၄၄ % ရာခိုင်နှုန်း ရှိပါတယ်။

 

ထို Tiktok ကို အမျိုးသားများ အများစု ကတော့ video တင်တာ သိပ်မရှိပဲ video များကို သာ ကြည့်ကျတယ်လို့သိရပါတယ်။

 

ကမ္ဘာ့ နိုင်ငံ အသီးသီး ရှိ Tiktok အသုံးပြု သော လူဦးရေပြ ဇယား

>>>>

 

 

 

Ref ; Ads New 

Myanmar Advertising Directory