Digital Marketing

အောင်မြင်တဲ့ Instagram Marketer တစ်ယောက်ဖြစ်အောင်

Read 2108 times
အောင်မြင်တဲ့ Instagram Marketer တစ်ယောက်ဖြစ်အောင်

Instagram မှာ သင့်ရဲ့လုပ်ငန်းကို ရလဒ်ကောင်းတွေရရှိလိုပြီး လူအများဆီကိုအမြင့်ဆုံး Performance နဲ့ ပြန်နှံ့စေလိုပါက သင့်လုပ်ငန်းအတွက် Engagement Rate ကို Boost လုပ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ Engagement Rate ကို ဘယ်လောက်ထိလုပ်နိုင်မလဲ ဆိုတာကို သုံးသပ်ကြည့်လို့ရနိုင်ပါတယ်။ Instagram မှာ အောင်မြင်စေမဲ့အချက်များကိုဖော်ပြပေးလိုက်ပါတယ်……

1. စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပါ

*****************************************

သင်ဟာ ပြိုင်ပွဲ(သို့မဟုတ်) ပြေးလမ်းတစ်ခုကိုပြေးနေပြီဆိုရင် စည်းမျဉ်းစည်းကမ်းကို လိုက်နာရမှာအမှန်ပင်ဖြစ်ပါတယ်။ ထိုနည်းတူပဲ Instagram မှာလည်းသင်ဟာ လုပ်ငန်းတစ်ခုလုပ်နေပြီဆိုရင် Instagram ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာဖို့ မမေ့ပါနဲ့။ သင်ဟာ Instagram ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးအလုပ်လုပ်နိုင်မယ်ဆိုရင်တော့ သင့်လုပ်ငန်းအတွက်ကောင်းမွန်တဲ့ အချက်တစ်ချက်ဖြစ်လာပါလိမ့်မယ်။

2. တခြားသူတွေဘယ်လိုလေ့လာကျလဲ

*********************************************
ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လေ့လာစရာတွေအများကြီးရှိပါတယ်၊ ဒီလိုလေ့လာစရာတွေအများကြီးရှိတဲ့ကြာထဲမှာမှ အောင်မြင်နေတဲ့ Instagram Marketer တွေကိုလေ့လာကြည့်ပါ။ သူတို့တွေ ဘာကိုလေ့လာနေကျသလဲ ဘယ်လိုလေ့လာကျသလဲဆိုတာတွေကိုပါ။

Internet Advertising Agencies(အင်တာနက်ကြော်ငြာအေဂျင်စီလုပ်ငန်းများ(၄၉)ခုကိုရှာရန်နှိပ်ပါ။)

3. ကိုယ်ရဲ့ Post ဟာ Follower တွေရဲ့အချိန်ကိုမကုန်ပါစေနဲ့

***************************************************************
သင့် Instagram Newsfeed မှာတင်ထားတဲ့ Post တွေဟာ သင့်ရဲ့ Follower တွေရဲ့အချိန်တွေကိုအလကားမဖြစ်ပါစေပါနဲ့။ သင်တင်လိုက်တဲ့ Post ဟာ သင့်ရဲ့ Follower တွေအတွက်အကျိုးအမြတ်ရရှိခဲ့မဲ့ဆိုရင် သင့်ရဲ့ Post တွေကို နောက်အကြိမ်တွေမှာကြည့်ဖို့ ဝန်လေးမှာမဟုတ်တော့ပါဘူး။ သင့်ဟာ Follower တွေရဲ့ Engagement ကိုရရှိထားပြီဆိုရင်တော့ နောက်ပိုင်းမှာ အောင်မြင်တဲ့ Instagram လမ်းကြောင်းကိုလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

4. Promotion လေးတွေလုပ်ပေးပါ

***************************************
သင်ဟာ Follower တစ်ထောင်(သို့မဟုတ်) တစ်ထောင်မပြည့်ဘူးဆိုရင် သင်ဟာ နေ့စဉ် Post တစ်ခုတင်ရုံနဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက်မလုံလောက်ပါဘူး။ သင့်ရဲ့လုပ်ငန်းအတွက် Cross-Promote လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို Cross – Promotion လေးတွေပြုလုပ်ပေးမှသာ Instagram မှာ သင့်ရဲ့လုပ်ငန်းကိုလူသိများလားပြီး နောက်ပိုင်း Engagement အမှန်တွေရရှိလာပြီး အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

ယခုအကြံပြုချက်များကို လေ့လာပြီး Instagram မှာသင်ရဲ့ လုပ်ငန်းတွေကိုအောင်မြင်စွာလုပ်ကိုင်နိုင်ပြီး၊ Followers တွေရဲ့ Engagement ကိုထိထိမိမိရရှိနိုင်အောင်လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Read More >>> Copyright မူပိုင်ခွင့်အကြောင်း သိကောင်းစရာ


SOURCE: SEO MYANMAR