How To

သင်ရဲ့ Brand ကို အကောင်းဆုံး ဖြစ်အောင် ဘယ်လိုပုံဖော်မလဲ

Read 1938 times
သင်ရဲ့ Brand ကို အကောင်းဆုံး ဖြစ်အောင် ဘယ်လိုပုံဖော်မလဲ

သင့်ကိုယ်သင် မေးနိုင်တဲ့ မေးခွန်းတွေက သင့်လုပ်ငန်းရဲ့ ဦးတည်ချက်က ဘာလဲ၊ ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေရဲ့ အင်္ဂါရပ်တွေနဲ့ အကျိုးကျေးဇူးတွေဟာ ဘာတွေလဲ၊ customer များ ဘယ်လိုထင်မြင် ယူဆချက်တွေ ရှိနေကြသလဲ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ရှာဖွေရယူထားပါ။


လက်ရှိ customer တွေရဲ့လိုအပ်ချက်တွေ ၊ အမူအကျင့်တွေကို လေ့လာထားပါ။ ဘယ်လို စံတန်ဖိုးတွေနဲ့ သင့်လုပ်ငန်းကို တံဆိပ်ခတ်မလဲ သေချာသုံးသပ်ပြီးသွားတဲ့အခါ သင့် brand ကို ဘယ်လို လူသိများစေမလဲ။ သင်လုပ်နိုင်တဲ့ အချက်တွေကတော့ Logo ကောင်းကောင်း တစ်ခု ထားရှိပါ။ အဲဒီ logo ကို နေရာတော်တော်များများမှာ အသုံးပြုပါ။

သင့် brand ကနေ ပေးချင်တဲ့ အာဘော်တစ်ခု ထားရှိပါ။ customer တွေကို သင့် brand ကနေတဆင့် အဓိကထိတွေ့ ပေးချင်တဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ။ သင့်ဝန်ထမ်းတိုင်းလည်း brand ဆိုင်ရာ အဓိက အချက်အလက်တွေကို သိရှိနားလည် သဘောပေါက်ပါစေ။


Branding ဟာ သင့်လုပ်ငန်းရဲ့ အခန်းကဏ္ဍတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဖုန်းဝင်လာတဲ့အခါ သင်ဘယ်လို ပြန်လည်ဖြေကြားသလဲ၊ သင့်အရောင်းဝန်ထမ်းတွေက ဘယ်လိုဝတ်စားသလဲ၊ email ပို့တဲ့အခါ ဘယ်လို signature မျိုးနဲ့ အဆုံးသတ်လဲ အစရှိတဲ့ အသေးစိတ်သော ရှု့ထာင့်တွေအားလုံးမှာ သင့် brand ပုံရိပ်နှင့် ကိုက်ညီအောင် ဆောင်ရွက်ပြုမူရမှာ ဖြစ်ပါတယ်။

Market Research (ဈေးကွက်ရှာဖွေသုတေသနလုပ်ငန်းများ(၂၁)ခုကို ရှာဖွေရန်နှိပ်ပါ)


ဆောင်ပုဒ်တစ်ခုလည်း ထားရှိပါ။ မှတ်ရလွယ်ကူ၊ အဓိပ္ပါယ်လည်း ပြည့်စုံပြီး သင့်ရဲ့ brand ကို အတိအကျ ဖော်ညွှန်းပေးနိုင်မယ့် စာတိုဆောင်ပုဒ်တစ်ခုလည်း ထားရှိပါ။ ဥပမာ – MPT “ရှေ့သို့လှမ်းချီ မြန်မာပြည်”


သင့်ရဲ့ ပရိုမိုးရှင်းပစ္စည်းများအတွက် ဒီဇိုင်းပုံစံ သတ်မှတ်ပါ။ သင့် brand နှင့် စပ်လျဉ်းပြီး အသုံးပြုမယ့် ပစ္စည်းတိုင်းမှာ တူညီတဲ့ အရောင်စဉ် တိကျတဲ့ logo အထားအသို စသည်ဖြင့် ရှိရန်လိုအပ်ပါတယ်။


သင့်ရဲ့ brand အပေါ် မှန်ကန်ပါ။ brand ဆောင်ပုဒ်အတိုင်း မဆောင်ရွက်ပါက customer များအပေါ် ပေးထားအပ်တဲ့ ကတိစကားနှင့်လည်း မကိုက်ညီတော့တဲ့အတွက် customer များ သင့်ထံပြန်လာမည်မဟုတ်သလို
သင့်လုပ်ငန်းကိုလည်း အခြားလူထံသို့ ညွှန်းပေးမှာ မဟုတ်ပါဘူး။


#Credit

Myanmar Advertising Drirctory


Read More....ကြောငြာလုပ်ငန်းအကြောင်း တစေ့တစောင်း