Digital Marketing

သင့်လုပ်ငန်းအတွက် အကျိုးရှိအောင် Twitter ကို ဘယ်လိုအသုံးချမလဲ

Read 1428 times
သင့်လုပ်ငန်းအတွက် အကျိုးရှိအောင် Twitter ကို ဘယ်လိုအသုံးချမလဲ

ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ သတင်းထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေကို အခြား Social Media တွေမှာ မတင်ဖြစ်ရတောင် Twitter ပေါ်မှာ တရားဝင် တင်တတ်ကြပါတယ်။

Twitter သုံးတဲ့သူဟာ ဖေ့ဘုတ်ခ်လောက် မများပေမဲ့ လစဉ် အသုံးပြုသူဦးရေဟာ ၃၃၆ သန်းတောင် ရှိနေပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းကို Twitter မှာ ကြော်ငြာမယ်ဆိုရင် ပြည်တွင်းတွင် မကပဲ အခြားနိုင်ငံတွေထိ သင် Target ထားတဲ့ Customer ထောင်ပေါင်းများစွာဆီကို ရောက်ရှိစေနိုင်ပါတယ်။

Twitter မှာ ၀န်ဆောင်ခ ပေးစရာမလိုပဲ ကြော်ငြာလို့ ရလာတဲ့ အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ အမြောက်အများ ကြော်ငြာလာကြပေမဲ့ ကြော်ငြာတိုင်းကတော့ အောင်မြင်မှု မရရှိကြသေးပါဘူး။

ဒါကြောင့် Twitter မှာ ကြော်ငြာမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမယ်၊ Customer တွေ Follower တွေ များလာအောင် ဘယ်လို လုပ်ဆောင်မယ်၊ သင့်ကုန်ပစ္စည်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြော်ငြာမယ် စတဲ့ Tips လေးတွေကို ပြောပြပေးချင်ပါတယ်။


၁။ Twitter Account တစ်ခုဖွင့်ပါ

အရင်ဆုံးလုပ်ရမှာကတော့ Twitter မှာ မိမိကိုယ်ပိုင် အကောင့်မရှိသေးဘူးဆိုရင် Sign up လုပ်လိုက်ပါ။

၂။ Profile Picture ထည့်ပါ

Account ဖွင့်ပြီးပြီဆိုရင်တော့ သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့ Profile Picture တင်ရပါမယ်။ ဒီလို တင်ဖို့ ရွေးချယ်တဲ့နေမှာ ကြည်လင်ပြတ်သားတဲ့ပုံ၊ သင့် Profile ကို Customer တွေ မြင်လိုက်တာနဲ့ ဆွဲဆောင်မှု ရှိတဲ့ပုံမျိုး ဖြစ်ဖို့လိုပါတယ်။ သင့်အကောင့်ကို မြင်လိုက်တဲ့သူက သင် ဘယ်သူမှန်း သေချာမသိလို့ ပြန်ထွက်သွားရတာမျိုး မဖြစ်ပါစေနဲ့။

ရေဒီယိုမှာ ကြော်ငြာခြင်းရဲ့ အားသာချက်၊ အားနည်းချက်များ

၃။ Bio အပြည့်အစုံ ရေးပါ

သင့်ရဲ့ ကိုယ်ရေးအချက်လက်တွေကို ဖြည့်တဲ့နေရာမှာ အရမ်းမရှည်စေပဲ Follower တွေ စိတ်ဝင်စားအောင် အဓိက အချက်အလက်တွေကို ဖြည့်ပါ။ သင့်လုပ်ငန်းရဲ့ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ သင့်လုပ်ငန်းရဲ့ ၀က်ဆိုဒ်လင့်ခ် စတာတွေ အပါအ၀င် သင့်ရဲ့ Clients တွေက ဘယ်သူတွေ ဖြစ်တယ်၊ သင်လုပ်ငန်းကို ဘယ်လိုတိုးတက်အောင် လုပ်နေတယ် စတဲ့ အချက်အလက်တွေ ပါဝင်ပါစေ။

၎။ Post တွေ စတင်ပါ

အပေါ်ကအဆင့်တွေကို လုပ်ပြီးပြီဆိုရင်တော့ သင့်ရဲ့ Twitter အကောင့်မှာ Post တွေ စတင်လို့ရပါပြီ။ သင့်ရဲ့လုပ်ငန်းနဲ့ ပတ်သတ်တာကြီးပဲ တင်နေတာမျိုး မဟုတ်ပဲ Follower တွေ ကြိုက်နိုင်တဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့ Post တွေကိုလည်း တင်ပေးပါ။ မိမိရဲ့ Twitter မှာတင်ထားတဲ့ လုပ်ငန်း Post တွေကို တခြား Social Media တွေမှာလဲ ဖော်ပြပါ။

၅။ Follower တွေ ၀ယ်ပါ

Twitter မှာ ads.twitter.com ကနေ Follower တွေရအောင် လုပ်လို့ ရပါတယ်။ ဒါပေမဲ့ www.billionfollowers.com ကနေ Follwer တွေကို ဝယ်မယ်ဆိုရင်လည်း ဈေးသက်သက်သာသာနဲ့ အများကြီး ရရှိနိုင်ပါတယ်။


Htet Htet Naing

Myanmar Advertising Directory