Business Marketing

ပျောက်ဆုံးနေတဲ့ ၀ါသနာတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ။

Read 3266 times
ပျောက်ဆုံးနေတဲ့ ၀ါသနာတွေကို ဘယ်လိုဖော်ထုတ်ကြမလဲ။

ဝါသနာတွေကိုစတင်ဖော်ထုတ်ရာတွင် ကလေးဘဝကလုပ်ဆောင်ခဲ့တဲ့အရာတွေ၊အမြတ်တနိုးထားရှိခဲ့တဲ့ အကြောင်းတွေကို ပြန်လည်တွေးတောကြည့်ပါ။

ထိုအရာများကို တခေါက်လောက်ပြန်လည်လုပ်ဆောင် ကြည့်ခြင်းဖြင့် သင့်ရဲ့ဝါသနာ စိတ်ပါဝင်စားမှုကို သတိထားမိနိုင်ပါတယ်။ သဲတွေနဲ့ကစားတာတော့ မပါဘူးနော်။

တစ်နေ့တာသင်လုပ်ဆောင်ခဲ့သည် အလုပ်များကိုချရေးကြည့်ပါ။ ထိုအလုပ်များထဲမှ သင့်ကိုပျော်ရွှင်စေတဲ့အလုပ်များ၊ မလုပ်မဖြစ်လို့ စိတ်ဖိဆီးမှုခံပြီး လုပ်လိုက်ရသည်များကိုလည်း ခွဲခြားပြီးရေးထားကြည့်ပါ။

အချိန်တစ်လလောက်ထိုနည်းအတိုင်း ပြုလုပ်ကြည့်ပါ။ သင့်ရဲ့ပျောက်ဆုံးနေတဲ့ဝါသနာကို ပြန်လည်ဖော်ထုတ်နိုင်ပါလိမ့်မယ်။နေ့စဉ်ပြုလုပ်ရမည့် ထမင်းစားခြင်းနှင့်အခြားလုပ်ရမည့် အလုပ်များကို မဆိုလိုပါ။

ဈေးဝယ်ထွက်တဲ့အခါ သင်စိတ်ဝင်တစား ကြည့်ရှူလေ့ရှိသည့် ပစ္စည်းများ၊အမြတ်တနိုးဝယ်ယူ စုဆောင်းလေ့ရှိသည့်အရာများကို ကြည့်ုခြင်းအားဖြင့်လည်း ၀ါသနာတွေကို ဖော်ထုတ်နိုင်ပါတယ်။

သင်ဟာစာအုပ်တွေကို အမြဲဝယ်ယူစုဆောင်းပြီးဖတ်ရတာကို သဘောကျနှစ်ခြိုက်သူတစ်ယောက်လား။ ဘယ်လိုစာအုပ်အမျိုးအစားတွေကို အများဆုံးဝယ်ဖတ်လေ့ရှိလဲ။

ဒီအကြောင်းအရာတွေက လည်းဝါသနာတွေကို ဖော်ထုတ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။

တစ်ခါတစ်ရံ သင့်ရဲ့ထမင်းစားချိန်၊အိပ်ချိန်များကို မေ့လျော့သွားသည့်တိုင်အောင် စိတ်ပါဝင်စားစွာ လုပ်ခဲ့ဖူးသည်များ ရှိခဲ့ဖူးလား။

ထိုအချိန်တွေကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင့်ရဲ့ဝါသနာတွေကို ဖော်ထုတ်ပေးနိုင်မှာပါ။

အလုပ်တစ်ခုကိုသင်ဝါသနာမပါပေမဲ့ အခြေအနေတစ်ခုကြောင့် လုပ်နေရတယ်ဆိုလျှင် အားလပ်ရက်အချိန်ရောက်တိုင်း သင်သွားတဲ့နေရာတွေ၊အခြားလုပ်ဆောင်ခဲ့သည့်အကြောင်းများကို သတိထားကြည့်ပါ။

သင်စိတ်အားထက်သန်မှုရှိတဲ့ ၀ါသနာတွေကို မြင်တွေ့ရမှာပါ။

Source  ; bustle