How To

ဖန်တီးမှုကောင်းအောင်ဘယ်လိုတွေလုပ်ဆောင်သင့်သလဲ

Read 2220 times
ဖန်တီးမှုကောင်းအောင်ဘယ်လိုတွေလုပ်ဆောင်သင့်သလဲ

(၁) သင့်ရဲ့ Inner Child နဲ့ ဆက်သွယ်ပါ

===========================

မျက်လုံးမှိတ်လိုက်ပြီး ကလေးတုန်းက သင်လုပ်ခဲ့တဲ့ အရာတွေ ၊ သင်ဂိမ်းကစားခဲ့ချိန်တွေကို ပြန်သွားပါ။ အဲဒီအချိန်တွေတုန်းက သင်အမှန်တကယ်ချစ်ခဲ့တဲ့ အရာတွေကို ပြန်ဆွဲထုတ်ပါ။ ဘယ်အရောင်တွေကို သင်နှစ်သက်ခဲ့သလဲ။ သင်ငယ်ငယ်တုန်းက အိပ်မက်နဲ့ လုပ်ချင်ခဲ့တဲ့ အရာတွေက ဘာတွေလဲ။သင့်ရဲ့ ကိုယ်တွင်းထဲက ကလေးငယ်နဲ့ စကားပြောပါ။ သင့်အမြင်နဲ့ သူစကားကို နားထောင်ပါ။ ပြီးရင် ဒါတွေထဲက ထူးခြားတဲ့အရာတွေ passion တွေ ရှာဖွေပြီး သင့်ရဲ့ နေ့စဉ်ဘဝ ၊ သင့်ရဲ့ စိတ်ကူးနဲ့ ပရောဂျက်တွေမှာ ပြန်သုံးပါ။ ဒီလို ဖန်တီးမှုပါတဲ့ စိတ်ကူးခြင်းနည်းလမ်းက သင့်ဘဝကို ပိုပြီး အရောင်အသွေးစုံကာ ကျေနပ်စရာ ဖြစ်လာပါလိမ့်မယ်။

 

(၂) သင့်ကိုယ်သင် ဝေဖန်တာ ရပ်ပါ

=======================

Creative ဖြစ်ဖို့ ဆိုရင် ဒီအချက်ကလည်း အခြေခံကျတဲ့ အဆင့် ဖြစ်ပါတယ်။ ဖန်တီးမှုစွမ်းရည်ကို ဆွဲထုတ်ဖို့ ကြောက်တာဟာ တစ်ခြားသူတွေ သင့်ကို ဝေဖန်မှာနဲ့ အများနဲ့ အံမဝင်မှာကို စိုးတဲ့အချက်တွေပေါ် အခြေခံပါတယ်။ သင့်ရဲ့ Inner Creativity ကို ဖွင့်ထုတ်ဖို့ မကြောက်ပါနဲ့။ သင့်ကိုယ်သင်လည်း ဖန်တီးနိုင်စွမ်း ရှိသူဖြစ်ဖို့ ပြန်မဝေဖန်ပါနဲ့။

 

(၃) စူးစမ်းမှုအတွက် အချိန်ပိုယူပါ

=======================

အလုပ်တွေ လက်မလည်အောင် များနေသူမှာ ဖန်တီးနိုင်စွမ်း ထွက်လာဖို့ ခက်ပါတယ်။ အနားယူပါ။ စိတ်ကို အေးအေးဆေးဆေး ငြိမ်းနေအောင် ထားပြီး သင့်ပတ်ဝန်းကျင်က အလှအပတွေကို မြင်နိုင်အောင် ကြည့်ပါ။ စိတ်အေးလက်အေး ဖြစ်နေပြီဆိုမှ အပြင်လောကထဲက လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို လေ့လာပါ။ ငှက်တွေ ပျံသန်းတာ ၊ သဘာဝတရားကြီး လည်ပတ်နေတာ နဲ့ နေ့စဉ်ဘဝထဲက မြင်ကွင်းတွေ ရှာဖွေပါ။

 

ဒီအချိန်မှာ စိတ်ဟာ အကြောလျှော့ထားပြီး သင့်ကိုယ်ထဲကို ဖန်တီးနိုင်စွမ်းတွေ စိတ်ကူးသစ်တွေ ဝင်လာဖို့ တံခါးဖွင့်လိုက်သလိုပါပဲ။ ဒီကာလမှာ သင်ဟာ အနားရနေပြီး သင့်ပတ်ဝန်းကျင် လောကကြီးရဲ့ အသံကို ကြားနေရမှာပါ။ စူးစမ်းလေ့လာတဲ့ စိတ်အထာဟာ ဖန်တီးမှုမှာ အရေးပါသလောက် အမြဲပဲ အလုပ်ဖြစ်ပါတယ်။