Life Hacks

အောင်မြင်ခြင်း ခရီးစဉ်စဖို့ ရင်ထဲက အသံကို အရင်နားထောင်ပါ

Read 1246 times
အောင်မြင်ခြင်း ခရီးစဉ်စဖို့ ရင်ထဲက အသံကို အရင်နားထောင်ပါ

အလုပ်တစ်ခုကတော့ လုပ်နေတယ်….

ဘ၀မှာ တိုးတက်ဖို့အတွက် သင်တန်းတွေတက်လား၊ စာတွေ လေ့လားနေလာမေးရင်လည်း???

လေ့လာနေတယ်…..

ဘာကြောင့်လေ့လာနေလည်းမေးရင်း???

သေချာတဲ့ ဦးတည်ချက်မရှိ…..

ဒါပေမယ့် ဒီအလုပ်တွေ၊ လေ့လာနေတာတွေက ကိုယ့်ရင်ထဲကအမှန်တကယ် ရောက်လာလားဆိုတော့ လည်း မသေချာ၊ မရေရာကျဘူး။

မှန်ပါတယ်။ အားလုံးနီးပါး ဒီလိုအချိန်ကို ကြုံဖူးကြမှာပါ။ တစ်ခါတစ်လေမှာ အပြင်ဘက်က ဆူညံလွန်း တာကြောင့် ကိုယ့်ရင်ဘက်ထဲက အသံကို သေချာ မကြားလိုက်မိတာမျိုးပေါ့။ ဒါပေမယ့် ရင်ထဲက အသံကို အမြန်ဆုံးကြားတဲ့သူဟာ အောင်မြင်မှု ပန်းတိုင်ကို စောစီးစွာရောက်ရှိသွားမှာပါ။

ကိုယ့်ရင်ထဲကအသံကို အမြန်ဆုံးကြားအောင် ဘယ်လိုလုပ်ကြမလဲ???

မခက်ခဲပါဘူး။ ရိုးရှင်းစွာပဲ စတင်ပါ။ တစ်နေ့အနည်းဆုံး ၁၅ မိနစ်(သို့မဟုတ်) ၃၀မိနစ်လောက် ကိုယ့်စိတ်ထဲကပါတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ပါ။ တစ်လလောက် ဒီလိုအကျင့်မျိုး မွေးမြူလိုက်တဲ့အခါ ကိုယ်ဒီအပေါ်မှာ ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိလဲ ဆိုတာ သိမြင်လာမှာပါ။

ဒီအချိန်မှာ သင့်ကိုယ်သင် မကန့်သတ်ထားပါနဲ့။ မကန့်သတ်ထားနဲ့လို့ ပြောတာက ငါက အင်ဂျင်နီယာ တစ်ယောက်၊ ဒါပေမယ့် စာရေးတာကို စိတ်ဝင်စားတယ်။ ငါရထားတဲ့ ဘွဲ့ကိုနှမြောစရာကြီး စသဖြင့်ပေါ့။ ဒီအတွေးကြီးက ကျွန်တော်တို့တွေရဲ့ စိတ်ဝင်စားမှု၊ ၀ါသနာ၊ လုပ်ချင်ကိုယ်ချင်စိတ်ကို ကန့်သတ်လိုက်တာပါ။

ဘယ်ပဲဖြစ်ဖြစ် ကိုယ့်ရင်ထဲက လာတဲ့အတိုင်းလုပ်လိုက်ပါ။ တွေဝေတာတွေ လုပ်မနေပါနဲ့။

ဟုတ်ပြီ ရင်ထဲကအသံကို ကြားအောင်လုပ်ပြီးပြီ။

ကဲနောက်တစ်ဆင့်ကတော့ ကိုယ့်ရည်မှန်းထားတဲ့ နေရာရောက်ရှိနိုင်ဖို့ ပြင်းထန်တဲ့စိတ်ကို ရအောင်မွေးမြူပါ။ ဖြစ်ချင်စိတ်၊ ကြိုးစားချင်စိတ်ကသာ သင့်ကိုတွန်းပို့သွားမှာပါ။ အောင်မြင်ခြင်းခရီးစဉ်မှာ ဒီပြင်းထန်တဲ့စိတ် (passion) သာရှိမယ်ဆိုရင် တစ်ဝက်အောက်မြင်ပြီးသားပါ။

အောင်မြင်ခြင်းဆိုတဲ့ ခရီးစဉ်မှာ ရင်ထဲကအသံကို နားထောင်ပြီး passion ကို ခေါ်ဆောင်သွားကြရအောင်။

Read-အသက် ၃၀မရောက်ခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲ???