Digital Marketing

Facebook မှာ Video Content ဖန်တီးမယ်ဆိုရင် သိထားရမယ့် အချက်များ

Read 2663 times
Facebook မှာ  Video Content ဖန်တီးမယ်ဆိုရင် သိထားရမယ့် အချက်များ

Social Media မှာ ဆိုရင်တော့ ဗွီဒီယိုတွေ တင်ပေးခြင်းကြောင့် ရှယ်လုပ်ကြတဲ့နှုန်းကို ၁၀ ဆထိ တက်စေပါတယ်။ အထူးသဖြင့် Facebook မှာ Video Content ကိုပိုမိုအလေးပေး ဦးတည်နေတာကို တွေ့ရမှာပါ။ ဒါကြောင့် Video Content အတွက် အဓိကကျတဲ့ အချက်တွေလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။အမြဲတမ်းကြည့်ရှုသူ Viewer တွေရရှိအောင်တည်ဆောက်ပါ။

သင့်ရဲ့ Video Content တွေကို Viewer များများရလိုပါက သင်တင်တဲ့ Video တွေကို Viewer တွေနောက်တကြိမ် ထပ်ခါထပ်ခါ လာကြည့်ချင်အောင် ဆွဲဆောင်ဖို့လိုပါတယ်။ ဒါကြောင့် သင့်ရဲ့ Video တင်မဲ့အချိန်ကို Schedule ဖြင့်ဖော်ပြတာမျိုး၊ Video မတင်ခင် တင်မဲ့အချိန်ကိုကြိုပြီး ပို့စ်တင်တာမျိုးတွေ ပြုလုပ်ရပါမယ်။

 

၂။ Commentတွေကို အချိန်ပေးပြီး ဂရုတစိုက်ဖြေကြားဖို့ မမေ့ပါနဲ့။

သာမန် ကြည့်ရှုနေသူတွေကနေ ကိုယ့်ရဲ့ အမြဲတမ်းကြည့်ရှုသူတွေဖြစ်လာဖို့ ဒီအချက်ကလည်း အရေးကြီးပါတယ်။ Engagement ကောင်းကောင်းရဖို့အတွက် Comment တွေကို အချိန်ပေးပြီးဖြေကြားပေးဖို့ဂရုပြုရပါမယ်။ နောက်တင်မဲ့ Video တွေအတွက် အကြံဉာဏ်ကောင်းတွေ ပြင်ဆင်သင့်တဲ့ အမှားတွေကိုလည်း Viewer တွေပေးတဲ့ Comment တွေ၊ Idea တွေကနေ တစ်ဆင့် ရရှိနိုင်ပါတယ်။

 

၃။တခြား Channel တွေမှာလည်း Sharing ပေးပါ။

တခြားSocial Media များဖြစ်တဲ့ Email, LinkedIn, Instagram, Twitter အစရှိတာတွေမှာ Sharing လုပ်ခြင်းဖြင့် Facebook မှာတင်တာထက် Viewer များများမရရှိပေမယ့်လည်း သင် Facebook ပေါ်မှာပုံမှန် Video Content တွေ တင်နေတယ်ဆိုတာကို သတိပြုမိစေမှာပါ။ ဒါဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်မှာပါ။

 

၎။Video တင်တဲ့အခါ အကြောင်းအရာကို ပြည့်ပြည့်စုံစုံ ဖော်ပြပါ။

Facebook ဟာ Google မဟုတ်သည့်တိုင်အောင် တစ်ရက်ကို ရှာဖွေမှုပေါင်း ၂ သန်းကျော်အောင် Facebook ပေါ်မှာ ရှာဖွေမှုပြုလုပ်ကျပါတယ်။ သင့်ရဲ့ Page ဒါမှမဟုတ် Video content တွေကိုရှာဖွေမှု ပိုမိုရရှိစေရန်အတွက် Video တွေတင်တဲ့အခါ Page name တွေ သင့် Video မှာရှိတဲ့အကြောင်းအရာ Keyword စတာတွေကို ပြည့်ပြည့်စုံစုံဖော်ပြပေးပါ။

 

ဒီအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ သင့်ရဲ့ facebook မှာ video content ကောင်းကောင်းတစ်ခု ဖန်တီးလို့ရမှာဖြစ်ပါတယ်။

 

Source; SEOMyanmar - Digital Marketing Services
Myanmar Advertising Industry

 

Read more နှစ်ပေါင်း ၁၂၅ နှစ်ကြာသည့်တိုင်အောင် ခုချိန်ထိ အောင်မြင်နေဆဲ Billboard Advertising