Tips

ကမ္ဘာမှာ ငွေရှာနည်း များ!

Read 7187 times
ကမ္ဘာမှာ ငွေရှာနည်း များ!

 

၃. Business(Big Business)

၎. Investment ဟူ၍ ၄မျိုးပဲရှိပါတယ်။

ဒီဝင်ငွေစီးကြောင်း ၄မျိုးနဲ့သာ ငွေကြေးရှာကြ ကြောင်း RobertT.Kiyosakiကပြောပါတယ်။

ဒါဆိုရင် ဒီဝင်ငွေစီးကြောင်း၎မျိုးကို ကျွန်တော် သိသလောက် ရှင်းပြကြည့်ရအောင်!!!

 

၁. Employee

Employeeဟူသော ဝန်ထမ်းဘဝဆိုတာထက် လုပ်ခစားဝန်ထမ်းဘဝလို့ ပြောချင်ပါတယ်။

ဝန်ထမ်းလို့ ပြောလိုက်သည့်နှင့် နေ့စား နာရီစား သန့်ရှင်းရေးဝန်ထမ်းမှအစ General Managerထိ မိမိရဲ့အချိန် လုပ်အား တက်သောပညာတွေကို အားပြုပြီး တစုံတယောက်ဆီမှ ငွေကြေးနှင့် လဲလှယ်ခြင်းကို ဆိုလိုပါတယ်။

 

၂.Self- Employed(Small Business)

Self-Employed မှာတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်ဖြစ်ပြီး ဒီအကန့်မှာ ရပ်တည်သော လူတွေ ဟာ အောင်မြင်မှုထက် ကျရှုံးသူတွေ များကြတယ်။

Self-Employedဘဝဟာ မိတ်ဆွေများအ တွက် စိန်ခေါ်မှုတခုပါပဲ။95%လောက် ကျရှုံးကြပြီး 5%သော အောင်မြင်သူတွေဟာ ငွေအတွက် အလုပ်လုပ်ပေးရင်း ငွေရဲ့ကျေးကျွန်ဖြစ်သွားပါတယ်။

မိမိဦးဆောင်မှ မိမိလုပ်မှရမှဖြစ်သော ဘဝမှာ ငွေနောက်လိုက်ရင်း အချိန်တွေဆုံးရှုံးခြင်း ကျန်းမာရေးတွေ ဆုံးရှုံးလာတယ် နောက်ဆုံး ရောဂါတွေအတွက် မိမိရှာတဲ့ငွေကို ပြန်သုံးလိုက်ရတယ်။

 

၃.Business (Big Business)

Business ကတော့ ဝင်ငွေစီးကြောင်းတခုကို systemဆိုတဲ့စနစ်တခုနဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

မိမိမလုပ်ပေမယ့်ရနေသော passive incomeဖြစ်ပါတယ်။

နောက်တခုက Businessလုပ်ငန်းကြီးမှာ ဝန်းထမ်း ၄၀၀ / ၅၀၀အထက်မှာ လည်ပတ်နေခြင်း ဖြစ်ပါတယ်။

ဒါကတော့ Business လုပ်ငန်းရဲ့အား သာချက်ကို အတိုချုပ်ပြောပြခြင်းဖြစ်ပါတယ်။

 

၎.Investment

Investmentလုပ်ငန်းကတော့ ရိုးရှင်းပါတယ်။

ငွေကိုမိမိက ပြန်ခိုင်းခြင်းဖြစ်ပါတယ်။မိမိမှာရှိတဲ့ အရင်းနှီးတခုကို ဘဏ်တွင်သော်လည်ကောင်း အိမ်ခြံမြေတွင်သော်လည်ကောင်း

ဟိုတယ် ဆေးရုံ အဆောက်ဦးသော်လည်ကောင်း ရင်းနှီးလုပ်ကိုင်တဲ့ passive incomeဖန်တီးထားတဲ့ လုပ်ငန်းတစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် သင့်ဘယ်အကန့်မှာ ရှိနေသလဲ?

သင်ဘယ်လိုရပ်တည်နေသလဲဆိုတာ သင်သိနေပြီဆို သင့်အတွက် passive incomeကို သင်ဘယ်လိုရှာ မလဲ?

ဒီနေ့အတွက် Robert T.KiyosakiR ရဲ့ စာအုပ်မှ ရေးသားမှုနဲ့ ကျွန်တော်အမြင်ကို အတိုချုပ် ရှင်းပြခြင်းဖြစ်ပါတယ်။

Recommended for you-ကိုယ့် career လမ်းကြောင်းကိုဘယ်လိုရှာမလဲ?

Credit; ko htet