Digital Marketing

Audience တွေဆီကနေ တုန့်ပြန်မှုကောင်းတွေ ရရှိစေနိုင်တယ့်နည်းလမ်းများ

Read 1663 times
Audience တွေဆီကနေ တုန့်ပြန်မှုကောင်းတွေ ရရှိစေနိုင်တယ့်နည်းလမ်းများ

ဒီလို Engagement ကောင်းတွေရဖို့ဆိုရင် သင့်အနေနဲ့ Audience တွေကို သင့်လုပ်ငန်းနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို မေးကြည့်သင့်ပါတယ်။


၁။ ကိုယ့်ရဲ့လုပ်ငန်းပေါ်ကို ထင်မြင်ချက်

ဒီမေးခွန်းကတော့ ဘယ် Brand မဆို ကိုယ့်ရဲ့ Customer တွေ Guest တွေ အားလုံးကို မေးသင့်တဲ့ မေးခွန်းပါ။ Audience တွေရဲ့ ထင်မြင်ယူဆချက်ကို အလေးထားရာလည်း ရောက်ပါတယ်။ သူတို့ ဒီလို ကူညီပေးတာကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ သင့်ရဲ့ ဝန်ဆောင်မှုအပေါ်မှာ ကျေနပ်အားရမှုရှိရဲ့လားဆိုတာ မေးသင့်ပါတယ်။ အဆိုးသဘောဝေဖန်မှုတွေ ကြုံရရင်လည်း အကောင်းဆုံးပြန်ပြင်ဆင်နိုင်တာပေါ့။ ဘာဝေဖန်မှုလာလာ ဒါတွေက သင့်ရဲ့လုပ်ငန်းတိုးတက်လာဖို့ ကူညီပေးနေတယ်ဆိုတာ မမေ့ပါနဲ့။


၂။ ဘာတွေအကူအညီလိုနေလဲမေးပါ

Audience ကို သင့်ဘက်က ဘယ်လိုဝန်ဆောင်မှုတွေ ပေးရမလဲမေးပါ။ လူတွေက သူတို့ကို ကြင်နာနွေးထွေးတဲ့ စကားတွေပြောရင် အရမ်းသဘောကျကြပါတယ်။ လူအများစုရဲ့စိတ်က သူတို့ complain တက်တဲ့အခါ ခပ်မြန်မြန် ပြန်လည်ဖြေရှင်းပေးတာကို နှစ်သက်တတ်ကြတာပါ။ ဒါကြောင့် Social Media မှာ သင့်ကိုယ်သင် အမြဲတမ်းနီးပါး Active ဖြစ်နေအောင် ကြိုးစားပါ။


၃။ Giveaway တွေလုပ်ပေးပါ

ပြိုင်ပွဲတွေ giveaway တွေကို လူတွေသဘောကျတတ်ကြပါတယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး Audience ရဲ့ အာရုံစိုက်မှုကို ကောင်းကောင်းကြီးရယူလိုက်ပါ။ ဆုဆိုပေမယ့် ဈေးကြီးဖို့မလိုဘဲ သင့်ရဲ့ Customer တွေအတွက် အသုံးဝင်မယ့် အရာတော့ဖြစ်သင့်ပါတယ်။


၎။ သင်သိပါသလား ဆိုတာမျိုးလေးတွေထည့်မေးပါ

Audience တွေရဲ့ တုံ့ပြန်မှုကို အကောင်းဆုံးရနိုင်မယ့် နောက်တစ်နည်းကတော့ သူတို့ရဲ့ သိချင်စိတ်ကို ဆွပေးတာပါပဲ။ သူတို့အတွက် မဖြစ်မနေ ဖြေသင့်တယ်ထင်စေမယ့် မေးခွန်းမျိုးနဲ့စပါ။ သူတို့အတွက် နှစ်ခါပြန်စဉ်းစားလောက်စရာ သဲလွန်စသေးသေးလေးပေးပါ။ ပြီးရင် ဖြေမယ့်အဖြေက သင့်ရဲ့ brand ကိုပါ promote လုပ်ပြီးသားဖြစ်နေမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါ့အပြင် သူတို့အတွက်လည်း တကယ်အကျိုးရှိမယ့် သတင်းတစ်ခုခုပြန်ဖြေပေးနိုင်ရင် ပိုအဆင်ပြေပါလိမ့်မယ်။

ငွေအရင်းအနှီးမလိုပဲ ဝင်ငွေကောင်းတဲ့ ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်တယ်ဆိုရင်

၅။ ဒါကို မမြင်ဖူးသေးဘူးမဟုတ်လား

ဒီမေးခွန်းကိုတော့ ဓာတ်ပုံတွေနဲ့တွဲပြီး အသုံးများပါတယ်။ Audience တွေအတွက် ဒီပုံတွေကို အဆုံးထိမကြည့်ဘူးဆိုရင် ဘာမှမသိနိုင်ဘူးဆိုတဲ့ Sense မျိုး ပေးနိုင်ရပါမယ်။


၆။ သင်ကြည့်နေရဲ့လား

လူတော်တော်များများက TV Program ဒါမှမဟုတ် Live Video တစ်ခုခုကြည့်နေတဲ့အခါ သူတို့ကြည့်တဲ့အကြောင်း Social Media မှာတင်ဖို့ Computer တွေ Smart Phone တွေ Tablet တွေကို သုံးတတ်ကြပါတယ်။ သင်ကိုယ်တိုင်လည်း သင့်ရဲ့ Program တစ်ခုခုကို ထုတ်လွှင့်နေတဲ့အခါ Fan တွေကို သူတို့ရောကြည့်နေရဲ့လားဆိုတာ မေးသင့်ပါတယ်။ အထူးသဖြင့် သင့်ရဲ့ လူကြိုက်များတဲ့ Program တစ်ခုခု ထုတ်လွှင့်နေတဲ့အချိန်မှာပေါ့။


၇။ အကြိုက်ဆုံးစာအုပ်ကဘာလဲ

အလွယ်ဆုံးနဲ့ လူကြိုက်အများဆုံးမေးခွန်းပါ။ သင့်ရဲ့ ရည်ရွယ်ချက်က Audience တွေနဲ့ Engagement ကောင်းကောင်းရဖို့ပဲဆိုရင်တော့ အကြိုက်ဆုံးစာအုပ် ရုပ်ရှင် သီချင်း စတာတွေကို မေးသင့်ပါတယ်။


၈။ Audience တွေရဲ့ အကြောင်းတွေကိုမေးပါ

သင့်ရဲ့အကြောင်းမဟုတ်ဘဲ Audience တွေရဲ့ ကိုယ်ရေးကိုယ်တာတွေအကြောင်းကို ဆွေးနွေးတဲ့အခါ သင့်ကို တဖြည်းဖြည်းနဲ့ သူတို့အကြောင်း ပွင့်ပွင့်လင်းလင်းပြောလာတတ်ကြပါတယ်။ စိတ်ပညာရှင်တစ်ယောက်လိုတွေးကြည့်ပါ။ သင့်ရဲ့အလုပ်က သူတို့အပေါ် လူလည်မကျ မလိမ်လည်ဘဲ သူတို့အကြောင်း ကောင်းကောင်းသိနေဖို့ပါပဲ။ ဒါကြောင့် ဒီမေးခွန်းကလည်း Engagement ကောင်းအောင် ကူညီပေးပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ အချက်လေးတွေက ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေကြသူတွေအတွက် အိုင်ဒီယာလေးတစ်ခု ဒါမှမဟုတ် အကျိုးကျေးဇူးတစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။

Source; MOE
Myanamr Advertising Direcetory