Life Hacks

အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ

Read 276 times
အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ

 

ကိုယ်ချစ်တဲ့သူက ကိုယ်အနားကထွက်သွားမှာစသဖြင့်တည်ငြိမ်နေတဲ့ အခြေအနေတစ်ခုကနေ ပိုမိုစွန့်စားရမဲ့ အခြေအနေမျိုးကိုကြုံတွေ့ရမှာ ကြောက်တတ်ကြပါတယ်။

 

လောကမှာ “မပြောင်းလဲတာတစ်ခုကတော့ အပြောင်းအလဲ” ဆိုတဲ့ စကားရှိပါတယ်။

 

ဒါဟာတကယ်လည်း အမှန်တရားပါ။အချိန်တွေဟာပြောင်းလဲမယ် လူတွေရဲ့စိတ်နေ စိတ်ထား၊ အခြေအနေ အစစအရာရာကတော့ ရပ်တန့်မသွားပဲ ပြောင်းလဲနေတာပါ။

 

ထို့ကြောင့်လက်ရှိအခြေအနေကနေ ပြောင်းလဲမှုတွေကိုကြုံရရင်စိတ်မပျက်ပါနဲ့။

 

ချစ်သူကထားသွားတာပဲဖြစ်ဖြစ်၊ အလုပ်ပြောင်းရတာပဲဖြစ်ဖြစ်၊ မိသားစုနဲ့ခွဲခွာရတဲ့အခြေအနေပဲ ကြုံတွေ့ ကြုံတွေ့ စိတ်မပျက်ပါနဲ့။

 

အချို့သောနာကျင်စရာတွေက ကိုယ့်ကိုပိုမိုကြံ့ခိုင်လာစေပါတယ်။ အခက်အခဲတွေကိုကျော်လွှားလိုက်ခြင်းအားဖြင့် နောက်ထပ်ကြုံ လာရမဲ့အရာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာစေပါတယ်။

 

နောက်တစ်ချက်ကတော့ အဲ့ဒီလို ဆိုးဆိုးဝါးဝါးအပြောင်းအလဲတွေကြောင့်ပဲ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကိုတွေ့နိုင်တယ်ဆိုတာ သင် သိထားသင့်ပါတယ်။

 

 

Credit;knowledge