Tips

Promotion လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Read 12 times
Promotion လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Promotion ဆိုတဲ့နေရာမှာ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုတစ်ခုခုကို အရောင်းမြှင့်တင်တာမျိုး၊ စားသုံးသူတွေကြား ချပြတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ရှိပြီးသား product တွေကို လူသိများအောင် ထပ်လုပ်တာ ဖြစ်ပါတယ်။ promotion တိုင်းဟာ လျော့ဈေး (Discount) ပေးတာမဟုတ်ဘူး။ Promotion တစ်ခုမှာအဓိက ကျတဲ့ အချက်တွေကတော့...

 

Personal Selling

မျက်နှာထားချိုသာပြီး ရွှင်ပြတဲ့ အပြုံးလေးများနဲ့ ရှင်းပြရောင်းတတ်တဲ့ အရောင်းမြှင့်တင်ရေး ၀န်ထမ်းလေးတွေ ဆီမှာဈေးဝယ်ရတာ အင်မတန် စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ပြုံးတတ်ပြီး အပြောကောင်းတဲ့သူတွေဟာ ဈေးရောင်းကောင်းသူတွေ ဖြစ်ကြပါတယ်။ PROMOTION ပွဲတွေမှာ တစ်ကယ်ကျွမ်းကျင်တဲ့ အရောင်းမြှင့်တင်ရေး ၀န်ထမ်းတွေ တစ်ကယ်ပဲ အရေးကြီးပါတယ်။

 

Advertising

ကြော်ငြာခြင်းဟာ သင့်ကုန်ပစ္စည်းတွေအတွက် အရောင်းမြှင့်တင်ခြင်းတစ်မျိုးပါပဲ။ PROMOTION မှာတစ်ကယ့်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သင့်ကုန်ပစ္စည်းရဲ့ သတင်းအချက်အလတ်များကို အလွယ်ဆုံးနဲ့ အမြန်ဆုံး၊ အကောင်းဆုံး၊ အပျံနှံနိုင်ဆုံး ဖြန့်ဝေပေးနိုင်ပါတယ်။

 

Direct Marketing

ဒါကတော့ သင် ပစ်မှတ်ထားတဲ့ သူတွေ၊ အစုအဖွဲ့တွေ၊ ဈေးကွက်တွေကို တိုက်ရိုက်ရွေးချယ် Marketing လုပ်တာပါပဲ။ အချိန်မကုန်ဘူး၊ အလေအလွင့် မဖြစ်ဘူး။ လိုရာကို တိုက်ရိုက်ရောက်တယ်။ ဒါပေမဲ့ တိကျတဲ့ Data, Information တွေတော့ လိုပါတယ်။ ပုံမှန်ဖောက်သည်တွေ၊ နောက်တစ်ချိန်ကျ ၀ယ်မယ်လို့ အသိပေးထားတဲ့သူတွေကို တိုက်ရိုက်ဆက်သွယ် အသိပေးဖိတ်ခေါ်တာပါပဲ။

 

Sale Promotion

ဒါကတော့ အဓိက လူတွေရဲ့ ၀ယ်ချင်စိတ်ကို နှိုးဆွပေးတာပါ။ ဈေးသက်သာရင်၊ ဈေးတော်ရင် ၀ယ်ချင်စိတ်ဖြစ်လာတာ လူတွေရဲ့ သဘာဝပါ။ ဘယ်လို ၀ယ်ချင်စိတ်ဖြစ်လာအောင် လုပ်မလဲ။ လက်ဆောင်တွေပေးမယ်။ Sample ပစ္စည်းတွေပေးမယ်။ ဈေးလျော့ပေးမယ်။ Buy 2 = Get 1 free ဒါမျိုးတွေ လုပ်မယ်။ ၀န်ဆောင်မှုတွေ အပိုထပ်ဆောင်းပေးတာမျိုးပါ။

 

Public Relation

လူတွေကို တစ်နည်းအားဖြင့် Promotion ပွဲမှာ ၀ယ်ချင်လာအောင် ဆွဲဆောင်တာ ဖြစ်ပါတယ်။ ရောင်းရငွေရဲ့ ဘယ်နှယ်ရာခိုင်နှုန်းကို ဆေးရုံ၊ ကျောင်း၊ ဘယ်ဖောင်ဒေးရှင်းကို လှူပါမယ် စတဲ့ ကြော်ငြာမျိုး ဖြစ်ပါတယ်။ ဒီ Promotion ပွဲနဲ့ လာရောက်ကြည့်ရှုသူတွေ၊ ၀ယ်ယူကြသူတွေအကြောင်း မီဒီယာတွေမှာ ပါအောင်လုပ်ခြင်းအားဖြင့် လူတွေရဲ့စိတ်ဝင်စားမှုဒီရေ ဆွဲတင်ယူခြင်း ဖြစ်ပါတယ်။

 

Source; 4utraining

Myanmar Advertising Directory