Advertising Agency

လုပ်ငန်းခွင် အတွင်းစိတ်ဖိစည်းမှုတွေကို ဘယ်လို လျော့ချမလဲ

Read 4288 times
လုပ်ငန်းခွင် အတွင်းစိတ်ဖိစည်းမှုတွေကို ဘယ်လို လျော့ချမလဲ

ဒီအချက်ကတော့ အလုပ်အတွင်းစိတ်ဖိစည်းမှုရရှိခြင်းပဲဖြစ်ပါတယ်။ အလုပ်အတွင်းစိတ် ဖိစည်းမှုအလွန်များနေလို့ အမြဲစိတ်ဓာတ်ကျနေစရာမလိုပါဘူး။ အလုပ်ခွင်အတွင်းအောင်မြင်သူဖြစ်ချင်ရင်တော့ စိတ်ဖိစည်းမှုများကို ကောင်းကောင်းကိုင်တွယ်နိုင်ရပါတယ်။

ဒီတော့ Myanmar Advertising Directory ပရိတ်သတ်ကြီးအတွက်၊ အလုပ်ခွင်အတွင်းစိတ်ဖိစည်းမှုတွေ ဘယ်လိုလျော့ချရမလဲဆိုတာ တင်ပြပေးလိုက်ပါတယ်။

အလုပ်တွေကို တစ်ခုပြီးမှတစ်ခုလုပ်ပါ။

တစ်ချို့အလုပ်တွေမှာ အဓိကစိတ်ဖိစည်းမှုအများဆုံးက အလုပ်တွေမတန်တဆ များနေခြင်းကြောင့်ဖြစ်ပါသည်။

သင်ဒီလိုအခြေအနေ နဲ့ ကြုံတွေ့ရပြီဆိုရင်တော့ စိတ်ကိုအတတ်နိုင်ဆုံးလျော့ကာ တစ်ခုခြင်းစီအစီအစဉ်တကျ ပြုလုပ်ခြင်းက Multi-tasking လုပ်ခြင်းထက်စိတ်ဖိစည်းလျော့ကျစေပါတယ်။

လုပ်ရမည့်အလုပ်တွေကို အစီအစဉ်လိုက်ချရေးထားပါ။

အရမ်း Stress များနေချိန်မှာ သင့်ဦးနှောက်မှတ်နိုင်စွမ်းက ပုံမှန်ထက်လျော့ကျသွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆို အကောင်းဆုံးကတော့ လုပ်ရမည့်အလုပ်တွေကို အစီအစဉ်လိုက်ချရေးထားခြင်းဖြစ် ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက အလုပ်လုပ်ရတာ ပိုမိုလွယ်ကူစေပါတယ်။

နေ့စဉ်လုပ်ရမည့်အချက်များကို လိုရင်းတိုရှင်းရေးပါ။

တစ်ခါတစ်ရံမှာအသေးစိတ်သွားခြင်းက ကောင်းမွန်တဲ့အကျင့်စရိုက်ဆိုပေမယ့်လည်း အလုပ်အရမ်းများပြီး၊ စိတ်ဖိစည်းမှုများနေချိန်မှာတော့ လုပ်ရမယ့်အလုပ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန်လုပ်ခြင်းက စိတ်ဖိစည်းမှုတွေကို လျော့ချစေရန်အကောင်းဆုံးဖြစ်ပါသည်။