Global

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ခဲ့တဲ့ Elon Musk ရဲ့လျှို့ဝှက်ချက်

Read 2267 times
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ခဲ့တဲ့ Elon Musk ရဲ့လျှို့ဝှက်ချက်

သူဟာ Pennsylvania တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ Elon Musk က ဇနီးသုံးယောက်နဲ့ သားသမီး ၆ယောက်နဲ့ ဘဝကိုပျော်ရွှင်စွာဖြစ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။

Elon Musk ဟာ Space X အာကာသ ကုမ္ပဏီရဲ့တည်ထောင်သူ CEO တစ်ဦးဖြစ်ပြီး Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် Neuralink ရဲ့ ပူတွဲတည်ထောင်သူလည်းဖြစ်ပြီး CEO တာဝန်ကိုလည်း ယူထားပါသေးတယ်။ ကုမ္ပဏီကြီး ၃ခုရဲ့ CEO အဖြစ်တာဝန်ယူထားပြီး အောင်မြင်အောင် ဦးဆောင်မှုပေးနိုင်နေခဲ့တဲ့ Musk ရဲ့အောင်မြင်မှုအတွက် သော့ချက်က ဘာဖြစ်မလဲ။

အွန်လိုင်းရှော့ပင်းတွေ အရင်ကထက် ရောင်းအားကောင်းပြီး အောင်မြင်စေဖို့

Musk က “ကျွန်တော်ရဲ့အောင်မြင်မှုအတွက် အဓိကသော့ချက်ကတော့ အလုပ်လုပ်ခြင်းပဲ။ ရက်သတ်တစ်ပတ်ရဲ့ဘယ်နေ့ဖြစ်ဖြစ် ကျွန်တော်အလုပ်ကို အာရုံစိုက်ပြီးကြိုးကြိုးစားစား လုပ်တယ်။ သာမန်လူတစ်ယောက်ဟာ တစ်ပတ်ကို နာရီ ၄၀လောက် အလုပ်လုပ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်သတ်မှတ်ထားတဲ့ ပန်းတိုင်ကိုရောက်ဖို့အတွက် တစ်ပတ်ကို နာရီ၁၀၀ အလုပ်လုပ်ပါတယ်”လို့ Steve Jurvetson နဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

သူဟာ တစ်ပတ်ကိုနာရီ ၁၀၀ အလုပ်တာတောင်မှ ကုမ္ပဏီ၃ခု အတွက် ခွဲခြမ်းကြည့်တဲ့အခါ ကုမ္ပဏီ တစ်ခုစီအတွက် ၃၅ နာရီတောင်မရှိပါဘူး။ သူဟာငယ်ကတည်းက အလုပ်ကြိုးစားတတ်တဲ့သူ ဖြစ်တဲ့အတွက် သူ့အတွက်က
အလုပ်ပိုလုပ်ရတာဟာ မထူးဆန်းတော့ပါဘူး။ ဟုတ်ပါတယ် တကယ်ကို အောင်မြင်ချင်တယ်၊ ကြွယ်ဝချမ်းသာချင်တယ်ဆိုရင်တော့ သာမန်ထက် အလုပ်ပိုကြိုးစား လုပ်ကိုင်ဖို့ဟာ အဓိကကျတဲ့ သော့ချက်ပါပဲ။

Elon Musk ဟာ 2018 ခုနှစ်မှာ သူရဲ့ ဝင်ငွေဟာ 20 Billion ရရှိခဲ့ပြီး 13.2 Billion ရရှိပြီး အခုလက်ရှိမှာတော့ ကမ္ဘာ့အချမ်းသာဆုံးသူတွေထဲမှာမှ ၅၄ ယောက်မြောက်နေရာမှာ ရပ်တည်နေရာမှာဖြစ်ပါတယ်။


Myanmar Advertising Directory