Marketing

လုပ်ငန်းစစချင်းမှာ သင့်ကုန်ပစ္စည်းကို ဖောက်သည်တွေလက်ခံလာစေမယ့် အချက်များ

Read 1656 times
လုပ်ငန်းစစချင်းမှာ သင့်ကုန်ပစ္စည်းကို ဖောက်သည်တွေလက်ခံလာစေမယ့် အချက်များ

သူတို့စိတ်မ၀င်စားတာကို သွားပြောရင်တော့ သင့်ကိုဂရုစိုက်မှာမဟုတ်တဲ့အပြင် ပိုပြီးတော့တောင် မြန်မြန်ဆန်ဆန်လျစ်လျူရှုသွားမှာပါ။

ဥပမာ ဟယ်ရီပေါ်တာလို ၀တ္ထုဇာတ်လမ်းတွဲတွေ ထွက်လာရင်ကြော်ငြာစရာမလိုအောင် ၀ယ်မယ့်သူရှိပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝတ္ထုမှာပါလာမယ့်ဇာတ်လမ်းကို စိတ်ဝင်စားနေပြီးသားလေ။ စီးပွားရေးလုပ်တဲ့ အခါမှာလည်းအဲလိုပါပဲ လူအများစိတ်ဝင်စားတဲ့အရာ၊ လိုအပ်မယ့် ကုန်ပစ္စည်းတွေနဲ့ထိုးဖောက်ရင် မြန်မြန်ဆန်ဆန်ပေါက်တတ်ပါတယ်။

လူအများ စိတ်ပါဝင်စားမှုမရှိတဲ့ ကုန်ပစ္စည်းကို ရောင်းဝယ်ဖောက်ကားရင်တော့ အရှုံးပေါ်ဖို့များပါတယ်။ ဥပမာ သက်သက်လွတ်သမားတွေကို အမဲသားစားခြင်းရဲ့အကျိုးကျေးဇူးတွေ သွားပြောနေလို့လဲ အလကားပါပဲ။ သင်မောတာပဲ အဖတ်တင်ပါမယ်။ သူတို့သင်ရောင်းတဲ့ အသားတွေကိုဝယ်စားမှာ မဟုတ်ပါဘူး။ သင်ဘယ်လိုပဲ သက်သေသာဓကတွေပြပြ၊ သင်ဘယ်လောက်ပဲ အဟောအပြောကောင်းကောင်း သူတို့လက်ခံဖွယ်နည်းပါတယ်။

မိမိရဲ့လုပ်ငန်းအတွက် ကိုက်ညီတဲ့ Photo တစ်ခုရဖို့ Size ရွေးချယ်မယ်ဆိုရင်

လူတိုင်းမှာ အစွဲတွေရှိတတ်ပါတယ်။ လူတစ်ယောက်ရဲ့အစွဲကိုချွတ်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ပါဘူး။ အဲဒါကြောင့် စီးပွားရေးလုပ်ရင် သူများလက်မခံတာကို ဇွတ်အတင်းထိုးရောင်းမယ့်အစား သူတို့လိုချင်တာကို သင်ဖြည့်ဆည်းပေးရင် သင့်လုပ်ငန်းအောင်မြင်ပါလိမ့်မယ်။

လူတစ်ယောက်ရဲ့လက်ခံနိုင်မှုဟာလည်း အရာဝတ္ထုနဲ့အချိန်အခါပေါ် မူတည်ပါတယ်။ အချိန်အခါပေါ်မူတည် ပြီးတော့ လူတစ်ယောက်ရဲ့လက်ခံနိုင်မှုပြောင်းလဲပါတယ်။ သင့်ရဲ့ဖောက်သည်တွေကို တစ်ခုခုအသိပေးချင်ရင်တော့ မီဒီယာကအရေးပါလာပါပြီ။ သင်အသိပေးတဲ့ပုံစံဟာ သင့်ဝယ်ယူသုံးစွဲသူတွေအပေါ် များစွာအကျိုးသက်ရောက်မှုရှိပါတယ်။

သင်ဟာ သူတို့ကိုသာရည်ရွယ်ပြီး အသိပေးတဲ့ပုံစံဖြစ်နေရင်တော့ ပိုပြီးထိရောက်မှုရှိပါတယ်။ ဥပမာ အားကစားပစ္စည်းကိုကြော်ငြာရင် အားကစားဂျာနယ်မှာ ထည့်ပြီးကြော်ငြာတာမျိုးပေါ့။ ဥပမာ သင်တို့ရဲ့ email box ထဲမှာ junk mail တွေဝင်ဖူးပါသလား။ တစ်ခါပို့ရင် email ရာထောင်ချီပြီးရောက်တဲ့ ကြော်ငြာမျိုးလေ။

အဲလို junk mail တွေကို လက်ခံရရှိသူ ၉၉% လောက်က ဖွင့်မကြည့်ကြတာအမှန်ပါ။ သင့်ရဲ့ချည်းကပ်မှုပုံစံကိုပြောင်းလိုက်ပါ။ ဒါဆိုရင်တဖက်လူရဲ့လက်ခံနိုင်မှုလည်း ပြောင်းသွားပါလိမ့်မယ်။ အဲလို junk mail တွေပို့နေမယ့်အစား သင်အသိပေးချင်တာတွေကို စာအိတ်နဲ့သေချာပို့ရင် အလုပ်ရှုပ်ပါ တယ်ဆိုတဲ့ CEO တွေတောင်မှ သင့်စာအိတ်ကို ဖွင့်ဖောက်ကြည့်မိမှာပါ။

ဘာလို့လဲဆိုတော့ စာအိတ်နဲ့ပို့တာ ကုန်ကျမှုများတယ်၊ ပိုခက်ခဲတယ်၊ အင်အားပိုစိုက်ထုတ်ရလို့ပါပဲ။ အဲဒါတောင်မှ သင်ပို့လိုက်တာတွေဟာ သူတို့စိတ်ဝင်စားတာတွေမဟုတ်ရင်တော့ သူတို့ရဲ့စိတ်ဝင်စားမှုချက်ချင်းပျောက်သွားမှာပါ။ ဒါကြောင့် သူများစိတ်မ၀င်စားတာကို ဇွတ်အတင်းလုပ်နေမယ့်အစား သူတို့စိတ်ဝင်စားတာတွေကိုလေ့လာပြီး ဖြည့်ဆည်းပေးမယ်ဆိုရင် သင့်လုပ်ငန်းပိုမိုအောင်မြင်မှာပါ။


Source; စီးပွားရေးအတွေးအမြင်များ
Myanmar Advertising Directory