Rules & Regulations

Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၁ )

Read 2243 times
Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၁ )

၁၅ မိနစ်အတွင်းမှာ Google Analytics အကောင့်တစ်ခုကို လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေး ( ၅ ) ချက်ကို တစ်ဆင့်ချင်းစီ ဖော်ပြပေးသွားပါမယ်။

ပထမဦးဆုံး Google Analytics ၀က်ဆိုဒ်ဖြစ်တဲ့ https://ces.to/jsStiS ကို အရင်ဝင်လိုက်ပါ။

Google Anayltics Step 1

အီးမေးလ်အကောင့် တစ်ခုထဲနဲ့ Google Analytic မှာ သင်ဟာ စုစုပေါင်း အကောင့် ( ၁၀၀ ) အထိ ဖွင့်လို့ ရပါတယ်။ လက်ရှိဝင်ထားတဲ့ အီးမေးလ်ကိုတော့ မမေ့ပါစေနဲ့။

အောင်မြင်ဖို့ အလားအလာကောင်းတဲ့ Copy Writer တစ်ဦးရဲ့ ထူးခြားချက်များ

အဆင့် ၁

အပေါ်က လင့်ခ်ထဲကို ၀င်ပြီးရင် ကိုယ်ပိုင် Google Analytics အကောင့်ကို ဖန်တီးဖို့အတွက် Sign Up လုပ်လိုက်ပါ။ Website အတွက်လား Mobile App အတွက်လား ဆိုတာ ရွေးချယ်ပြီး လိုအပ်တဲ့ အချက်အလက် အပြည့်အစုံကို ဖြည့်သွင်းပါ။ Get Tracking ID ဆိုတာလေး နှိပ်ပြီးပြီးဆိုရင် အကောင့်တစ်ခု ပိုင်ဆိုင်သွားပါပြီ။

S 1

အဆင့် ၂

Tracking ID လေး ပေါ်လာတဲ့အခါ အဲဒီနံပါတ်လေးတွေကို မှတ်ထားပါ။ Send Text Traffic ဆိုတာကို နှိပ်ပြီး အကောင့်ရှိပြီလားဆိုတာ စမ်းသပ်ကြည့်လို့ ရပါတယ်။ ဒီအဆင့်မှာ သင့်ရဲ့ဝက်ဆိုဒ်ထဲကို လူဘယ်လောက်ဝင်လဲ၊ Page View ဘယ်လောက်ရှိလဲ စတဲ့ အချက်အလက်တွေကို စတင် သိရှိနိုင်ပြီ ဖြစ်ပါတယ်။

ss

ဒါပေမဲ့ လုပ်ငန်းစဉ် မပြီးသေးပါဘူး။ ဆက်လုပ်ဖို့ အဆင့်လေးတွေ ကျန်ပါသေးတယ်နော်။

အဆင့် ၃

Google Analytic အကောင့်တစ်ခုမှာ Goals ( ၁၀ ) ခု ထည့်လို့ ရပါတယ်။ Goal တွေက အထူးသဖြင့် Marketing Campaigns တွေ ဒါမှမဟုတ် Customer Conversions တွေနဲ့ ပတ်သတ်ပြီး သင် တကယ်သိချင်တဲ့ အချက်အလက်တွေကို စိစစ် ရွေးချယ်ပြီး ခြေရာကောက်ပေးနိုင်ပါတယ်။ 

111111111111

New Goal ဆိုတာကို နှိပ်ပြီး မိမိလိုအပ်တာကို ဖြည့်သွင်းနိုင်ပါတယ်။

အင်တာနက်မှာ တစ်ခုခုရှာတဲ့အခါ သင့်လုပ်ငန်းကို အရင်ဆုံး မြင်ရအောင်

ဆိုပါစို့။ သင့်ရဲ့ ၀က်ဆိုဒ်ပေါ်မှာ တင်ထားတဲ့ Ebooks တွေကို လူဘယ်နှစ်ယောက် ဒေါင်းလုတ်လုပ်သွားသလဲ ဆိုတာ သိချင်တယ်။ အဲဒီလိုမျိုးကို Goal ကနေ အသေးစိတ် သိရှိနိုင်ပါတယ်။

Google Analytics Setting up Goals Part 2

Goals ရဲ့ အောက်မှာ...
Revenue
Acquisition
Inquiry
Engagement ဆိုပြီး စုစုပေါင်း Categories ၄ ခု ရှိပါတယ်။ မိမိဘာသာ ထပ်ထည့်လို့ ရအောင်
Custom ဆိုပြီးလည်း ထားရှိပေးထားပါတယ်။

အပိုင်း ၂ ဆက်ဖတ်ရန် ... Google Analytics ကို ၁၅ မိနစ်အတွင်း ဘယ်လို တည်ဆောက်မလဲ ( ၂ )