တော်တော်များများ ပြောတတ်ကြတာက ဒီအချိန်မှာ ငါ အဆင်သင့် မဖြစ်နေသေးလို့ပါ။ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်ကျရင် အောင်မြင်အောင် ပြန်လုပ်မယ်တဲ့။ ဒါပေမယ့် ဘာမှ ထပ်ပြီး အကောင်အထည်မပေါ်လာခဲ့ပြန်ပါဘူး
ကျွန်တော်တို့ဟာ ကောက်ရိုးမီးလို အစပိုင်းမှာ ဇွဲနဘဲကောင်းကောင်းနဲ့ အကောင်အထည်ဖော်လေ့ရှိကြပေမယ့် အနည်း ငယ်လောက် ကြိုးပမ်းအားထုတ်ပြီးရင်တော့ ကိုယ့်ကိုယ်ကို လုံလောက်ပြီလို့ ထင်တတ်သွား ကြတယ်။
အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ တဖြည်းဖြည်း တုံ့နှေးသွားတာပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ???
ဘာကြောင့်လဲဆိုတဲ့ အဖြေကတော့ ကျွန်တော် တို့ဟာ မြန်မြန်နဲ့များများ လိုချင်လို့ပါပဲ။ ဆိုလိုတာက အချိန် တိုအတွင်းမှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်မိကြလို့ပါ။ တာဝန်အသစ်တွေကို ထမ်းဆောင်ဖို့ အားနည်းကျလို့ပါ။ အကျင့်ဟောင်းတွေကို ပြင်ဖို့ခက်ခဲသလို အကျင့်အသစ်တွေ မွေးမြူဖို့ခက်ခဲ လို့ပါ။
ဒီအကျင့်ဆိုးတွေကို ဂျပန်လူမျိုးတွေရဲ့ ခိုင်ဇံလို့ခေါ်တဲ့ အလေ့အထတစ်ခုနဲ့ တိုက်ထုတ်ကြရအောင်။ တစ်မိနစ်သဘောတရားလို့လဲ ခေါ် ကြတယ်။ ဒီအလေ့အထရဲ့ အဓိကအနှစ်သာရကတော့ နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ကိုယ်လေ့လာသင်ယူချင်တဲ့အရာ (ဒါမှမဟုတ်) ကိုယ်လုပ်ချင်တဲ့ အရာကို တစ်မိနစ်တည်းသာ လုပ်ဖို့ပါပဲ။
သေချာတာကတော့ ဘယ်လိုလူမျိုးအတွက်မဆို ဒီလိုလုပ်ဖို့ လွယ်ကူပြီး အရမ်းပျင်းတဲ့လူတွေတောင် တစ်မိနစ် တော့ လုပ်နိုင်ကြတာချည်းပါပဲ။ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ခုကို တစ်နာရီ၊ နာရီဝက် စသဖြင့်လုပ်ဖို့ အခက်အ ခဲရှိနိုင်ပေမယ့် စက္ကန့်(၆၀)လောက်ပဲ လုပ်တဲ့အခါ ဘာအမှားမှမဖြစ်ဘဲ အာရုံစူးစိုက်နိုင်ဖို့ သေချာပါတယ်။
သည်လိုလုပ်ရင်းနဲ့  အရင်က ကျွန်တော် တို့အနေနဲ့ နှစ်သက်ဖွယ်ကောင်းမယ်လို့ မထင်ခဲ့တဲ့ အလုပ်တွေဟာ ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေ ဖြစ်ပေါ်လာစေကြောင်း တွေ့ရမှာပါ။
ဒီလိုနဲ့အချိန်နည်းနည်းချင်းစီ တိုးသွားလိုက်ရင်ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး ရလာဒ်ကောင်း တွေရအောင် စွမ်းဆောင်လာနိုင်ကြမှာလဲ ဖြစ်ပါတယ်။
တစ်မိနစ်သဘောတရားဟာ ကျွ န်တော် တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပေါ် မယုံကြည်ဖြစ်နေမှုအပေါ် အနိုင်ယူလိုက်ပြီး မလုံမလဲဖြစ်မှုတွေ၊ အကူအညီကင်းမဲ့သလို ခံစားနေရမှုတွေထံမှ လွတ်မြောက်စေမှာ ဖြစ်ပါတယ်။
အဲဒီလိုခံစားလာရပြီဆိုရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချိန်တစ်မိနစ်ကနေ နည်းနည်းချင်းစီ တိုးလို့ရပါပြီ။ ဒါပေမယ့် အစပိုင်းမှာ ငါးမိနစ်ခန့်သာ တိုးသွားဖို့ လိုပြီး နောက်ပိုင်းကျ မှသာ နာရီဝက်၊ တစ်နာရီ စသဖြင့် တိုးသွားရမှာဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ တစ်မိနစ်သဘောတရား ရဲ့ တိုးတက်မှုအခြေအနေကို ကျွ န်တော် တို့မျက်စိရှေ့မှာတင် တွေ့ မြင်ရမှာပါ။ ကျွန်တော် တို့လိုအပ်တာက ကျွန်တော် တို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက် ဖို့ပါပဲ။ အဲ့နောက်မှာတော့ ခိုင်ဇံရဲ့ သဘော တရားကိုနားလည်လာမှာပါ။
Read-ဘာမှမလုပ်ရင် ဘာမှမရဘူးမှတ်ပါ
Credit; Original writer