Digital Marketing

လုပ်ငန်းရှင်များ Business Email ကိုအသုံးပြုသင့်တဲ့ အကြောင်းအရင်း

Read 2034 times
လုပ်ငန်းရှင်များ Business Email ကိုအသုံးပြုသင့်တဲ့ အကြောင်းအရင်း

ဒါဆိုရင် လုပ်ငန်းတွေ Digitalize လုပ်ဖို့အတွက် Digital Marketing တွေ၊ Computerized System တွေ၊ Accounting Software တွေမသုံးခင် Business Communication မှာ အခြေခံကျတဲ့ Business Email ကို ထိထိရောက်ရောက် သုံးတတ်ပြီလား ပြန်စဉ်းစားကြည့်ပါ။


မြန်မာလုပ်ငန်းရှင်အများစုက email ကို communication tool အနေနဲ့ ထိထိရောက်ရောက် အသုံးပြုသူနည်းနေပါသေးတယ်။ Email ကို communication သာမက ဝန်ထမ်းအချင်းချင်း collaborate လုပ်နိုင်တဲ့ tool အဖြစ်သုံးလာနိုင်ပါပြီ။ ဆိုလိုတာက Email သည် စာပို့ရန်နှင့် စာလက်ခံရန်အတွက်သာ မဟုတ်ဘဲ ဝန်ထမ်းအချင်းချင်း ဆက်သွယ်ရန်အတွက်၊ group ဖွဲ့ကာ data & information များကို social media style အတိုင်း အချင်းချင်း like, comment, share တွေကိုလုပ်လာနိုင်ပါပြီ။


အရင်တုန်းကဆိုရင် တခြား ဌာနက သူတွေကို email forward လုပ်တော့မယ်ဆိုရင် Cc မှာ တစ်ယောက်ချင်းစီ add လုပ်စရာမလိုတော့ပါဘူး။ သက်ဆိုင်ရာ group ကို email ပို့လိုက်ရုံပါပဲ။ ဥပမာ [email protected] ကို ပို့လိုက်ရင် Finance group မှာ ရှိတဲ့သူအားလုံး ဆီရောက်သွားပါမယ်။ ဒါမဟုတ် social media style အတိုင်း email ကို post တင်ပြီး share နိုင်ပါသေးတယ်။ ဒီထက်ပိုကောင်းတဲ့ feature က ကိုယ့်အောက်က ဝန်ထမ်းတွေကို task တွေ၊ assign ချနိုင်ပါသေးတယ်။ ဥပမာ marketing ဌာနက ဝန်ထမ်းတွေကို ဘယ်သူက ဘယ်နေ့အပြီး brochure design အပြီးဆွဲတာမျိုး။ ပြီးတော့ အောက်က ဝန်ထမ်းတွေရဲ့ accounts တွေကို password က အစ၊ ကိုယ် မသုံးစေချင်တဲ့ website တွေကို ပိတ်ထားလို့ရပါတယ်။

သင့်စီးပွားရေးလုပ်ငန်းအတွက် မိတ်ဆက်ပွဲတွေ လုပ်တော့မယ်ဆိုရင်


ဝန်ထမ်းတွေအနေနဲ့ အရေးကြီး email တွေ မပို့ခင် အထက်အရာရှိက စစ်ဆေးဖို့ draft ကို share လို့ရတယ်။ အပြင်က customer တွေ vendor တွေနဲ့ ဆိုရင် ကိုယ့် email ကို ပို့ချင်တဲ့အချိန် schedule ပေးလို့ရပါတယ်။ သတိမေ့သွားလို့ email မပို့မိတာ မဖြစ်တော့ပါဘူး။ ကိုယ့်ဆီကို အကြွေးတောင်းထားတဲ့ email တွေကိုလည်း ရက်မပြည့်ခင် သတိပေးချင်ရင် email reminder အနေနဲ့ထားလို့ရတယ်။ နောက်တစ်ခုက ကိုယ်ပို့လိုက်တဲ့ email ကို လက်ခံတဲ့သူက ဖွင့်ဖတ်ပြီး၊ မဖတ်ပြီး သိအောင်လုပ်လို့ရပါသေးတယ်။ကိုယ့်စီစဉ်သည့် ပွဲတွေကို email နဲ့ invite လုပ်လို့ရပါသေးတယ်။ ဖေ့စ်ဘုတ် event လိုပဲ Yes, May be, No တွေ နှိပ်ပြီး email ထဲကပဲအကြောင်းပြန်လို့ရပါတယ်။


ကိုယ်တောင်းထားတဲ့ quotation ကို ကိုယ့် vendor က အချိန်အတိုင်းအတာ တစ်ခုထိအောင် reply မပြန်သေးရင် ကိုယ့်အနေနဲ့ auto reminder email ကို setting ပေးထားလို့ရပါတယ်။ vendor တစ်ယောက်ချင်းစီ reminder ပို့စရာမလိုတော့သည့်အတွက် purchaser တာဝန်ယူထားတဲ့ သူများအတွက်အဆင်ပြေပါတယ်။ ကိုယ့်ဆီဝင်လာတဲ့ email တွေကို အမျိုးအစားခွဲ tag လုပ်လို့ရပါသေးတယ်။ Inbox ထဲမှာ တခြား email တွေက ပို့ထားသည့် attached file ရှာမတွေ့တာမျိုး ဖြစ်ဖူးကြပါလိမ့်မယ်။ အဲဒါကို ဖြေရှင်းပေးနိုင်တာက attachment viewer ပါ။ attached file တွေကို တစ်နေရာတည်း မှာ တစုတစည်းထဲ ရှာဖွေနိုင်ပါတယ်။


အရေးကြီးဆုံးက email မှားပို့တဲ့အခါ (၂) နာရီအတွင်း ပြန်ဆယ်လို့ရအောင် လုပ်နိုင်ခြင်းပါ။ နောက်တစ်ခုက ကိုယ့်ဆီကို customer က email address မှားပို့လို့ email မဝင်မှာပူစရာမလိုတော့ပါဘူး။ ဥပမာ [email protected] အစား [email protected] လို့ customer က မှားပို့မိတဲ့အခါမျိုး လုံခြုံရေးအနေနဲ့ ကိုယ့်ဖုန်းနံပါတ်ကို ပို့ထားတဲ့ code နဲ့မှသာ log in ဝင်လို့ရတာမျိုးပါ။ ဆိုလိုတာက password သိရုံနဲ့ account ခိုးလို့မရတော့ပါဘူး။ Account တစ်ခုကို email address အကန့်သတ်မရှိ ဖွင့်နိုင်ပါတယ်။ SME လုပ်ငန်းရှင်တစ်ယောက်က သူတစ်ယောက်ထဲ account ရှိပေမယ့် address အမျိုးမျိုးထားသလိုမျိုးပေါ့။ ဝင်လာတဲ့ email တွေကို Filter လုပ်ပြီး folder ထဲရွှေ့တာတွေ၊ vacation reply တွေ၊ Auto signature ထည့်တာတွေကတော့ gmail မှာလည်းလုပ်လိုရတော့ မပြောတော့ပါဘူး။


Source; LoyalMandalay

Myanmar Advertising Directory