Life Hacks

ပိတ်ရက်တွေကို အိမ်တွင်းအောင်းပြီး ဘယ်လိုအသုံးချကြမလဲ

Read 192 times
ပိတ်ရက်တွေကို အိမ်တွင်းအောင်းပြီး ဘယ်လိုအသုံးချကြမလဲ

 

ဒီစာလေးက ပိတ်ရက်မှာ အိမ်တွင်းအောင်းနေကြတဲ့သူတွေအတွက်ပါနော်။ ခရီးမသွားရ၊ အပြင်လျှောက်မလည်ရပေမယ့် အိမ်ထဲမှာပဲ နေရင်း ပိတ်ရက်ကို အကျိုးရှိအောင် ဘယ်လိုအသုံးချရမလဲဆိုတာကို ပြောပြပါရစေ။

 

 

Skincare လုပ်ပါလား

 

အိမ်ထဲမှာ နေမထိ၊ လေမထိ ပိုးဟပ်ဖြူလေးလိုနေရတဲ့အချိန်အတွင်း အချိန်ရတုန်းလေး Skincare လုပ်နေပါလားလို့ ပထမဦးဆုံး အကြံပေးပါရစေနော်။ မျက်နှာကို ပေါင်းတင်တာမျိုး၊ ကြေးချွတ်တာမျိုးကနေစလို့ Mask ကပ်တဲ့အထိ ကြိုက်တဲ့ Skincare လုပ်နိုင်သလို အချိန်ပေးပြီး တစ်ကိုယ်လုံးကို DIY Skincare လုပ်နိုင်ပါသေးတယ်။ တကူးတကဆိုင်သွားနေစရာတောင်မလိုပါဘူး။ လိုအပ်တဲ့ပစ္စည်းတွေဝယ်ထားပြီး စိတ်တိုင်းကျ Skincare လုပ်နေရင်တော့ သူများတွေ ခရီးကနေ မဲတူးစုတ်ပြတ်ပြီး ရုံးပြန်တတ်တဲ့အချိန် ကိုယ်တွေကတော့ နုဖတ်ချောမွတ်ပြီး ရုံးတက်ရမှာမို့ တပန်းသာပါတယ်နော်။

 

 

ရုပ်ရှင်ကြည့်ပြီး စာအုပ်တွေဖတ်ပါလား

 

တခြားလူတွေ ကိုယ်တိုင်ကိုယ်ကျ ခရီးသွားနေပြီး ကမ္ဘာတစ်ခွင်လေ့လာရေးဆင်းနေတဲ့အချိန်မှာ အားကျမခံ ကိုယ်တွေလည်း အိမ်ထဲကနေ ကမ္ဘာပတ်နေလို့ရတဲ့နည်းလမ်းရှိပါတယ်။ အားမလျှော့ပါနဲ့။ ရုပ်ရှင်တွေကြည့်လိုက် စာအုပ်တွေဖတ်လိုက် လုပ်နေလိုက်ပါ။ ကိုယ် စိတ်ဝင်စားတဲ့အကြောင်းအရာကို အိမ်ထဲမှာနေရင်း ရရှိနိုင်ပါတယ်နော်။ တခြားလူတွေလောက်တောင် ပိုက်ဆံမကုန်၊ လူမပင်ပန်းပါဘူး။ စမ်းကြည့်သင့်ပါတယ်။

 

 

Diet လုပ်နေပါလား

 

ပိတ်ရက်တွေ ရက်ဆက်နေတဲ့အခါ အကောင်းဆုံးအချိန်ဖြုန်းနည်းတစ်ခုက Diet လုပ်နေဖို့ပါ။ အမြဲတမ်းလိုလို အပြင်မှာပဲ စားစားသွားသွားလုပ်နေရတော့ ကိုယ့်စိတ်တိုင်းကျ အစားရှောင်တာတို့၊ ရွေးချယ်စားသောက်တာမျိုး လုပ်လို့မရတာတော့ အမှန်ပါပဲ။ အချိန်လေးအားတုန်း ကြပ်ကြပ်မတ်မတ်လေး Diet လုပ်နေမယ်ဆိုရင် တစ်ရက်နှစ်ရက်လည်း တစ်ရက်နှစ်ရက်အလျောက် ကောင်းကျိုးအများကြီးပေးပါတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့၊ နောက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေစားပြီး အေးအေးဆေးဆေးအနားယူနေလိုက်ပါ။

 

 

စိတ်ကျန်းမာအောင်အားထုတ်ပါလား

 

ခရီးသွားတယ်ဆိုတာကလည်း စိတ်ကျန်းမာရေးအတွက် ပါပါတယ်။ စိတ်ရွှင်လန်းတက်ကြွဖို့၊ နောက်ပြီး နွမ်းနယ်နေတဲ့စိတ်ကို တစ်ဖန်ပြန်ပြီး ပျော်ရွှင်ကျေနပ်နိုင်ဖို့ဆိုတော့ အိမ်မှာနေရင်းနဲ့လည်း မဖြစ်နိုင်ဘူးလားဆိုရင် ဖြစ်နိုင်တာပေါ့။ တရားထိုင်တာမျိုး၊ စိတ်တည်ငြိမ်စေတဲ့ Yoga လို ကျင့်စဉ်မျိုးလေးတွေ ကျင့်တာမျိုး၊ Workout လုပ်တာမျိုးကို ကြိုးစားကြည့်ပြီးတော့ စိတ်ပျော်ရွှင်ပြီး ကိုယ်ခန္ဓာကျန်းမာအောင် လုပ်လို့ရပါတယ်။

 

ကဲ ဒီတော့ အိမ်ထဲမှာချည်း အောင်းနေရလို့လည်း စိတ်မညစ်ပါနဲ့။ ဘ၀ဆိုတာ နေတတ်ရင် ကျေနပ်စရာကြီးပဲ မဟုတ်ဘူးလား။ ခရီးမသွားရလို့ ဘူမနေပါနဲ့။ အိမ်ထဲမှာ နေနေရင်း အားလပ်ချိန်တွေကို ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချလို့ရပါတယ်။

 

 

Credit;Akhayar