Digital Marketing

ဒီဂျစ်တယ်ကြော်ငြာ စာတစ်ခုကို လူအများဆီရောက်အောင်ရေးနည်း

Read 2496 times
ဒီဂျစ်တယ်ကြော်ငြာ စာတစ်ခုကို လူအများဆီရောက်အောင်ရေးနည်း

 

Targetက အသက် ၊ အရွယ် ၊ ကျား၊ မ ပေးထားမယ် ထို့အပြင် ဖတ်တဲ့သူစိတ်ထဲမှာ သင့် ကြော်ငြာ Content ကို ဖတ်ဖတ်ပြီးခြင်း ဘယ်လို ခံစားသွားရမယ်ဆိုတာလိုချင်တာကိုရေးပေးထားပါတယ်။ကွန့်ချင်တဲ့ ကော်ပီ writer များ ဉာဏ်ကွန့်မြူးပြီးရေးပေါ့။ လူမြင်များတဲ့ခေါင်းစဉ်နဲ့ ပုံကို အဓိက ဂရုစိုက်ထားသင့်ပါတယ်။

 

ကြော်ငြာစာရေးသူ နဲ့ ဂရပ်ဖစ်ဒီဇိုင်နာတို့ရဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မူအဓိက ကျပါတယ်။ပုံကိုမြင်ပြီး စိတ်ဝင်စားစရာကောင်းမှသာလျင်စာကို ဆက်လက်ဖတ်ရူ့ကြတာပါ။ခေါင်းစဉ်ကို တိုတိုလေးနဲ့ စိတ်ဝင်စားဖွယ် ရေးသင့်ပါတယ် ကြော်ငြာစာ တစ်ခုမှာ ခေါင်းစဉ်က အသက်ပါပဲ။

 

ဖတ်ရူ့သူတွေကို စဉ်းစားစရာလေးတွေပေးပါ။လူငယ်တွေကို စွဲဆောင်ချင်တဲ့ ကြော်ငြာ စာဆိုရင် ဟာသနှောပြီးမှ သင့် ရည်ရွယ်ချက်လေးကိုမသိမသာ ဆွဲခေါ်ကာ ချရေးသွားပါ။စာရေးချိန် အာရုံစူးစိုက်မူ့တစ်နေရာထဲတွင်ရှိပေးပါ။အကုန်ဦးနှောက်ထဲပေါ်လာသမျှ ချရေးထားပြီး အကြမ်းရေးထားပါ ပြီးမှ စာပြန်စီပါ။

 

ဝေဖန်ချက် ဆိုးတွေ ရရှိလာမှာကို မကြောက်ပါနှင့် ထို ဝေဖန်ချက် တိုင်းဟာ သင့် post ကို reach အင်မတန်ရောက်စေပါတယ်။အချိန်ရရင်ကိုယ့် page ရဲ့ comment တိုင်းကို reply ပြန်ပါသင့်ပါတယ်။တကယ်တန်းမှာ Gen Z တွေကိုဆွဲဆောင်နိုင်ဖို့ သင့်အနေနဲ့ Burger King ရဲ့ ကြော်ငြာ Post တွေကို ကြည့်သင့်ပါတယ်။

 

Burger King က အင်္ဂလန် နန်းတော်မှ မင်းသား Harry ကယ်လီဖိုးနီးယားသို့ပြောင်းရွေ့ဝင် ဘုရင် ဖြစ်ချင်ရင် Burger King မှာ ဝန်ထမ်းလုပ်ပါဆို တိုက်တိုက်ဆိုင်ဆိုင် မထိတထ ကြော်ငြာ စာရေးသား ခဲ့ပါတယ်။ ထို့အပြင် ကိုဗစ်ဖြစ်ချိန်မှာလဲ Social Distancing Hat တွေထ ထုတ်လုပ်ကာ ကြော်ငြာ ဝင်ခဲ့ပါသေးတယ်။

 

Burger King ရဲ့ မားကတ်တင်းဟာ ရာသီအလိုက်ပါခရစ်စမတ်ရာသီဆို ခရစ်စမတ်ကြော်ငြာ campaign တွေ လုပ်ပြီး ဟောလိုဝင်း ရာသီဆို ဟောလိုးဝင်းအဆောင်အရောင်နဲ့ ကြော်ငြာ campaign တွေ လုပ်ပါတယ်။

 

Myanmar Advertising Guide