Global

Hyundaiရဲ့ Ioniq 5 CUV EVကို ၂၀၂၁ ခုနှစ်မှာ စတင်မည်

Read 2317 times
Hyundaiရဲ့ Ioniq 5 CUV EVကို ၂၀၂၁ ခုနှစ်မှာ စတင်မည်

 

ယနေ့ခေတ်နောက်ပိုင်းမှာ ၎င်းIoniqနာမည် ကျယ်ပြန့်လာသည်နှင့်အမျှ Hyundaiက Ioniqသည် သူ့ရဲ့ ရည်မှန်းချက် EV အမှတ်တံဆိပ်ဖြစ်ကြောင်း သက်သေပြဖို့အတွက် လာမည့်နောက်လေးနှစ်အတွင်း မော်ဒယ်သစ်သုံးမျိုးကို ရောင်းချခြင်းအားဖြင့် အရောင်းကိုယ်စားလှယ်ဖြစ်လာဖို့ ကြိုးပမ်းလျက်ရှိပါတယ်။

 

Hyundaiက Ioniq brandတစ်ခုအနေနဲ့ ၂၀၂၁ အစောပိုင်းမှာ Ioniq 5ကို စတင်မိတ်ဆက်ပေးမှာဖြစ်ပြီး 2019 Frankfurt Motor Showတုန်းက concept ၄၅ကို အခြေခံမည့် အလယ်အလတ်လျှပ်စစ်ဓာတ်အား CUV ကိုစတင်မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါသည်။

 

၂၀၂၂မှာ Ioniq 6 sedan (Prophecy conceptကို အခြေခံမည်) နှင့် ၂၀၂၄ ခုနှစ်တွင် Ioniq 7ကို ထုတ်လုပ်လာမှာဖြစ်ပါတယ်။ သို့သော် Ioniq 7ကို အတွက် လက်ရှိအယူအဆ အစီအစဉ်မရှိသေးပေမယ့် Hyundaiက Ioniq 7ကို အရိပ်အမြွက်အနေနဲ့ပဲ ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ teaser ရဲ့ ပုံစံဒီဇိုင်းကို သင်တို့အတွက် မျှဝေလိုက်ပါတယ်။

 

960x0.jpg

 

Hyundaiမှ ပြောကြားရာတွင် Ioniqက မော်တော်ယာဉ်တွေထက် ပိုတယ်လို့ဆိုသည်။ မိတ်ဆက်တဲ့ ကြော်ငြာဆောင်ပုဒ်ကတော့ "Hyundai ရဲ့ ကမ္ဘာလုံးဆိုင်ရာ EV ဈေးကွက်ကို ဦး ဆောင်ရန်အစီအစဉ်" ကိုအမှတ်အသားပြုထားပြီး "လူနေမှုပုံစံကိုဖြေရှင်းနည်းများ" နှင့် "ချောမွေ့သောခရီးသွားခြင်းများအတွက် ကားတွင်း နှင့်ကားပြင် အတွေ့အကြုံများကိုပေါင်းစပ်ခြင်း"စတဲ့ ရည်ညွှန်းချက် စွမ်းရည်တွေပါဝင်ပါတယ်။ ၎င်းဆောင်ပုဒ်ထဲက နောက်ဆုံးအချက်နှစ်ချက်နှင့် ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ကားကို စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းဖို့လိုအပ်ပါတယ်။

 

 

အားသွင်းမှု ပမာဏ မြန်ဆန်ခြင်း၊ အဆင့်မြင့် ချိန်ညှိနိုင်သော ထိုင်ခုံများပါဝင်တဲ့ Ioniqအတွက် Hyundai ရဲ့ကမ္ဘာလုံးဆိုင်ရာလျှပ်စစ်မော်ဂျူလာ (E-GMP) ပလက်ဖောင်းပေါ်မှာ အားလုံးက စောင့်ကြည့်နေကြပါတယ်။ EVsမှ အခြားမော်တော်ကားထုတ်လုပ်သူတွေလိုမျိုး E-GMP ပလက်ဖောင်းက Hyundai ဒီဇိုင်နာတွေကို ကားအတွင်းပိုင်းနှင့် ပတ်သတ်ပြီး စိတ်ကြိုက်စီမံခွင့်ပေးထားပြီး အဆင့်မြင့်ချိန်ညှိနိုင်သောထိုင်ခုံများ၊ ကြိုးမဲ့ဆက်သွယ်မှုနှင့် ထူးခြားတဲ့featureတွေကို မျှော်မှန်းထားကြပါတယ်။

 

အဆိုပါ 2020 Hyundai Ioniq EVကို Ioniq 0လို့ခေါ်ဆိုနိုင်ပြီး မိုင်ပေါင်း ၁၇၀ပြေးနိုင်ပါတယ်။ ၎င်းလုပ်ဆောင်နိုင်မှုက ၂၀၁၉မော်ဒယ်ရဲ့ ၁၂၄မိုင်ပြေးနိုင်မှုထက် ကြီးမားတဲ့ တိုးတက်မှု တစ်ခုဖြစ်ပါတယ်။ ၁၃၃ MPGe (MPGe သည် ဓာတ်ဆီနှင့်ညီမျှသောတစ်ဂါလံလျှင်တစ်မိုင်နှုန်း အတွက်အတိုကောက်ဖြစ်သည်။)စွမ်းဆောင်နိူင်ပြီး ၎င်းက လျှပ်စစ်မော်တော်ယာဉ်အနေနဲ့ ထိရောက်တဲ့ တိုးတက်မှုလို့ Hyundai ကပြောခဲ့ပါတယ်။

 

Written By Omega

 

Source:Forbes