တကယ်လုပ်နိုင်တယ်။
မလုပ်နိုင်ဘူးလို့ထင်ရင် တကယ်မလုပ်နိုင်ဘူး။
မလုပ်တတ်တာကို မလုပ်တတ်ဘူး ဆိုပြီး
မလုပ်တော့ရင် မလုပ်တတ်တော့ဘူး။
မလုပ်တတ်တာကိုမလုပ်တတ်ပေမဲ့
လုပ်နိုင်တယ်လို့တွေးပြီး လုပ်ရင်
လုပ်ရင်းလုပ်ရင်းနဲ့ တတ်သွားလိမ့်မယ်။
မလုပ်ကြည့်ရသေးပဲနဲ့ မလုပ်နိုင်ဘူးလို့ မပြောနဲ့။
တကယ်ဖြစ်အောင်လုပ်ရင် တကယ်ဖြစ်တယ်။
မဖြစ်ဘူးဆိုတာ တကယ်ဖြစ်အောင်မလုပ်လို့ပဲ။
• ခင်ဗျားပါးစပ်က မလုပ်နိုင်ဘူးလို့ ဆင်ခြေ ထိုင်ပေးနေတဲ့ အချန်မှာ
သူများတွေက ထလုပ်နေကြပြီ။
• ခင်ဗျားအတွေးက လုပ်နိုင်ပါ့မလားလို့ သံသယ၀င်နေချိန်မှာ
သူများတွေက ယုံကြည်မှုတွေနဲ့ ချီတက်နေကြပြီ။
• ခင်ဗျားစိတ်ဓာတ်က ပျော့ညံ့နေတဲ့ အချိန်မှာ
သူများတွေက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်နေကြပြီ။
• ခင်ဗျားလုပ်ရပ်တွေက တွန့်ဆုတ်နေတဲ့ အချိန်မှာ
သူများတွေက အခက်အခဲတွေကို ကျော်ပစ်လိုက်ကြပြီ။
• ခင်ဗျားက စလုပ်ရင်ကောင်းမလားလို့ တွေဝေနေတဲ့ အချိန်မှာ
သူများတွေက ပန်းတိုင်အထိဆုံးခန်းတိုင်အောင် ပန်းဝင်သွားခဲ့ကြပြီ။
ဒါတွေဟာ ခင်ဗျားဘာကြောင့် မအောင်မြင်သေးလဲဆိုတဲ့ အဖြေတွေပဲ။ ဒါပေမယ့် နောက်မကျသေးပါဘူး။ ခုချက်ချင်းပဲ ထလုပ်ပြီး အောင်မြင်မှုဆီကိုချီတက်နိုင်ပါတယ်။
လုပ်နိုင်တယ်လို့တွေးပါ။
လုပ်နိုင်ရမယ်လို့ ယုံကြည်ပါ။
လုပ်နိုင်အောင်လုပ်မယ်လို့ သန္ဒိဌာန်ချပါ။
အခုပဲ စတင်လုပ်ဆောင်လိုက်ပါ။
Just Do it!
Ready…..Go!
Read-သင်ဘာကြောင့် မအောင်မြင်သေးလဲဆိုတာ သင့်ကိုယ်သင်ပြန်ဆန်းစစ်ကြည့်ပါ
Credit; Future Wave