Digital Marketing

Apple ရဲ့ အသစ်ထုတ်မယ့် iOS 14 ကြောင့် ဒေါ်လာ ၈၀ ဘီလျံ IDFA ကြော်ငြာလုပ်ငန်းကဏ္ဍဗြောင်းဆန်

Read 9820 times
Apple ရဲ့ အသစ်ထုတ်မယ့် iOS 14 ကြောင့် ဒေါ်လာ ၈၀ ဘီလျံ IDFA ကြော်ငြာလုပ်ငန်းကဏ္ဍဗြောင်းဆန်

ကြော်ငြာထားတဲ့ ကြော်ငြာတွေကို နောက်ယောင်ခံ လိုက်ပေးပါတယ်။ ဿပမာ အိုင်ဖုန်း သုံးသူနဲ့ ဆီလျော်တဲ့ ကြော်ငြာကို ရွေးချယ်ပြသပေးဖို့ လုပ်ပေးတယ်။ ဖုန်းကိုင်သူ မည်သူမည်ဝါဆိုတာ သိခွင့်မရပေမဲ့ ယေဘုယျ အချက်အလက်တွေကို သိရှိပြီး သင့်တော်မည့် ကြော်ငြာကို ပြသပေးလို့ ရနေစေတယ်။

သုံးစွဲသူတွေမှာ ဘယ်သူတွေက mobile advertising campaign ကို အရေးတယူပြုမူသလဲ၊ ကြော်ငြာကို တို့ထိသလား။ ကြော်ငြာထားတဲ့ ပစ္စည်းကို ဝယ်ဖြစ်လား စတာတွေ သိရတယ်။

အခုနောက်ထွက်မယ့်  iOS 14 မှာ IDFA  ကို သုံးလို့မရတော့ဘူး။ ဒီတော့ IDFA  ကို သေအောင် သတ်လိုက်တာနဲံ အတူတူပါပဲလို့ ဆိုကြတယ်။ mobile marketer တွေ အားပြုနေတဲ့ IDFA  ကို ဆုံးရှုံးသွားစေမှာ ဖြစ်ပါတယ်။

အက်ပ်တွေမှာ နောက်ယောင်ခံ မလိုက်စေချင်ရင် တားလို့ရအောင် လုပ်ပေးထားတယ်။  Settings ထဲ ဝင်ရှာပြီး လုပ်ရတာမို့ မလုပ်ဖြစ်ကြဘူး။ မတားရင် သဘောတူတယ်လို့ မှတ်ယူပြီး အက်ပ်က သုံးစွဲသူ စခရင်မှာ တို့ထိတာ သွားတာလာတာတွေကို လိုက်သိပြီး နောက်ယောင်ခံ လိုက်နေပါတယ်၊

 IDFA နောက်ယောင်ခံ လိုက်တာနဲ့ ပတ်သက်လို့  iOS 14 မှာ သုံးစွဲသူ ထိတ်လန့်မိအောင် လုပ်ထားတယ်။ စခရင်မှာ စာတန်း ထုတ်ပြပြီး သဘောထားကို မေးမြန်းမှာ ဖြစ်ပါတယ်။

 

 

Tracking နောက်ယောင်ခံ လိုက်တာကို ခွင့်ပြုမှာလားလို့ မေးတဲ့အခါ ဖုန်း သုံးစွဲသူ အများစုက ဟင့်အင်းလို့ ငြင်းလိုက်ကြမှာ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာကို လိုက်ကြည့်ပြီး မှတ်သားနေတယ်။ အဲဒီလို မှတ်သားထားတာတွေကို အက်ပ်ပိုင်ရှင်က ကြည့်လို့ရပြီး ကာယကံရှင်ဖြစ်တဲ့ ဖုန်းသုံးသူက ဘာမှ မသိရဘူး။ ဒီတော့ ဟင့်အင်းလို့ ငြင်းပယ်လိုက်ကြမယ်။ နောက်ယောင်ခံ လိုက်လို့ မရတော့ဘူး။ ဒီတော့ IDFA ကို သုံးလို့ မရနိုင်တော့ဘူး။ 

IDFA  ကို ကြော်ငြာနောက်ယောင်ခံဖို့ သုံးစွဲတာမှာ အထူးသဖြင့် ကြော်ငြာထားတဲ့ app ကို ကိရိယာမှာ install လုပ်သလားဆိုတာအတွက် သုံးကြတယ်။ AppsFlyer ခန့်မှန်းချက်အရ  mobile app install လုပ်ဖို့အတွက် IDFA  ကို အကုန်အကျခံပြီး သုံးစွဲကြတာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၀ ဘီလျံ နီးပါး ရှိနေပြီ။ COVID-19 မတိုင်ခင်က ဂိမ်းအက်ပ်တွေ ဖုန်းမှာ တင်ကြတာ သိဖို့အတွက် IDFA  ကို  ဂိမ်းအက်ပ် ထုတ်လုပ်သူတွေ အကြီးအကျယ် သုံးစွဲခဲ့ကြတယ်။ 

iOS နဲ့ Android ယှဉ်လိုက်ရင် Android ဖုန်းတွေက ပိုများတာမို့ app install လုပ်တာတွေက ၂ ဆကျော် ပိုများတယ်။ ကိုဗစ်ကာလမှာတော့ ကွာဟချက်က ပိုကြီးမားသွားခဲ့တယ်။ App Annie ရဲ့ စာရင်းအရ ၂၀၂၀ ပထမ သုံးလပတ်မှာ  iOS မှာ app install လုပ်တာ ၂၂ .၅ ဘီလျံ ရှိခဲ့ပြီး Android မှာ ၉ ဘီလျံ ရှိခဲ့ပါတယ်။

အက်ပ်ကို တင်ထားပြီးတဲ့နောက်မှာ အက်ပ်ထဲမှာ ငွေသုံးတာကျတော့  iOS က သာတယ်။ ၂၀၂၀ ပထမ သုံးလပတ်မှာ  iOS ရဲ့ အက်ပ်တွေထဲမှာ ငွေသုံးကြတာ ဒေါ်လာ ၁၅ ဘီလျံ ရှိပြီး Android မှာ ဒေါ်လာ ၈ . ၃ ဘီလျံ ရှိပါတယ်။

ပလက်ဖောင်းနှစ်ခုစလုံးမှာ တစ်နှစ်ထက် တစ်နှစ် ပိုများလာတာ ၅% ဝန်းကျင် ရှိပါတယ်။

 

Android မှာတော့ Google ရဲ့  advertising identifier, GAID ဆက်လက် လုပ်ကိုင်နေမှာဖြစ်လို့ ကြော်ငြာ နောက်ယောင်ခံလို့ ရတဲ့ GAID ဘက်ကို iOS ရဲ့ IDFA  ဖြင့် ကြော်ငြာလိုသူတွေ ကူးပြောင်းသွားကြမယ့် အရေးလည်း ရှိနေပါတယ်။ ကိုယ့်ကြော်ငြာ မိုဘိုင်းမှာ တင်ထားလိုက်တာ အလုပ်ဖြစ်မဖြစ် မသိရတော့ မှောင်ထဲ ခဲပစ်သလို ဖြစ်နေမှာမို့ သေသေချာချာ သိရတဲ့ GAID ဘက်ကို ကူးပြောင်းကြမှာ ဖြစ်ပါတယ်။