Rules & Regulations

အင်စတာဂရမ်မှာကြော်ငြာမယ်ဆိုရင် သိထားသင့်တဲ့ Format နဲ့ Ratio များ

Read 2292 times
အင်စတာဂရမ်မှာကြော်ငြာမယ်ဆိုရင် သိထားသင့်တဲ့ Format နဲ့ Ratio များ

ကိုယ့်ရဲ့လုပ်ငန်းကို အင်စတာဂရမ်မှာ Ads တွေပါ Run ဖို့စိတ်ကူးရှိတယ်ဆိုရင် သိထားသင့်တဲ့ Ads Format တွေနဲ့ Ads Ratio တွေကို ဖော်ပြပေးလိုက်ပါတယ်။

အင်စတာဂရမ်မှာသတ်မှတ်ထားတဲ့ Photo Ads Ratio တွေကတော့ Landscape အနေအထားမှာ 1.91:1 Ratio ဖြစ်ပြီး ပုံဆွဲရမယ့် Pixel အတိုင်းအတာကတော့ 1200×628 ဖြစ်ပါတယ်။ Square အနေထားကတော့ 1:1 Ratio ဖြစ်ပြီး Pixel အတိုင်းအတာနဲ့ရင် 1080×1080 ဖြစ်ပါတယ်။ Portrait အနေအထားမှာတော့ 4:5 Ratio ဖြစ်ပြီး Pixel အနေအထားကတော့ 1080×1350 နဲ့ဖြစ်ပါတယ်။ Instagram ရဲ့ Video Ads Ratio တွေကလည်း Photo Ads Ratio နဲ့အတူတူပဲ ဖြစ်ပါတယ်။

Read More>>>တီယန်ကျင်းရှိ အလုပ်သမား ၂၆၀၀ ရှိတဲ့ Samsung စက်ရုံပိတ်သိမ်းခံရ

အင်စတာဂရမ် Stories Ads အတွက် Photo, Video နဲ့ Carousel Ratio ကတော့ 9:16 Ratio ဖြစ်ပြီး Pixel အနေအထားကတော့ 1080×1920 ရှိရမှာဖြစ်ပါတယ်။ အင်စတာဂရမ် Carousel Ads တွေအတွက် Ratio အနေနဲ့က 1:1 ဖြစ်ပြီး Pixel အနေအထားက 1080×1080 ရှိဖို့လိုအပ်ပါတယ်။ Carousel Ads အတွက်သတ်မှတ်ထားတဲ့ Image နဲ့ Video အရေအတွက်က (၁၀)ခု ထိသုံးနိုင်ပါတယ်။ Video ကတော့ စက္ကန့် (၆၀) အထိတင်နိုင်ပါတယ်။

အင်စတာဂရမ် Collection Ads တွေအတွက် Ration ကတော့ 16:9 (သို့မဟုတ်) 1:1 Ratio နဲ့သုံးနိုင်ပြီး Pixel အနေအထား 1920×1080 (သို့မဟုတ်) 1080×1080 ဆိုပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီ Ad Format ကို အသုံးပြုချင်တယ်ဆိုရင်တော့ Facebook Catalog ကိုပါတွဲဖက် အသုံးပြုပေးဖို့လိုအပ်ပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို အင်စတာဂရမ်မှာ Ads Run ပြီးလုပ်ကိုင်တဲ့ အခါမှာ Format နဲ့ Ratio တွေကို သတိထားပြီးလုပ်ကိုင်နိုင်သွားမှာ ဖြစ်ပါတယ်။

Source; SEO Myanmar