သူများတွေ ဘာပြောမလဲဆိုတာပဲ စိုးရိမ်ပြီးလုပ်ခဲ့တယ်။ တကယ်တမ်းတော့ ပတ်ဝန်းကျင်က မင်းအကြောင်း ဘာမှသိတာမဟုတ်ဘူးကွ။ မင်းမှန်တယ်ထင်တာ ကိုယ်တိုင်ဆုံးဖြတ်ပြီးလုပ်။
ပျော်ပျော်ရွှင်ရွှင်နေပါ
ဟုတ်တယ်။ မင်းအခုစိုးရိမ်နေတဲ့အရာတော်တော်များများက အနာဂတ်မှာတကယ်ဖြစ်မလာခဲ့ပါဘူး။ မင်းလက်ရှိမှာ ပျော်ရွှင်အောင်နေထိုင်ပါ။
ကြိုးစားဖို့ငယ်သေးတယ်မထင်ပါနဲ့
အောင်မြင်မှု၊ လုပ်ရည်ကိုင်ရည်ရှိမှုဆိုတာ အသက်အရွယ်နဲ့အမျှ အလိုလို တိုးတက်လာလိမ့်မယ်လို့ ငါမင်းအရွယ်တုန်းကထင်ခဲ့မိတယ်။ တကယ်တော့ ငယ်ရွယ်စဉ်ထဲက အမြဲလေ့လာရင်း၊ ကြိုးစားလာခဲ့မှ အချိန်တန်တော့လုပ်တတ်ကိုင်တတ်ပြီး အောင်မြင်လာတာမျိုးရယ်။
ကိုယ့်ကိုစွန့်ခွာသွားတဲ့သူတွေကိုမေ့လိုက်ပါ
လူငယ်ဘဝတုန်းက ကိုယ်တွယ်တာမိတဲ့သူက ကိုယ့်ကိုကျောခိုင်းသွားရင် အရမ်းခံစားမိခဲ့တာ။ တကယ်တော့ မင်းငါ့အရွယ်ရောက်ရင်သိလာလိမ့်မယ်။ ကိုယ့်ကို ကျောခိုင်းသွားတဲ့သူဆိုတာ ကိုယ့်ဘဝထဲမှာ ရှိနေဖို့် မထိုက်တန်တဲ့သူ၊ ကိုယ်က တောင်းပန်ခယပြီး ပြန်လာအောင် တောင်းဆိုဖို့ မလိုအပ်တဲ့သူပဲ။ တကယ်တော့ မင်းဟာ တန်ဖိုးထားခံရဖို့ ထိုက်တန်တဲ့သူ တစ်ယောက်ပါ။ ဘဝတလျှောက် ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေနဲ့ ဝန်းရံပြီး ရှေ့ကိုဆက်လျှောက်ပါ။
အခုကထဲက သိသင့်သိထိုက်တာတွေ သိအောင်လုပ်ပါ
ပညာသင်နေချိန်မှာ ကျောင်းစာကလွဲရင် တခြားဘာမှမသိလည်းရတယ်ဆိုပြီးထင်ခဲ့တော့ တကယ့်ဘဝထဲရောက်တဲ့အခါမှ မသိသေးတာတွေကို သုညကစပြီးပြန်လေ့လာနေရတယ်ကွာ။ အဲ့တော့ဖြစ်နိုင်ရင် မင်း အခုထဲက ပညာလည်းသင်၊ သိသင့်သိထိုက်တာတွေလည်းသိအောင်လုပ်။
မိတ်ဆွေအပေါင်းအသင်းဆိုတာ ကိုယ်ကစိတ်ရင်းမှန်နဲ့ပေါင်းရသလို စိတ်ရင်းမှန်နဲ့ပြန်ပေါင်းတဲ့သူကိုပဲလက်ခံပါ
ငယ်ငယ်တုန်းက သူငယ်ချင်းတွေ အများကြီးရှိမှ ဖြစ်မယ်ဆိုပြီး မမောနိုင်မပန်းနိုင် ရှိသမျှပွဲတွေလိုက်တက်၊ တွေ့တဲ့လူ လိုက်ရောနဲ့လုပ်ခဲ့တာ။ အသက်ကြီးလာတော့မှ ကိုယ့်အတွက်တကယ်စဉ်းစားပေးတဲ့သူငယ်ချင်းက လက်တစ်ဆုပ်စာမပြည့်ဘူးဆိုတာရယ်၊ အပေါင်းအသင်းများချင်ရင် တွေ့တိုင်းရောနေမှမဟုတ်ပဲ ကိုယ်က စိတ်ထားသန့်သန့်နဲ့ ပေါင်းရင်ရပြီဆိုတာတွေသိလာမိတယ်။
လူတွေကိုလွယ်လွယ်မမုန်းပါနဲ့
မင်းအရွယ်တုန်းက ငါကျောင်းမှာ ကြည့်မရတဲ့သူတွေ၊ မုန်းတဲ့သူတွေဆိုတာ လူငယ်သဘာဝ သိပ်များခဲ့တာပေါ့ကွာ။ အခုပြန်စဉ်းစားမိမှ ငါမုန်းနေခဲ့မိတာ အဲ့ဒီလူရဲ့ မကောင်းတဲ့အခြမ်းဖြစ်နေပြီး ကောင်းတဲ့အခြမ်းကို ငါဘာလို့ မကြည့်ပေးမိခဲ့လည်းဆိုပြီး နောင်တရမိတယ်။
မဟုတ်ရင် အခုချိန်သူနဲ့ငါ အရင်းနှီးဆုံးသူငယ်ချင်းတွေလည်းဖြစ်နေနိုင်တာပဲ။ လူတွေက ဇာတ်လမ်းတွေထဲကလိုမျိုး တသက်လုံးလူဆိုးဆိုတာမျိုးရှိမှမရှိပဲလေ။ လူတွေကိုလွယ်လွယ်မမုန်းပါနဲ့ကွာ။
Read-အောင်မြင်ခြင်း ခရီးစဉ်စဖို့ ရင်ထဲက အသံကို အရင်နားထောင်ပါ
မင်းသိတာတွေကို ပြန် share ပေးပါ
မင်းတနေ့ ငါအခုရောက်နေတဲ့ လူကြီးပိုင်းအရွယ်ရောက်လာလိမ့်မယ်။ အဲ့ကျရင် မင်းဟာပိုပြီး အသိဥာဏ်ပြည့်ဝပြီး ရင့်ကျက်လာမှာပဲ။ အဲ့ကျရင် မင်းဘဝတလျှောက်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေ၊ ဗဟုသုတတွေကို မသိသေးတဲ့၊ မရင့်ကျက်သေးတဲ့လူငယ်လေးတွေကို ပြန်ဝေမျှပေးလိုက်ပါ။ အဲ့အခါ မင်းရဲ့တည်ရှိမှုဟာ အဓိပ္ပါယ်ပိုရှိလာပါလိမ့်မယ်။
သင်ရော ? သင့်ရဲ့ ငယ်ရွယ်တဲ့သင့်ကို ဘာတွေများပြောချင်မလဲ ?? ပြောချင်တာတွေ ပြောခဲ့လို့ရတယ်နော်….
Credit ; Original