Life Hacks

ကိုယ့်မှာရှိတဲ့အရည်အချင်း၊ စွမ်းရည်၊ ပါရမီတွေကို ဘယ်လိုထုတ်ဖော်မလဲ

Read 340 times
ကိုယ့်မှာရှိတဲ့အရည်အချင်း၊ စွမ်းရည်၊ ပါရမီတွေကို ဘယ်လိုထုတ်ဖော်မလဲ

 

ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အားအင်တွေကို နယ်ပယ်အသစ်တွေမှာ မြုပ်နှံဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေဟာ ပုံစံအမျိုးမျိုးနဲ့ ကိုယ့်ဆီကို ရောက်လာတတ်ပြီး ဒီအရာတွေဟာ ဘဝရဲ့နယ်ပယ်တွေ အများကြီးမှာ သက်ရောက်မှု ရှိနေတတ်ပါတယ်။ ဒီလို မတူညီတဲ့ နယ်ပယ်တွေမှာ စမ်းသပ်ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မှုတွေ ရလာပါလိမ့်မယ်။

 

နယ်ပယ်အမျိုးမျိုးမှာ လိုက်ကြိုးစားကြည့်နေတာဟာ ကိုယ့်ရဲ့စွမ်းရည်ကို ရှာတွေ့ဖို့အတွက် အချိန်ဖြုန်းတာမျိုး၊ မလိုအပ်တဲ့အရာတွေ လိုက်လုပ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဘယ်တော့မှ ယုံကြည်ချက်တွေကို လွှတ်ချမပစ်လိုက်ပါနဲ့။ ဥပမာ ဒီအချက်ကို ဘယ်လိုစမ်းသပ်လို့ ရနိုင်လဲဆိုတော့ ကိုယ်စီစဉ်ထားတဲ့ လုပ်ငန်းမဟုတ်ဘဲ အခြားလုပ်ငန်းတစ်ခုမှာ အလုပ်သင်အနေနဲ့ ဝင်ရောက်ပြီး စမ်းသပ်လို့ရပါတယ်။ အဲ့အချိန်မှာ အခြားသူတွေဆီက သင်ယူပြီး အဲ့နယ်ပယ်ကို အစကနေ ဝင်ရောက်လေ့လာနိုင်တယ်။

 

ဒုတိယအနေနဲ့ ကိုယ့်ခြေလှမ်းတွေရဲ့ ရလဒ်ကို တိုင်းတာဆန်းစစ်ပါ။ ကိုယ်ဝါသနာပါတာ ဘယ်အရာလဲ။ အဲဒီအရာဟာ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုလိုမျိုး ခံစားရလား ဆိုတာမျိုးပေါ့။ စိန်ခေါ်မှုမရှိတဲ့ ဘယ်လိုအရာမျိုးမဆို အောင်မြင်ဖို့ မလွယ်ပါဘူး။

 

နောက်ဆုံးအချက်ကတော့ ကိုယ့်ရဲ့စွမ်းရည်ကို လေ့ကျင့်ပြီးတော့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် လုပ်ဖို့ပါပဲ။ အိုလံပစ် ပြိုင်ပွဲတွေက ဆုရှင်တွေမှာ သူမတူတဲ့ ပါရမီတွေ၊ စွမ်းရည်တွေ ရှိချင်ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း လေ့ကျင့်မှုတွေ အထပ်ထပ်ပြုလုပ်မှသာ အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာပါ။

 

ပေါ်တူဂီ ဘောလုံးသမား Cristiano Ronaldo ဟာဆိုရင် ဒီလိုလေ့ကျင့်မှုတွေကို အဖန်ဖန်၊ အထပ်ထပ်၊ အခါခါ လုပ်ခဲ့ပြီး အောင်မြင်သွားတဲ့ သာဓက တစ်ခုပါပဲ။ Manchester United ရဲ့ Manager ဖြစ်သူ Sir Alex Ferguson (ဆာအဲလက်စ်ဖာဂူဆန်) က ဒိုလေးလို့ခေါ်တဲ့ Ronaldo နဲ့ ပတ်သက်ပြီး ပြောပြခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။

 

ကံကောင်းမှုဆိုတာ ဘယ်တော့မှ မရှိဘူးကွ။ မင်းတို့ကြည့်လေ Ronaldo ဟာ အမြဲတမ်း training မှာ လေ့ကျင့်နေတာပဲ။” ဆိုတာပါပဲ…

 

ပါရမီ စွမ်းရည်တွေကို လေ့ကျင့်မှုတွေ ထပ်လို့ အရောင်တင်နိုင်ကြပါစေ။

 

Credit;ForHerMyanmar