Digital Marketing

Influencer များဘာကြောင့် LinkedIn မှာ Profile ကောင်းမွန်စွာတည်ဆောက်သင့်သလဲ

Read 1808 times
Influencer များဘာကြောင့် LinkedIn မှာ Profile ကောင်းမွန်စွာတည်ဆောက်သင့်သလဲ

 

LinkedIn ကို လူတစ်ယောက်ရဲ့ ဖက်ရှင်နဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ လူဟာ အချိန်ကာလအလိုက် အဝတ်အစားဝတ်စားဆင်ယင်မှုကို ပြောင်းလဲဆန်းသစ်နေသလိုမျိုး ကိုယ့်ရဲ့ LinkedIn Profile ကိုလည်း Update လုပ်နေသင့်ပါတယ်။ ဖက်ရှင်ပြောင်းမှသာ Modernize ဖြစ်ပြီး စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်လာနိုင်သလို LinkedIn မှာလည်း Active ဖြစ်နေမှ ပိုပြီး အမြင်အသိကျယ်လာနိုင်ပါတယ်။

 

တကယ်လို့ အလုပ်ရှာဖို့ မလိုသေးဘူး။ ကိုယ့်လက်ရှိအလုပ်မှာ အဆင်ပြေနေတယ်ဆိုရင်တောင် LinkedIn မှာ ကိုယ့်အကြောင်း အချက်အလက်သစ်တွေ ပုံမှန်မျှဝေခြင်းဟာ ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ LinkedIn မှာ Active ဖြစ်သူဟာ အလုပ်အကိုင်ကောင်းတွေကို အမြဲဆွဲဆောင်နိုင်စေသလို ကိုယ့်ရဲ့ နယ်ပယ်ထဲက အသိမိတ်ဆွေသစ်တွေ အများကြီးနဲ့လည်း အဆက်အသွယ်ကောင်းတွေ ရလာစေနိုင်ပါတယ်။

 

Profile ကို Up-to-Date ပေါလစ်တင်ထားလိုက်တာနဲ့ ကိုယ့်ရဲ့ LinkedIn စာမျက်နှာဟာ Google Searches တွေမှာ ပိုပြီး လွယ်လင့်တကူ တက်လာနိုင်ပါတယ်။ အဖွဲ့ဝင်သန်းရာနဲ့ချီတဲ့ ပလက်ဖောင်းပေါ်မှာ ကိုယ့်အကြောင်းကို ကြည့်ရှုသူတွေ ထောင်သောင်းချီ ရှိတာကြောင့် အဲ့ဒီကနေ ရလာမယ့်အခွင့်အလမ်းတွေက မပြောနိုင်လောက်အောင် များပြားပါတယ်။

 

လူမှုကွန်ရက်တိုင်းမှာ လူတွေဟာ သူတို့က ဘယ်လိုလူတွေပါဆိုတာ သက်သေပြနေကြတာပါ။ အရောရောအနှောနှော လူမှုကွန်ရက်တွေထက် LinkedIn လို သီးသန့်ပလက်ဖောင်းပေါ်မှာ ကိုယ့် Profile ကို Update လုပ်တာဟာ Personal Branding ကောင်းကောင်းလုပ်ထားတာလည်း ဖြစ်လို့ အောင်မြင်မှု အခွင့်အလမ်း ပိုများပါတယ်။

 

Myanmar Advertising Guide