မလေးရှားနိုင်ငံမှ လူမှုကွန်ရက် influencer တစ်ဦးဖြစ်သူ Siew Pui Yi က ၂၀၂၂ ခုနှစ်ကို Penthouse ဇန်နဝါရီလထုတ်မှာ မျက်နှာဖုံးရှင်အဖြစ် မော်ဒယ်ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

လူမှုကွန်ရက် influencer ဖြစ်သူ အသက် ၂၃ နှစ်အရွယ် Siew က မော်ဒယ်၊ YouTuber နဲ့ အလှကုန်လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး သူမရဲ့ Instagram မှာ followers ၁၇ သန်း ရရှိထားပါတယ်။
Penthouse မဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် အရှေ့တောင်အာရှ အမျိုးသမီးတစ်ဦးကို ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အခုလို pet of the month အဖြစ် ရွေးချယ်ခံရတာ ဂုဏ်ပြုခံရတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။
Siew က အခုလို နေရာတစ်နေရာ အောင်မြင်မှု မရခင်မှာ စားပွဲထိုး၊ ဧည့်ကြို၊ သရုပ်ဆောင်၊ မော်ဒယ်တို့ လုပ်ကိုင်ခဲ့ပါတယ်။ မိတ်ကပ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရင်း ချဲ့ထွင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
သူမကို ကွာလာလမ်ပူမှာ ဖွားမြင်ခဲ့ပြီး ပီနန်ကျွန်းမှ ရွာကလေးတစ်ရွာမှာ ကြီးပြင်းခဲ့ပါတယ်။
မော်ဒယ်အဖြစ် ကိုယ်လုံးတီး ဓာတ်ပုံများ အရိုက်ခံခဲ့ပြီး ပုံတွေကို လက်ပ်တော့ထဲမှာ သိမ်းဆည်းထားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ လက်ပ်တော့ပျက်လို့ ဆိုင်ကို ပို့ပြီး ပြင်တဲ့အခါ စက်ထဲက ဓာတ်ပုံတွေ အခိုးခံခဲ့ရပါတယ်။ အဲဒီနောက်မှာ ကိုယ်လုံးတီးပုံတွေကို ရင်းဂစ် ၅၀,၀၀၀ ဖြင့် ပြန်ရွေးဖို့ ဆက်သွယ်လာပါတယ်။
တချို့ပုံတွေ ဝဘ်ဆိုက်တွေပေါ် ရောက်ကုန်တယ်။
Siew က လက်မြှောက်အရှုံးပေးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်ခဲ့ပါတယ်။ ထိုသို့ ရှိရာမှ အခြေအနေကို ပြောင်းပြန်လှန်ပစ်ပြီး ထိန်းချုပ်ရင် ရနိုင်တယ်လို့ စိတ်ကူးရပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။
သူမရဲ့ ပုံတွေကို သူမ ကိုယ်တိုင် အင်တာနက်ပေါ် တင်ပါတယ်။ ဓာတ်ပုံတွေလည်း အရိုက်ခံခဲ့ပါတယ်။
မကြာသေးခင်က သူမရဲ့ ကျော်ကြားမှုဖြင့် ရရှိလာတဲ့ ဝင်ငွေဖြင့် Porsche ကား အသစ်တစ်စီး ဝယ်ယူလိုက်တာကို သူမရဲ့ Instagram အကောင့်မှာ ပို့စ် တင်ခဲ့ပါတယ်။
Facebook မှာလည်း "အသက် ၂၃ နှစ်မှ Porsche တစ်စီးကို ခရစ္စမတ်လက်ဆောင်အဖြင့် ကိုယ့်ကိုယ်ကိုယ် ဝယ်ပေးပါတယ်။ ကျမရဲ့ ပထမဆုံး ပြိုင်ကားကို ကြည့်ပါဦး" လို့ ရေးသားပြီး ကားပုံကို တင်ပြခဲ့ပါတယ်။