Rules & Regulations

ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေခြင်းနဲ့ သတင်းအေဂျင်စီလုပ်ငန်းပေါင်း (၄၄၃၈)ဦးကို ခွင်ပြုပေးနေ

Read 2411 times
ပြန်ကြားရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေခြင်းနဲ့ သတင်းအေဂျင်စီလုပ်ငန်းပေါင်း (၄၄၃၈)ဦးကို ခွင်ပြုပေးနေ

လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ လျှောက်ထားလာပါက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း၊ လုပ်ငန်းနည်းဥပဒေများနဲ့အညီစိစစ်ပြီး လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါတယ်။

ဒီလိုဆောင်ရွက်ပေးနေရာကနေ ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ၁၃.၅.၂၀၁၉ ရက်နေ့မှ ၇.၆.၁၀၁၉ ရက်နေ့အထိ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာတဲ့ ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ (၇)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ မဂ္ဂဇင်း (၂) ဦး၊ အထွေထွေ (၁၉) ဦးနဲ့ စုစုပေါင်း (၂၁)ဦးကို အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးဖို့ခွင့်ပြုခဲ့ပါတယ်။

ဒါအပြင် သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူ (၉)ဦး ကိုလည်း ခွင့်ပြုပေးခဲ့ပြီး ပြည့်စုံမှန်ကန်မှုမရှိတဲ့ အထွေထွေထုတ်ဝေခွင့် (၁)ဦးနဲ့ သတင်းအေဂျင်စီ (၁)ဦး တို့ကို ခွင့်မပြုရန်ဆုံးဖြတ်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်ဖြင့် ပုံနှိပ်နဲ့ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် ( ၄၈/၂၀၁၄)နဲ့ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွက် ထုတ်ပြန်ခဲ့ပါတယ်။

Read More >>> ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ဆီသွားတဲ့လမ်းမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီဆိုရင်...

Myanmar Advertising Directory