Global

Innity မှ Sky Blue မီဒီယာရဲ့ထိရောက်တဲ့ Digital-Out-Of-Home နည်းလမ်းဖြင့်လက်တွဲလုပ်ဆောင်

Read 1974 times
Innity မှ Sky Blue မီဒီယာရဲ့ထိရောက်တဲ့ Digital-Out-Of-Home နည်းလမ်းဖြင့်လက်တွဲလုပ်ဆောင်

ထိုကဲ့ သို့ပူးပေါင်းလုပ်ဆောင်ချက်က ကောင်းမွန်တဲ့အပြင် ကြော်ငြာရှင်များကို ထိတွေ့ခံစားရမှုအသစ်အဆန်းတွေ ပေးမှာဖြစ်ပြီး ကြော်ငြာ ရှင်များ အနေနဲ့ မြောက်မြားးစွာသော DOOH site- packages တွေကိုပါ တွေ့မြင်ရတော့မှာပါ။

 

ထပ်လောင်းပြောကြားချက်ကတော့ Innity နဲ့ Skyblue Media မှ ကြော်ငြာ ရှင်အသစ်တွေအနေနဲ့ရော ကြော်ငြာ ရှင်ဟောင်းများ အနေနဲ့ရော သူတို့ရဲ့ ကြော်ငြာ Campaign တွေကို လွယ်ကူ လျင်မြန်စွာ စနိုင်မှာ ဖြစ်ပါတယ်။

 

ဘာလို့လဲဆို တော့ တီထွင်ဖန်တီးမှုကြောင့်ကြန့်ကြာမယ့် အချိန် တွေကို လျှော့ချ နိုင်မှာမို့ပါ၊ အချိန်လျော့ကျ နိုင်တာမို့ အသုံးပြုရမည့် ငွေကြေးလည်း သက်သာလာမယ်။

 

လောလောဆယ်မှာ Skyblue Media နဲ့ တွဲဖက် လုပ်ကိုင် နေတဲ့ စီးပွားရေး လုပ်ငန်များကတော့ Jalan Ampang, Federal Highway, Jalan Kerinchi, Jalan Loke Yew နဲ့ အခြားလုပ်ငန်း စုများဖြစ်ပါတယ်။

 

SkyBlue အကြောင်းတစ်စေ့တစ်စောင်း

-----------------------------------------------

 

Sky blue မီဒီယာ ဆိုတာကတော့ တိုးတက်မြန်ပြီး နေရာတစ်ခုကို ရောက်နေတဲ့ လုပ်ငန်းစု ထောင်ကျော်တဲ့ ကြော်ငြာ Campaign တွေကို လုပ်ကိုင်နေတဲ့ မလေးရှား Brand တစ်ခုပေါ့

 

၎င်းတို့မှာ ရှိတဲ့ ဒေတာတွေက တားဂတ်ကို ထိနိုင်ပြီး အပြင် ဘက်ပိုင်း ကြော်ငြာ ပိုင်းနဲ့ ပတ်သတ်လို့ အလားအလာ ရှိတဲ့ ပရိသတ်တွေကို ပြပေးတဲ့ နိုင်တဲ့ အရည်အချင်းရှိပါတယ်။

 

ကြော်ငြာ ရှင်များ အနေနဲ့ ကြော်ငြာ နိုင်မဲ့ Packages တွေကတော့ SkyDrive, Digital Overhead Bridge နဲ့ Digital LED Panels စတဲ့ လူသိများစေမဲ့ ကြော်ငြာ တွေ ကို စိတ်ကြိုက်ရွေးယူနိုင်မှာပါ။

 

Innity ရဲ့ AdVenue အကြောင်း တစေ့တစ်စောင်း

---------------------------------------------------------

 

Innity’s AdVenue Direct Self-Service Platform Innity ကတော့ အရင်ထဲက ပွင့်လင်း မြင်သာမှုရှိတာမို့ ကြော်ငြာဈေးနှုန်းကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပြီးသား ပါ။

 

အခု AdVenue အနေနဲ့ ကြော်ငြာချင်တဲ့ မီဒီယာ ပိုင်ရှင်တိုင်းကို လွယ်ကူစွာကြော်ငြာနိုင်အောင် ၎င်းတို့ရဲ့ ကြော်ငြာ Campaign တွေကို ချောချောမွေ့မွေ့ လုပ်နိုင်အောင်စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် ကြားခံများ မလိုအပ်တာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အနေအထားမို့ ကြော်ငြာ လိုသူများ ဈေးသက်သာစွာဖြင့် ကြော်ငြာ နိုင်မှာဖြစ်ပါတယ်။

 

အခုဆိုရင် ကြော်ငြာ ရှင်များ အနေနဲ့ ရွေးချယ်ခွင့် များစွာ ရရှိပြီး စိတ်ကြိုက်ပရိသတ်ဆီ အရောက် မြင်စေမှာပါ ထို့အပြင် ပရိသတ်ဆီကို တိုက်ရိုက်ရောက်မှာမို့ စီးပွား ရေး လုပ်ငန်း တစ်ခုမဟုတ်တစ်ခုနှင့် ချိတ်ဆက်မိမှာ အသေအချာပါပဲ။

 

Written By Shin Min Bo

 

Source:MarketingMagazine