Life Hacks

ဆန်းသစ်ပြောင်းလဲမလား သို့မဟုတ် အငွေ့ပျံ ပျောက်ကွယ်သွားမလား

Read 571 times
ဆန်းသစ်ပြောင်းလဲမလား  သို့မဟုတ် အငွေ့ပျံ ပျောက်ကွယ်သွားမလား

မိမိ၏ ချစ်ပ်များနှင့် တစ်ထေရာ တည်းတူသော ချစ်ပ်တို့ကို ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းဖြင့် ၎င်းပြိုင်ဘက် က ထုတ်လုပ်ရောင်းချနေသည်။ ထိုအခါ စီအီးအို အင်ဒရူး ဂရိုဗ်က ဆန်းသစ်ပြောင်းလဲခြင်းဖြင့် တိုက်ကွက်ဆင်သည်။ Intel သည် အရှိန် တင်ထားသည့် အစီအစဉ်တစ်ခုကို စတင်ကျင့်သုံးပြီး ထုတ်ကုန်သစ် ဖွံ့ဖြိုးဖန်တီးခြင်းကို လုပ်ဆောင်ပြီး 386 ၊ 486 နှင့် Pentium ချစ်ပ်များ ကို ထုတ်လုပ်လိုက်ခြင်းဖြင့် ပြိုင်ဘက်ကို နောက်မှာ ချန်ရစ်သည်။
Johnson & Johnson သည် ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ နှင့် လူသုံးကုန်များ ထုတ်လုပ်သည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ ပြိုင် ဘက်များနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိမှာ ကုန်ကျစရိတ် အားသာချက် ရှိနေ စေမည့် အစီအစဉ်တစ်ခုကို စတင်ကျင့်သုံးလိုက်သည်။ အပေါ်မှ အုပ်ချုပ် စီမံရခြင်းအတွက် ကုန်ကျစရိတ်များ ဖြတ်တောက်မည့် ဆန်းသစ်ပြောင်း လဲမှုလုပ်ငန်းစဉ်ကို ဖော်ထုတ်ချမှတ်ကာ လုပ်ဆောင်သည်။ စီအီးအို ရာဖ် လာဆန်က ဖောက်သည်ထောက်ကူမှုဌာနများကို ဖန်တီးလိုက်ပြီး ဝန်ထမ်းအဖွဲ့များသည် ဖောက်သည်များရှိသည့်နေရာများသို့ ဖြန့်ချိရေး နှင့် အမှာစာရယူရေးတို့ အဆင်ပြေအောင် လုပ်ကိုင်ပေးကြရသည်။ ထို အဖွဲ့များသည် လုပ်ငန်းစုတွင် ပါဝင်နေသည့် စီးပွားရှာလုပ်ငန်း ၁၆၆ ခု တွင် လုပ်ငန်းတစ်ခုချင်းအရ လုပ်ကိုင်နေသဖြင့် ထပ်နေတူနေသော ဝန်ဆောင်မှုဆိုင်ရာ အလုပ်များကို ဖယ်ရှားပစ်ပြီး လုပ်ငန်းအားလုံးအတွက် တစ်နေရာတည်းမှ တာဝန်ယူ လုပ်ကိုင်ပေးသည်။
Nordstrom သည် ကုန်တိုက်များ ဖွင့်လှစ်ထားသည့် လုပ်ငန်းဖြစ်ပြီး ဈေးကွက်ကို ဆန်းစစ်ခဲ့ရာ၌ အဆင့်အတန်းမြင့်သည့် ဖောက်သည်ဝန် ဆောင်မှုများ ပေးအပ်ခြင်းသည် ဆန်းစစ်ပြောင်းလဲသော ဈေးကွက်လုပ် နည်းကိုင်ဟန်ဖြစ်မည်ဟု သိခဲ့သည်။ ကုန်တိုက်လောက၏ လက်လီ အရောင်းတွင် လျှော့ဈေးဖြင့် ရောင်းချသည့် မဟာဗျူဟာများအစား တန်းမြင့်ဝန်ဆောင်မှုများပေးသည့် မဟာဗျူဟာများကို ကျင့်သုံးခဲ့ရာ ပြောင်းလဲနေသည့် ဈေးကွက်အခြေအနေများနှင့် အံဝင်ခွင်ကျဖြစ်သွား သည့်အတွက် အလွန်အမင်း အကျိုးဖြစ်ထွန်းသွားခဲ့ပေသည်။
Hewlett-Packard သည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်ရာ၌ အဖွဲ့အစည်း ၏ ရှုပ်ထွေးပြီး အရာမရောက်သော စည်းကမ်းနည်းလမ်းများသည် ထုတ် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို နှေးကွေးစေကြောင်း သတိပြုမိသည်။ အဖွဲ့အစည်း ဖွဲ့တည်ပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခြင်းဖြင့် ထုတ် ကုန်ဖွံ့ဖြိုးဖန်တီးမှုများ မြန်ဆန်အောင် လုပ်ပေးလိုက်သည်။
စီးပွားရှာလုပ်ငန်းနယ်ပယ်၌ ဆက်လက်ရပ်တည်နေနိုင်ရေးနှင့် စီးပွားဖြစ် ထွန်းရေးတို့သည် မည်သည့်အခါမှ လွယ်လွယ်ဖြင့် မရချေ။ ဖြေရှင်းပေး ရမည့် ပြဿနာများ အမြဲရှိနေပြီး အမြတ်ထုတ်ရမည့် အခွင့်အလမ်းများ လည်း အမြဲရှိနေသည်။ ယခုအချိန်မှ လာမည့် နှစ်အနည်းငယ်အတွင်း ၂၁ ရာစုအတွင်း ဖြတ်သန်းသောအခါ အဖွဲ့အစည်းများ၊ ၎င်းတို့၏ မန်နေ ဂျာများနှင့် အခြားဝန်ထမ်းများသည် မဟာဗျူဟာဆိုင်ရာ စိန်ခေါ်အကဲစမ်း မှုများကို ထိပ်တိုက်ရင်ဆိုင်ကြရမည်ဖြစ်ပြီး စီးပွားရေးသမိုင်းတွင် မကြုံဖူး သည့်အဖြစ်များကို ကြုံကြရမည်။ အဓိကကျသည့် စိန်ခေါ်အကဲစမ်းမှုများ မှာ အောက်ပါအတိုင်း ဖြစ်လိမ့်မည်။
၁။ စီးပွားရေးတာကွက်တိုင်းသည် အရှိန်တက်နေသည့်နှုန်းဖြင့် ပြောင်း လဲလျက် ရှိသည်။
၂။ ယှဉ်ပြိုင်မှုများ တိုးများလာနေသည်။
၃။ စီးပွားရေးတို့သည် ကမ္ဘာနှင့် ပိုမိုဆက်နွှယ်ကျယ်ပြန့်နေသည်။
၎။ နည်းပညာသစ်များသည် အသက်ရှူမှားရအောင် မြန်ဆန်စွာ စတင် နေရာယူနေသည်။
၅။ လုပ်သားအင်အားစု ဖွဲ့တည်ထားပုံသည် ပြောင်းလဲလျက်ရှိသည်။ လုပ်သားတို့၏ တန်ဖိုးထားခြင်းများနှင့် မျှော်လင့်တောင့်တမှုများသည် လည်း ပြောင်းလဲလျက် ရှိသည်။
၆။ ရေမှအစ ကျွမ်းကျင်လုပ်သားအဆုံး အရင်းအမြစ်တို့ လိုသလောက် မရ ဖြစ်လာနေသည်။
၇။ စီးပွားရေးတစ်ရပ်လုံးအနေဖြင့် စက်မှုစီးပွားမှ အသိအလိမ္မာအခြေပြု နှင့် သတင်းအချက်အလက် အခြေပြု စီးပွားရေးအဖြစ်သို့ ကူးပြောင်း နေသည်။
၈။ ကမ္ဘာတစ်လွှား စီးပွားရေးအရပ်ရပ်တို့နှင့် ဈေးကွက်အရပ်ရပ်တို့ အလွန် အမင်း မတည်မငြိမ် ဖြစ်နေသည်။
၉။ အစုရှယ်ယာပိုင်ရှင်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများ အစရှိသည့် ပတ်သက်ဆက်နွှယ်နေကြသူများသည် အဖွဲ့အစည်း အပေါ်၌ ခါတိုင်းထက် ပိုမိုမြင့်မားပြင်းထန်သော တောင်းဆိုမှုများကို တောင်းဆိုလာကြသည်။
၁၀။ စီးပွားရေး ပတ်ဝန်းကျင်သည် ပြောင်းလဲနေခြင်းသက်သက်မျှသာ မဟုတ်ချေ။ ၎င်းသည် ယခင်ကထက် ပိုမိုနက်နဲရှုပ်ထွေးလာနေသည်။

ဤသို့ဤနှယ် စီးပွားရှာလုပ်ငန်းတို့ ကြုံနေရသည့် စိန်ခေါ်အကဲစမ်းမှုများ နှင့် အခွင့်အလမ်းများ၏ အကျိုးဆက်အဖြစ် လုပ်ငန်းတစ်ခုလုံးအတွက် မဟာဗျူဟာများမှအစ နေ့စဉ်လုပ်ငန်းလည်ပတ်မှုအဆုံး အသစ်အသစ် ဖြစ်နေသော ပြဿနာများနှင့် အခွင့်အလမ်းများ ပြည့်နှက်နေသည်။
စီးပွားရှာရသည်မှာ ယခုလို အပိုဆောင်းသည့် ဝန်ထုပ်ဝန်ပိုးများ မပါလျှင် တောင် ခက်ခဲနေပေရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရသည့်အခါ ဆက် လက်ရပ်တည်နေနိုင်ရေးနှင့် စီးပွားဖြစ်ထွန်းရေးတို့သည် ပိုမိုခက်ခဲလာ နေပေသည်။ ထို့အတွက် မည်သို့ ရင်ဆိုင်ရမည်နည်း။
အဖြေမှာ ဆန်းသစ်ပြောင်းလဲပေးနေခြင်းဖြစ်သည်။ စီးပွားရှာလုပ်ငန်း လောကတွင် ဦးဆောင်နေကြသူများ၊ သုတေသီများ၊ အကြံပေးအတိုင်ပင် ခံများတို့ တညီတညွှတ်တည်း သဘောတူထားကြသည်မှာ ၂၁ ရာစုကို ရင်ဆိုင်ဖြတ်သန်းရာ၌ ဆန်းသစ်ပြောင်းလဲပေးခြင်းကို မဖြစ်မနေဆောင် ရွက်ရမည်ဟူ၍ ဖြစ်သည်။
ရှေ့၌ တင်ပြခဲ့သည့်အတိုင်း Intel ၊ Johnson & Johnson ၊ Nordstrom နှင့် Hewlett-Packard အပါအဝင် လုပ်ငန်းအများအပြားတို့သည် ဆက် လက်ရပ်တည်နိုင်ရေးနှင့် စီးပွားဖြစ်ထွန်းရေးအတွက် ဆန်းသစ်ပြောင်း လဲနေကြရသည်။ သို့ဖြစ်ရာ ဆန်းသစ်ပြောင်းလဲခြင်း မပြုလျှင် အငွေ့ပျံ ကွယ်ပျောက်သွားခြင်းကို ကြုံရမည်ဖြစ်သည်။