Marketing

Innovation ဖြစ်တဲ့ Marketing ဖြစ်ဖို့ဆိုရင်

Read 1405 times
Innovation ဖြစ်တဲ့ Marketing ဖြစ်ဖို့ဆိုရင်

ရှိပြီးသား ဈေးကွက်မှာ ကိုယ့် product ရဲ့ ဖြစ်တည်မှုကို မမေ့အောင် လုပ်ဆောင်နေတဲ့ သဘောပါပဲ။ ဈေးကွက်သစ်ကို ဖန်တီးလုပ်ဆောင်ခြင်းကတော့ product ရဲ့ growing power ကို ပိုမြင်နိုင်တဲ့အပြင်၊ မကြာခဏ ဝယ်ဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ Innovation ဖြစ်တဲ့ Marketing ဖြစ်ဖို့ဆိုရင်တော့


၁။ မမြင်ဖူးသေးတဲ့ Customer ရဲ့ Need ကို သိရမယ်

မမြင်ဖူးသေးတဲ့ Customer ဆိုတာက မိမိရဲ့ ပုံမှန် ဝယ်နေကျ Customer မဟုတ်တာကို ဆိုလိုပါတယ်။ သူတို့ရဲ့ Need တွေကို လေ့လာပြီး လိုအပ်တာတွေကို Product ဒါမှမဟုတ် Service ဘက်က ဖြည့်ဆည်းပေးရုံပါပဲ။


၂။ Product နဲ့ ဆက်စပ်တဲ့ behavior ကို ဆက်စပ် စဉ်းစားရမယ်

Innovative Product ဘယ်လောက် ထုတ်ထုတ် အဲဒီပစ္စည်းသုံးဖို့စဉ်းစားတဲ့ Customer ရဲ့ Mindset ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။


၃။ Customer တွေအတွက် Benefit နဲ့ Engage လုပ်ပါ

ဆိုလိုတာက Customer တွေ စိတ်ဝင်စားလား၊ မဝင်စားလား မတွေးဘဲ ဘယ်လိုသုံးရမလဲကို စွတ်သင်နေလို့ မရဘူး။ အရင်ဆုံး ဘယ်လိုအကျိုးရှိတယ်ဆိုတာကို လက်ခံလာအောင် Engage လုပ်ရမှာပါ။

သင့်လုပ်ငန်းကို ဈေးကွက်ကောင်းမွန်စေဖို့အတွက် ဘာတွေလိုအပ်မလဲ


၎။ Customer Experience ecosystem ကို ပြောင်းလဲပေးပါ

ဒီအချက်ကတော့ အရေးကြီးဆုံးပါပဲ။ ထုတ်ကုန်တစ်ခုဘယ်လောက် innovative ဖြစ်ဖြစ် ၊ ဘယ်လိုပဲ အကျိုးရှိရှိ Customer Experience မကောင်းရင်တော့ Goal မရောက်နိုင်ပါ။

 

ဥပမာပေးရရင် Sony က e-reader စလုပ်တော့ Advance Technology သုံးပြီး လုပ်ဆောင်ပေမယ့် ကျရှုံးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက စာအုပ်ထုတ်တဲ့ ထုတ်ဝေရေး Partner တွေဆီက hardware content တွေ မယူခဲ့လို့ပါ။ Customer တွေအနေနဲ့ Technology သုံးပြီး ဖတ်နိုင်တယ်ဆိုပေမယ့်လည်း Customer Experience မကောင်းတဲ့ အတွက် မသုံးတော့ဘူး။ Amazon က Kindle ဆိုတဲ့ e-reader Device ကို ထွင်ပြန်တယ်။ ၄င်းမှာ Hardware, Software နဲ့ Customer အလွယ်တကူ ၀ယ်ယူလို့ရတော့ လူကြိုက်များပြီး အောင်မြင်ခဲ့တယ်။ Innovative ဖြစ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် Digital Marketing နဲ့ Customer Experience Ecosystem ကို ဟန်ချက်ညီညီ အသုံးချနိုင်မယ် ဆိုရင်တော့ မခက်ခဲတော့ပါဘူး။


Source; Effective

Myanmar Advertising Directory